AD
AD
AD

သင်ဟာ ဘာဂါကြိုက်နှစ်သက်သူတစ်ဦး ဖြစ်ပါသလား။ ဒါဆိုရင် ဟမ်ဘာဂါ ဘယ်နှမျိုးလောက်ကိုကော စားဖူးပါသလဲ။ ကမ္ဘာပေါ်မှာ ဘာဂါတွေကို ပြုလုပ်ပုံအဆင့်ဆင့်နဲ့ ပါဝင်ပစ္စည်းတွေအပေါ်မူတည်ပြီး အမျိုးအစား အမျိုးမျိုးခွဲခြား ထားကြပါတယ်။ ဒီနေ့မှာတော့ အဓိကပါဝင်တဲ့ အသားအမျိုးအစားအပေါ် မူတည်ပြီး ထင်ရှားတဲ့ ဘာဂါအမျိုးအစား (၅) မျိုးကို ဖော်ပြပေးသွားမှာပါနော်။

၁။ အမဲသားဘာဂါ

play
 

စစ္မွန္တဲ့ ဟမ္ဘာဂါဆိုတာ အမဲသားဘာဂါပါပဲ။ အမဲသားဘာဂါမှာလည်း ပုံမှန်အမဲသားကြိတ်သား၊ အမဲခါးဆစ်သား၊ မိုးခိုသား စသည်ဖြင့် အမျိုးမျိုးကွဲပြားပါသေးတယ်။ ပုံမှန်အမဲသားကြိတ်သားမှာ အဆီ (၂၅) ကနေ (၃၀) ရာခိုင်နှုန်းလောက်အထိ ပါဝင်တာကြောင့်လည်း  အမဲသားဘာဂါတွေဟာ အရသာအရှိဆုံး ဘာဂါတွေ ဖြစ်နေတတ်ပါတယ်။

၂။ ကြက်ဆင်သားဘာဂါ

play
 

ကြက်ဆင်သားကို ကျေးဇူးတော်နေ့မှ စားကြတာမဟုတ်ပါဘူး။ ကြက်ဆင်သားဘာဂါဟာ တခြားဘာဂါတွေထက် ကျန်းမာရေးနဲ့ ကိုက်ညီပြီး တခြားဘာဂါတွေလောက် ပြင်းရှတဲ့အရသာမရှိတာကြောင့်လည်း ပါဝင်ပစ္စည်းအမျိုးမျိုးရောနှောပြီး ဘာဂါကောင်း တစ်လုံးဖြစ်အောင် ဖန်တီးနိုင်ပါတယ်။

၃။ သမင်သားဘာဂါ

play
 

သမင်သားဘာဂါဆိုပေမယ့် သမင်သားဘာဂါမှာ သမင်သားကြိတ်သား ၇၅ ရာခိုင်နှုန်းခန့်ကို အမဲသားကြိတ်သား ၂၅ ရာခိုင်နှုန်းခန့်နဲ့ ရောနှောထားတာပါ။ အဲ့လိုရောနှောထားတာကြောင့်လည်း သမင်သားဘာဂါဟာ အလွန်အရသာရှိတဲ့ ဘာဂါအမျိုးအစားတစ်မျိုး ဖြစ်နေတာပါ။

 

၎။ ဆယ်လ်မွန်ငါးဘာဂါ

play
 

ဆယ်လ်မွန်ငါးဟာ အလွန်အရသာရှိပြီး လတ်လတ်ဆတ်ဆတ် ဈေးမှာဝယ်ယူနိုင်တာကြောင့် အိမ်မှာ အလွယ်တကူလုပ်နိုင်တဲ့ ဘာဂါအမျိုးအစားပဲ ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးကို သံပုရာသီးညှစ်ခြင်း၊ မီးခိုးကြပ်တိုက်ခြင်း၊ အပူပေးခြင်း စတဲ့နည်းအမျိုးမျိုးနဲ့ ဘာဂါထဲထည့်သွင်းကာ လတ်ဆတ်တဲ့ အရွက်များရောနှောပြီး ဘာဂါကောင်းတစ်လုံးကို အိမ်မှာပဲဖန်တီးနိုင်ပါတယ်။

၅။ သက်သတ်လွတ်ဘာဂါ

play
 

သက်သတ်လွတ်စားတဲ့ ဘာဂါချစ်သူများအတွက်တော့ အသီးအရွက်ဘာဂါနဲ့ ပဲဘာဂါတို့ဟာ ကောင်းမွန်တဲ့ရွေးချယ်မှုပါ။ မှန်ကန်တဲ့ပါဝင်ပစ္စည်းကိုရောစပ်နိုင်ရင် ပဲဘာဂါဟာလည်း အမဲသားဘာဂါနဲ့ မခြားတဲ့ ထူးခြားတဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။

၆။ ကြက်သားဘာဂါ

play
 

နာမည်ကျော်ကြက်ကြော်ဆိုင်တိုင်းလိုလို ကြက်သားဘာဂါကို ထည့်သွင်းရောင်းချကြပါတယ်။ ကြက်ကြော်အသားလွှာကို ပေါင်မုန့်နှစ်ချပ်ကြားမှာ မရိုးနိစ်၊ အသီးအရွက်၊ ချိစ်တို့နဲ့ရောညှပ်ပြီး ပြုလုပ်ထားတာပါ။ ဘာပဲပြောပြော ကြက်သားဘာဂါဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဘာဂါတစ်မျိုး ဖြစ်နေဆဲပါပဲ။

Source : SpicesInc

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD