ကမ္ဘာပေါ်မှာ လူတွေဟာ အရသာအမျိုးမျိုးကို တီထွင်စားသုံးနေကြပါတယ်။ အာရုံငါးပါးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အရသာအာရုံအတွက် စားသောက်ဖွယ်ရာ အမျိုးမျိုးကို တီထွင်ချက်ပြုတ်ကြပါတယ်။ ဒါပေမယ့် တချို့အစားအစာတွေကတော့ ထူးဆန်းလွန်းလို့ လူမျိုးကွဲ၊ ဘာသာကွဲ၊ ယဉ်ကျေးမှုကွဲသူတို့ရဲ့ အမြင်မှာ အံ့ဖွယ်တနုန်း ဖြစ်နေတတ်ပါတယ်။ အဲဒါတွေကတော့...

၁။ သမင်နှာခေါင်းဂျယ်လီ (ကနေဒါ)

play
 

နှာခေါင်းက တကယ်တော့ လူနှစ်သက်တဲ့ အစားအစာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကနေဒါလူမျိုးတွေကတော့ သမင်ဖိုရဲ့နှာခေါင်းကို စားသုံးကြပါတယ်။ စွန့်စားရတာကို ဝါသနာထုံတဲ့ ကနေဒါလူမျိုးတွေဟာ သမင်ဖိုရဲ့နှာခေါင်းကိုလှီးပြီး ရေနွေးထဲမှာ ကြက်သွန်နီတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ထည့်ပြုတ်ပါတယ်။ ပြီးရင် အမွှေးတွေကို ဖယ်ရှားပြီး ထပ်ပြုတ်ပါတယ်။ ပြီးတော့မှ ပါးပါးလှီးပြီး ဟင်းအနှစ်တစ်မျိုးထဲမှာ ရောကာ ဂျယ်လီအဖြစ် စားသုံးကြပါတယ်။ ကြည့်ရဆိုးပေမယ့် စားလို့တော့ကောင်းပါတယ်တဲ့။

၂။ Boshintang (ခွေးသားစွပ်ပြုတ်) (ကိုရီးယား)

play
 

ဒီကိုရီးယားစွပ်ပြုတ်လေးကတော့ ကြက်သွန်မြိတ်၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ နာမည်ကျော်ပါဝင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ခွေးသားကို ရောပြီးပြုလုပ်ထားတာပါ။ အခုချိန်မှာ လွယ်လင့်တကူ ရှာမရတော့ပေမယ့် လမ်းဘေးဆိုင်လေးတွေမှာတော့ ဝယ်ယူရရှိနိုင်ပြီး စွပ်ပြုတ်ရဲ့အနံ့ထက် အရသာက ပိုထူးခြားတာတော့ သေချာပါတယ်။

၃။ Huitlacoche (မက္ကစီကို)

play
 

ပြောင်းဖူးမှိုဆိုတာ ပုံမှန်ပြောင်းဖူးစေ့တွေကို မဲပြာပြာအစေ့တွေအဖြစ် ပြောင်းလဲသွားစေနိုင်တဲ့ မှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ လူအများစုကတော့ မှိုတက်နေတဲ့ ပြောင်းဖူးကို ချက်ချင်းလွှင့်ပစ် လိုက်ကြမှာပါ။ ဒါပေမယ့် မက္ကစီကန် လူမျိုးတွေအတွက်ကတော့ ပြောင်းဖူးမှိုက အထူးဟင်းလျာပါပဲ။ သူတို့က အဲဒါကို huitlacoche (အိပ်ပျော်နေတဲ့ မစင်) လို့ခေါ်ပြီး မှိုရဲ့ မြေနံ့သင်းသင်းနဲ့ စားကောင်းတဲ့အရသာလေးကို ခံစားကြပါတယ်။

 

၎။ Airag (မွန်ဂိုလီးယား)

play
 

မြင်းနို့ချဉ်တစ်ခွက်လောက် မသောက်ချင်ကြဖူးလား။ မွန်ဂိုလီးယားမှာတော့ မြင်းနို့ချဉ်တိုက်ခြင်းက ရင်းနှီးဖော်ရွေမှုကို ဖော်ပြခြင်းပါပဲ။ သူတို့ဟာ မြင်းနို့ကို အချဉ်ဖောက်ပြီး အယ်လ်ဟိုဟောဓာတ် ပါဝင်လာအောင် အရင်လုပ်ပါတယ်။ ပြီးတော့မှ အရက်ဆက်ဖောက်ပါတယ်။ မြင်းနို့အရက်ကို ဇလုံသဏ္ဍာန် ခွက်တစ်ခွက်ထဲမှာ ထည့်ပြီးသောက်သုံးလေ့ရှိပြီး အကျန်တွေကို ခွက်ကြီးထဲကို ပြန်လောင်းထည့်ရတဲ့ ထုံးစံလည်း ရှိပါသေးတယ်။

၅။ Casu Marzu (အီတလီ)

play
 

"ဒိန်ခဲပုပ်" လို့ လူသိများတဲ့ Casu Marzu ဟာ Pecorino လို့ခေါ်တဲ့ အီတလီဒိန်ခဲအမာတစ်မျိုးမှ ပြုလုပ်ထားတာပါ။ အီတလီဒိန်ခဲ ပုပ်သွားတဲ့အခါ ဒိန်ခဲမှာလာနားတဲ့ ယင်ကောင်ဥတွေဟာ ဒိန်ခဲထဲမှာ ဥပေါက်ပြီး ဒိန်ခဲထဲက အဆီတွေကို စားပစ်ပါတယ်။ ရလဒ်အနေနဲ့ စပ်ဖျင်းဖျင်းအရသာနဲ့ ဒိန်ခဲပုပ်တစ်မျိုးကို ရရှိမှာဖြစ်ပြီး လောက်တွေကို ဖယ်ရှားပြီးဖြစ်စေ၊ မဖယ်ရှားပဲဖြစ်စေ စားသုံးနိုင်ပါတယ်။

Source: Roughguide

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video