AD
AD
AD

အမဲသားဟာ အသားနီအမျိုးအစားထဲမှာပါပြီး နို့တိုက်သတ္တဝါတစ်မျိုးဖြစ်တဲ့ နွားရဲ့အသားကို ခေါ်တာဖြစ်ပါတယ်။ အမဲသားဟာ ကြက်သားနဲ့ငါးထက် သံဓာတ်ပိုမို ကြွယ်ဝပါတယ်။ ဒါကြောင့် သွေးအားနည်းတတ်သူတွေနဲ့ အမျိုးသမီးတွေအတွက် အထူးသင့်လျော်ပါတယ်။

play

 

အမဲသားကို ယေဘုယျအားဖြင့် ကင်စား၊ ကြော်စားကြတာများပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အမဲသားကို မုန်လာဥနဲ့ရောပြီး စွပ်ပြုတ်လေး လုပ်စားကြရအောင်။ အမဲသားက သံဓာတ်အားဖြည့်ပေးချိန်မှာ မုန်လာဥအဖြူက အမျှင်ဓာတ်နဲ့ ဗိုက်တာမင် ဓာတ်တွေကို ဖြည့်ဆည်းပေးမှာ ဖြစ်တဲ့အတွက် ပြည့်စုံကြွယ်ဝတဲ့ ဟင်းလျာလေးကို ရရှိနိုင်ပြီပေါ့။

play

 

ကိုရီးယားမှာတော့ အမဲသားမုန်လာဥစွပ်ပြုတ်ဟာ အလွန်ထင်ရှားပါတယ်။ စွပ်ပြုတ်ချိုလေး ဖြစ်တဲ့အတွက် ကလေးပေါက်စလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ နောက်ပြီး အိမ်ကို ညကြီးအချိန်မတော် ဧည့်သည်ရောက်လာလို့ အမြန်ချက်ကျွေးရမယ်ဆိုရင်လည်း အဆင်ပြေတဲ့ ဟင်းချိုလေးပါ။ ထမင်းဖြူလေး တစ်ပန်းကန်လောက် ရှိရုံနဲ့ လွယ်ကူလျင်မြန်တဲ့ ညစာတစ်နပ်ဖြစ်သွားပြီပေါ့။

 

ပါဝင်ပစ္စည်းများ

play
 

အတုံးသေးသေးလေးတွေဖြစ်အောင် လှီးထားတဲ့ အမဲရင်အုံသား ပေါင်ဝက်ခန့်၊ မုန်လာဥအဖြူ ပေါင်ဝက်ခန့်၊ ကြက်သွန်မြိတ် (၂) ပင်ခန့်၊ ကြက်သွန်ဖြူ (၄) လုံးခန့်၊ ငံပြာရည်တစ်ဇွန်း၊ စားပွဲတင်ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်၊ ရေ (၇) ခွက်ခန့်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး မုန်လာဥအဖြူကို တစ်လက်မခွဲပတ်လည် တစ်ကိုက်စာအရွယ် အတုံးလေးတွေဖြစ်အောင် ပါးပါးလှီးလိုက်ပါ။ ပြီးရင် မုန်လာဥအဖြူကို အိုးတစ်လုံးထဲမှာ ရေနွေးနဲ့ ထည့်ပြုတ်လိုက်ပါ။ အပူချိန်ကိုတော့ medium high မှာထားပြီး (၁၅) မိနစ်ခန့် အဖုံးအုပ်ပြီး ပြုတ်ထားလိုက်ပါ။

play

 

(၁၅) မိနစ်ပြည့်ရင်တော့ မုန်လာဥဟင်းချိုထဲကို အမဲသားနဲ့ ကြက်သွန်ဖြူကို ထည့်လိုက်ပါ။ အပူချိန်ကိုတော့ medium ထိ ထပ်မံလျှော့ချလိုက်ပြီး (၂၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ငံပြာရည်၊ ဆားနဲ့ ကြက်သွန်မြိတ်ကို နုတ်နုတ်စင်းထားတာကိုလည်း ရောထည့်ပေးလိုက်ပါ။ နောက်ထပ် (၅) မိနစ်ကြာရင်တော့ မီးပိတ်နိုင်ပါပြီ။ ဒါဆိုရင်တော့ အမဲသားမုန်လာဥ ဟင်းချိုလေး ကျက်သွားပြီဆိုတော့ ဇလုံ (ပန်းကန်ကြီး) တစ်လုံးထဲမှာထည့်ပြီး ထမင်းဖြူ၊ ကင်ချီတို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Maangchi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD