ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ သနပ်တို့၊ ဆားရည်စိမ်တို့ကို သိပ်ကြိုက်ကြတာပါ။ သရက်သီးသနပ်၊ သံပုရာသီးသနပ်၊ သီးစုံသနပ်စတဲ့ သနပ်တွေကို ထမင်းနဲ့တွဲဖက် စားသုံးကြသလို ဒညင်းသီးဆားရေစိမ်၊ သခွားသီးဆားရေစိမ် စတဲ့တို့စရာတွေကိုလည်း ငါးပိရည်နဲ့ တွဲဖက်ပြီး ထမင်းနဲ့ရောစားတတ်ကြပါတယ်။

play

 

ယနေ့ဖော်ပြပေးမှာကတော့ ကိုရီးယားစတိုင်လ် ပန်းမုန်လာသနပ် ပြုလုပ်နည်းလေးပဲ ဖြစ်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူပြီး ပါဝင်ပစ္စည်းလည်း အလွန်နည်းပါးတဲ့အတွက် လွယ်လွယ်ကူကူနဲ့ စားမြိန်တဲ့ အစားအစာလေး တစ်နပ်ဖြစ်မှာပါ။

ပြုလုပ်နည်း

 

ပါဝင်ပစ္စည်းတွေကတော့ ပန်းမုန်လာ (၇၀၀) ဂရမ်ခန့်၊ ဆား၊ သကြား၊ ရှာလကာရည်နဲ့ ရေတို့ ဖြစ်ပါတယ်။ အရင်ဆုံး သနပ်ထဲမှာထည့်မယ့် အရည်ကို ဦးစွာပြုလုပ်ရမှာ ဖြစ်ပါတယ်။ ရေငါးခွက်ရယ်၊ ဆား (၁/၄) ခွက်ရယ်၊ သကြား (၁/၄) ခွက်ရယ်၊ ရှာလကာရည် ခွက်ဝက်ခန့်ရယ်တို့ကို အိုးတစ်လုံးထဲထည့်ပြီး ဆူပွက်အောင် ကြိုချက်လိုက်ပါ။

play

 

ပြီးရင် ပန်းမုန်လာဖတ်လေးတွေကို တစ်တုံးစီဖြစ်အောင် ပန်းမုန်လာပွင့်ကနေ လှီးထုတ်လိုက်ပါ။ ရလာတဲ့ ပန်းမုန်လာဖတ် လေးတွေကို ဓားတစ်ချောင်းနဲ့ တစ်ကိုက်စာအတုံးလေးတွေဖြစ်အောင် ပြန်လှီးဖြတ်လိုက်ပါ။ (အောက်ဘက်က မာနေတဲ့ အပိုင်းတွေကိုတော့ ဖယ်ထုတ်လိုက်ပေါ့။) ပြီးရင်တော့ ပန်းမုန်လာဖတ်တွေကို ရေစင်အောင်ဆေးပြီး ဇကာတစ်လုံးထဲမှာ ရေစစ်ထားလိုက်ပါ။ ပန်းမုန်လာ ဖတ်လေးတွေ ထည့်ထားတဲ့ ဇကာကို အဖုံးဖွင့်ထားတဲ့ ပန်းကန်လုံးတစ်လုံးပေါ်မှာ တင်ထားလိုက်ပါ။

ခုနက ကြိုထားတဲ့ အရည်လည်း ဆူပွက်လောက်ပြီဆိုတော့ ပန်းမုန်လာဖတ်လေးတွေ ထည့်ထားတဲ့ ဇကာကတဆင့် ပန်းကန်လုံးထဲကို ဖြည်းဖြည်းချင်းလောင်းထည့်လိုက်ပါ။ အရည်ပူပူဟာ ပန်းမုန်လာဖတ်တွေကြားကို စီးဝင်သွားပြီး ပန်းကန်လုံးအောက်ခြေမှာ အထိုင်ချနေပါလိမ့်မယ်။ ဆားရည်စိုပြီးသား ပန်းမုန်လာဖတ်တွေကို ရေအေးအေးထဲမှာ တစ်ထပ်ပြန်ဆေးလိုက်ပါ။ ဒါမှသာ အစိမ်းရောင်လေးသမ်းနေပြီး လတ်ဆတ်နေမှာပါ။

 

ပန်းမုန်လာဖတ်တွေကိုတော့ ဖန်ခရားတစ်လုံးထဲမှာထည့်ပြီး ခုနက ဆားရည်တွေ အေးသည်အထိ စောင့်ပေးလိုက်ပါ။ ဆားရည် အေးသွားပြီဆိုရင်တော့ ဖန်ခရားထဲကို ပြောင်းထည့်ပြီး အဖုံးကို လုံအောင်ပိတ်ထားပေးလိုက်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားနိုင်ပါပြီ။ ဒီပန်းမုန်လာသနပ်လေးကို မိမိနှစ်သက်ရာ ထမင်း၊ ခေါက်ဆွဲ စတာတွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်နော်။

Source: maangchi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video