နာမည်ကျော်ရုပ်သံစီးရီးတစ်ခုဖြစ်တဲ့ Game of Thrones ထဲက နောက်ဆုံးကြွေးကြော်စကားလိုပါပဲ... "Winter is here" ဖြစ်နေပါပြီ။ ဆောင်းရာသီမှာ နွေးနွေးထွေးထွေးဖြစ်အောင် ဝတ်စားဆင်ယင်မှသာ အအေးမိခြင်းမှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အအေးမိပြီဆိုရင် အနွေးထည်ကောင်းကောင်း ဝတ်တတ်ဖို့လိုသလို ခန္ဓာကိုယ်တွင်း နွေးထွေးစေဖို့အတွက် အစားအသောက်တွေကိုလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ဆောင်းရာသီမှာ စားပေးသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

၁။ ကြံသကာ

play
 

ကြံကို အရည်ညှစ်ပြီး သကြားကြိတ်ရာက ထွက်လာတဲ့ အချိုရည်တွေကို ကြံသကာကြိုလို့ရပါတယ်။ ကြံသကာဟာ လူကိုနွေးထွေးစေတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ဗိုက်တာမင်နဲ့ သတ္ထုဓာတ်များစွာ ပါဝင်ပါတယ်။ ဒီတော့ ဆောင်းရာသီမှာ စားသုံးဖို့ရာ အသင့်တော်ဆုံးပါပဲ။ ကြံသကာကို ရေနွေးကြမ်းလေးနဲ့ အချိုတည်းခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ အအေးမိခြင်း၊ ပန်းနာရင်ကြပ်ဖြစ်ခြင်း၊ အစာမကြေခြင်း စတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ အစေ့အဆန်များ

အယ်လ်မွန်စေ့တို့၊ သစ်ကြားစေ့တို့လိုမျိုး အစေ့အဆန်တွေဟာ ဗိုက်တာမင်ပါဝင်မှု မြင့်မားပြီး အားကောင်းတဲ့ anti-oxidant တွေလည်း ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း အိန္ဒိယမုန့်ချိုတွေထဲမှာ အယ်လ်မွန်စေ့တို့၊ ဝက်သစ်ချစေ့တို့၊ သီဟိုဋ္ဌ်စေ့တို့ကို ထည့်သွင်းကြတာ ဖြစ်ပါတယ်။ အယ်လ်မွန်မှုန့်တို့၊ ဝက်သစ်ချစေ့မှုန့်တို့ကို နွားနို့ထဲမှာ ထည့်သောက်လို့လည်း ရပါတယ်။

၃။ ဂျင်းတက်

play
 

ဂျင်းတက်မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဂျင်းတက်ဟာ အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ အဖျားရောဂါနဲ့ အက်ဆစ်လွန်ကဲခြင်း ဝေဒနာတို့ကို ကုစားပေးနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ လက်ဖက်ရည်ကြမ်း (သို့) လက်ဖက်စိမ်းရေနွေးကြမ်း (သို့) ကော်ဖီထဲမှာ ဂျင်းတက်လေးထည့်ပေးပြီး သောက်သုံးနိုင်ပါတယ်။ ဒါဆိုရင် ခန္ဓာကိုယ် အတွင်းထဲက နွေးထွေးစေနိုင်မှာပါ။

၎။ နနွင်းမှုန့်

play
 

နနွင်းမှုန့်မှာ ရောင်ရမ်းခြင်းကို ကာကွယ်နိုင်တဲ့ အစွမ်းရှိပြီး ဆောင်းရာသီလို အအေးဒဏ်လွန်ကဲတဲ့ ရာသီဥတုမျိုးမှာ ခန္ဓာကိုယ်အတွင်းထဲက နွေးထွေးနေအောင် ကုစားပေးနိုင်ပါတယ်။ နနွင်းမှုန့် လက်သည်းတစ်ကော်စာခန့်ကို နွားနို့ထဲမှာ ထည့်သောက်ပေးရုံနဲ့ အကျိုးကျေးဇူးကို အရယူနိုင်ပါတယ်။

 

၅။ စွန်ပလွံသီး

စွန်ပလွံသီးတွေဟာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝတဲ့ စူပါအစားအစာတွေဖြစ်ပြီး ဆောင်းရာသီမှာ စွန်ပလွံသီးစားခြင်းဟာ ခန္ဓာကိုယ်ကို အတွင်းပိုင်းက နွေးထွေးစေပါတယ်။ စွန်ပလွံသီး စားခြင်းဟာ ခန္ဓာကိုယ်စွမ်းအင်တွေကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

၆။ ပျားရည်

play
 

ပျားရည်ဟာ ခန္ဓာကိုယ်အတွက်ကော၊ အသားအရေအတွက်ပါ ကောင်းပါတယ်။ ဂျင်းနဲ့ပျားရည်ကို ရောသောက်လိုက်မယ်ဆိုရင် ဆောင်းရာသီမှာ ခန္ဓာကိုယ်နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ နွားနို့ရယ်၊ ပျားရည်ရယ်၊ နနွင်းမှုန့်ရယ်သာ ရောသောက်လိုက်ရင် အပြင်မှာဘယ်လောက်ပဲအေးအေး... ရင်ထဲမှာတော့ နွေးထွေးနေပြီပေါ့။

၇။ တလည်းသီး

တလည်းသီးပုံပန်းသဏ္ဍာန်က ရုတ်တရက်ကြည့်လိုက်ရင် ဘာလိုလိုပါပဲ။ ဒါပေမယ့် ကျန်းမာရေးအတွက်တော့ အထူးကောင်းမွန် ပါတယ်။ တလည်းသီးထဲမှာ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ကေ၊ ဖိုလိတ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်ပြီး ဆောင်းတွင်းမှာစားဖို့အတွက် အသင့်တော်ဆုံးပါပဲ။

၈။ ကြက်သွန်ဖြူ

play
 

ကြက်သွန်ဖြူဟာ နှလုံးရောဂါ၊ အအေးမိရောဂါ၊ ချောင်းဆိုးခြင်း၊ အစာမကြေခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်တွင်းမှာ အပူဓာတ်ရရှိအောင်လည်း ကူညီပေးနိုင်တဲ့အတွက် ကြက်သွန်ဖြူကို စွပ်ပြုတ်၊ ဟင်းချို၊ ချတ္တနီးဆော့စ်တို့ထဲမှာ ထည့်သွင်းပြီး စားသုံးပေးနိုင်ပါတယ်။ ဒါမှမဟုတ် ပျားရည်နဲ့ရောပြီး စားသုံးပေးရင်လည်း ယောက်ျားအားတိုး စေနိုင်ပါတယ်။

Source: Youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video