ဂဏန်းပျော့၊ ဂဏန်းမဆလာ၊ ဂဏန်းချဉ်စပ်စတဲ့ ဂဏန်းဟင်းလျာတွေဟာ ယနေ့ခေတ်မှာ လူကြိုက်များတဲ့ ပင်လယ်စာ ဟင်းလျာတွေ ဖြစ်လာပါတယ်။ ညနေရုံးဆင်းချိန်မှာ ဂဏန်းမဆလာလေးနဲ့ ထမင်းပူပူလေးနဲ့ ဆွဲလိုက်ရရင် ဆွေမျိုးတင်မက ချစ်သူကိုတောင် မေ့ချင်သလိုလိုပါပဲ။ ပင်လယ်စာချစ်သူများအတွက် ဂဏန်းစားခြင်းဖြင့် ရရှိမယ့် ကျန်မာရေးအတွက် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဂဏန်းမှာ အသားဓာတ်အများကြီး ပါဝင်ပါတယ်

play
 

ဂဏန်းတစ်ကောင်မှာ အသားနည်းနည်းလေးပဲပါတယ်ဆိုပေမယ့် အသားဓာတ်က ပေါကြွယ်ဝလှပါတယ်။ အဲဒီအသားဓာတ်ကလည်း အရည်အသွေးမြင့်မားပြီး အမဲသား၊ဆိတ်သားတို့လို အကြောတွေမပါဝင်တဲ့အတွက် အစာကြေလွယ်ပြီး အသက်အရွယ်မရွေး စားသုံးနိုင်ပါတယ်။

၂။ ဂဏန်းမှာ အိုမီဂါသရီး ပါဝင်ပါတယ်

ဂဏန်းမှာ ဗီတာမင်နဲ့သတ္တုဓာတ် များစွာပါဝင်ပြီး အဆီဓာတ်နည်းကာ အိုမီဂါသရီးပါဝင်ပါတယ်။ ပါဝင်တဲ့ အိုမီဂါသရီးဟာလည်း အသီးအနှံတွေ၊ ဆီတွေမှာ ပါဝင်တတ်တဲ့ သာမန်အိုမီဂါသရီး မဟုတ်ဘဲ long-chain Omega 3 ဖြစ်တာကြောင့် ကျန်မာရေးကို အထူးအထောက်အကူပြုပြီး စိတ်လှုပ်ရှားမှု ပြင်းထန်ခြင်းကိုလည်း တားဆီးပေးပါတယ်။ ဂဏန်း (၁၀၀) ဂရမ်မှာ တစ်နေ့တာ လိုအပ်တဲ့ အိုမီဂါသရီးဓာတ် သုံးပုံတစ်ပုံ ပါဝင်တယ်လို့လည်း ဆိုကြပါတယ်။

 

၃။ ဆယ်လီနီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်

play
 

ဆယ်လီနီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ခုခံအားစနစ်မှာ အရေးပါတဲ့နေရာမှာပါဝင်ပြီး ဆဲလ်တွေ၊တီရှုးတွေကို ထိခိုက်ခြင်းမှ အကာအကွယ် ပေးပါတယ်။ ဆယ်လီနီယမ်ဟာ thyroid hormone ဖွဲ့စည်းခြင်းနဲ့ မျိုးပွားစနစ်ကိုလည်း အထောက်အကူ ပြုပါသေးတယ်။ ဂဏန်းမှာ ပါဝင်တဲ့ ဆယ်လီနီယမ် ပမာဏဟာ အမဲသားမှာပါဝင်တာထက် ၁၂ဆတောင်ပိုများပါတယ်တဲ့။

၎။ ဗီတာမင်ဘီတူး (B2) ကြွယ်ဝပါတယ်

ဗီတာမင်ဘီတူးဟာ သွေးနီဥတွေ ထုတ်လွှတ်ဖို့အတွက် အရေးပါပြီး၊ အရေပြား၊ မျက်လုံးနဲ့ အာရုံကြောတွေအတွက် လိုအပ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုယ်လက်လှုပ်ရှားသူနဲ့ အားကစားသမားတွေ အတွက်လည်း များများလိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။

၅။ ကြေးနီဓာတ်နဲ့ ဖော့စ်ဖရတ်စ်ဓာတ်တွေ ပါဝင်တယ်

play
 

ကြေးနီဓာတ်ဟာ သွေးနီဥ ဖွဲ့စည်းတည်ဆောက်ပုံအတွက် အရေးပါပါတယ်။ ဒါ့အပြင် အရိုးတွေ၊ အာရုံကြောတွေရဲ့ ကျန်းမာရေးကိုလည်း စောင့်ရှောက်ပါသေးတယ်။ ဖော့စ်ဖရတ်စ်ဓာတ်ကတော့ ကျောက်ကပ်လုပ်ငန်းစဉ်များ၊ နှလုံးကြွက်သား လုပ်ငန်းစဉ်များနဲ့ အစာခြေစနစ်ရဲ့ လုပ်ငန်းစဉ်များမှာ ပါဝင်ကူညီပေးပါတယ်။ ဂဏန်းစားပေးမယ်ဆိုရင် ဒီအကျိုးကျေးဇူး တွေကိုလည်း ရရှိစေနိုင်မှာပါ။

Source : SalcombeFinest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video