ကော်ဖီချစ်သူတွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။ အခုဆိုရင် ကော်ဖီကို ပုံစံသစ်နဲ့ သောက်သုံးနိုင်ပါပြီ။ ကော်ဖီမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါဝင်တယ် ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတချို့လည်း ရှိပါသေးတယ်။ ကော်ဖီကို နှစ်ရှည်လများ စွဲပြီးသောက်သုံးမယ်ဆိုရင် သွားမှာကော်ဖီ ဂျိုးတက်ခြင်းလို ပြဿနာမျိုး ရှိနိုင်ပါတယ်။

ဒီလိုပြဿနာတွေကို ရှောင်ရှားဖို့ အသင့်သောက်သုံးနိုင်ပြီး ကယ်လိုရီလည်း နည်းတဲ့ ကဖင်းဓာတ်အားဖြည့် အရည်တစ်မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ ကော်ဖီအကြည် (clear coffee) ကို သောက်သုံးနိုင်ပါတယ်။ David Nagy ဆိုတဲ့ လူတစ်ယောက်နဲ့ သူ့ညီတစ်ဦး ပေါင်းစပ်ဖန်တီးခဲ့တာပါ။ ကော်ဖီအကြည်ပုလင်း ပုံစံဟာ သာမန်ရေပုလင်းနဲ့ ဆင်ပါတယ်။

အရောင်အဆင်းကင်းတဲ့ ကော်ဖီကို ဘာလို့လိုအပ်သလဲ

play
 

Nagy နဲ့ သူ့ညီဟာ ကော်ဖီကို အလွန်အကျွံသောက်သုံးသူတွေဖြစ်ပြီး ငယ်ငယ်လေးတည်းက ကော်ဖီကို နှစ်သက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ကော်ဖီကို ပုံမှန်သောက်သုံးရာက ဖြစ်လာတဲ့ သွားအရောင်ပြောင်းခြင်းကြောင့် သူတို့ဟာ ဘေးထွက်ဆိုးကျိုးကင်းတဲ့ ကဖင်းဓာတ် အားဖြည့်ရည်တစ်မျိုးကို လိုအပ်လာခဲ့ပါတယ်။

 

ဒါပေမယ့် ဈေးကွက်ထဲမှာတော့ သူတို့လိုချင်တဲ့ ပစ္စည်းမျိုး မရှိသေးတဲ့အတွက် သူတို့ကိုယ်တိုင်လည်း ဖန်တီးပြုလုပ်ဖို့ လိုအပ်လာပါတယ်။ ဒီလိုနဲ့ Nagy ညီအစ်ကိုနှစ်ယောက်ဟာ အသင့်သောက်သုံးနိုင်တဲ့ ကဖင်းဓာတ် အားဖြည့်ရည်အကြည် တစ်မျိုးကို ဖန်တီးဖို့ အားထုတ်လာခဲ့ကြပါတယ်။

ဓာတုပစ္စည်းတွေ မပါဝင်ဘူး

play

Nagy ညီအစ်ကိုတွေဟာ ပုံမှန်ကော်ဖီတစ်ခွက်ကို ဓာတုပစ္စည်း လုံးဝမထည့်ဘဲ အဖျော်ယမကာ အကြည်တစ်မျိုးအဖြစ် ဖန်တီးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ သူတို့ဟာ လတ်လတ်ဆတ်ဆတ် လှော်ထားတဲ့ အကောင်းစားအာရပ် ကော်ဖီစေ့တွေကို အသုံးပြုခဲ့တဲ့အတွက် အရည်အသွေးကတော့ လုံးဝစိတ်ချရပါတယ်။ သူတို့ရဲ့ထုတ်ကုန်ပစ္စည်းထဲမှာ ဓာတုပစ္စည်းတွေ၊ အရသာမှုန့်တွေ၊ သကြားတွေ၊ နို့မှုန့်တွေ ဘာမှမပါဝင်ဘူးလို့လည်း Nagy က ဆိုပါတယ်။

ဒါကြောင့် ကော်ဖီအကြည်ဆိုတာ ဘာဓာတုပစ္စည်း၊ ဘာကယ်လိုရီမှ မပါဝင်တဲ့ အရောင်လေးပဲ ပြောင်းသွားတဲ့ ကော်ဖီတစ်ခွက်ပါပဲ။ ဒီနည်းလမ်းကို တွေ့ရှိဖို့ Nagy ညီအစ်ကိုနှစ်ယောက် တစ်နှစ်ကျော်လောက် အသည်းအသန် ကြိုးစားခဲ့ရပါတယ်။ ထုတ်လုပ်ပုံ အဆင့်ဆင့်ကတော့ လျှို့ဝှက်ချက်ပါပဲလို့လည်း Nagy က ဆိုပါတယ်။

play

 

ကော်ဖီအကြည်ရဲ့ အရသာနဲ့ ကော်ဖီပြင်းအားကလည်း Nagy ညီအစ်ကိုအတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ ကော်ဖီအကြည်မှာသုံးမယ့် ကော်ဖီစေ့တွေကို Czech ပြည်သူ့သမ္မတနိုင်ငံက တင်သွင်းခဲ့ပါတယ်။ ဒါကြောင့် အရည်အသွေး ပိုင်းမှာတော့ လုံးဝစိတ်ချရတယ်လို့ ဆိုနိုင်ပါတယ်။ ကော်ဖီအကြည်ထဲမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ double espresso တစ်ခွက် (သို့) French press တစ်ခွက်နဲ့ ညီမျှပါတယ်။ Nagy ညီအစ်ကိုကတော့ ကော်ဖီအကြည်ကို အအေးခံပြီးမှ သောက်သုံးဖို့ တိုက်တွန်းထားပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video