ဘယ်သွားတိုက်ဆေးသုံးသုံး သွားတွေက ဖြူမလာဘူး။ ဝါနေတဲ့ သွားတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လျော့ကျတာတော့ အမှန်ပဲ။ သွားဝါစေတဲ့ အကြောင်းရင်းတွေထဲမှာ ကိုယ်စားနေတဲ့ အစားအသောက်တွေက အဓိကကဏ္ဍကနေ ပါဝင်နေလေ့ရှိပါတယ်။ ဒါတွေကို ကြိုက်ရင်တော့ သွားတွေက ဝါနေဦးမှာပါပဲ။

၁။ သံပရာသီး

play
 

သံပရာသီး/သံပရိုသီးကို အကွင်းလိုက်လေးလှီးပြီး ရေထဲစိမ်သောက်နေတာလား။ အသီးမှာပါတဲ့ citrus ကြောင့် သွားကြွေလွှာကို ပျက်စီးစေပါတယ်။ အပေါ်ယံကြွေလွှာကို အက်ဆစ်ဓာတ်က တိုက်စားပြီး အောက်က အဝါရောင်တစ်ရှုးတွေပေါ်လာပြီး သွားဝါပါတယ်။

 

၂။ ဝိုင်နီ

play
 

ဝိုင်နီမှာပါဝင်တဲ့ tannin က သွားတွေကို စွန်းထင်းစေပါတယ်။ ဝိုင်နီကြိုက်တဲ့လူတွေရဲ့ သွားတွေက ဖြူနေတာ ရှားတယ်။

၃။ လက်ဖက်ရည်

play
 

လက်ဖက်ရည်ဆို ဆိုင်ဖျော်ပဲသောက်သောက် ၊ အသင့်ဖျော်အထုပ်ပဲသောက်သောက် နှစ်မျိုးလုံးက သွားဝါစေပါတယ်။ ကော်ဖီသောက်ရင် သွားဝါတာထက် လက်ဖက်ရည်ကြောင့်က ပိုပြီးတော့ဝါတယ်။ Tannin ကြောင့်ပါပဲ။ လက်ဖက်ရည် ကျလေလေ သွားဝါတာ မြန်လေလေပါပဲ။

၎။ ချယ်ရီ

play
 

သစ်သီးဖျော်ရည်တစ်ခွက်ကြောင့် သွားတွေ အရောင်ပြောင်းရတယ်ဆိုတာ ဖြစ်သင့်သလား။ ဟုတ်တယ်။ တကယ်ပဲ ဖြစ်သွားနိုင်ပါတယ်။ ချယ်ရီသီးက ရောင်ခြယ်ပစ္စည်းများများပါဝင်လို့ သွားကိုဝါသွားစေပါလိမ့်မယ်။ ချယ်ရီသီးကြိုက်ရင် လျှော့စားပါ။

Source : Cosmo

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video