လေယာဉ်စီးတယ်ဆိုတာ အပျော်ခရီးထွက်တာ မဟုတ်ပါဘူး။ လေယာဉ်ပေါ်မှာကျွေးတဲ့ အစားအသောက်တွေကလည်း ကြယ်ငါးပွင့်ဟိုတယ်မှာ တက်စားရသလောက်တော့ လတ်ဆတ်ကောင်းမွန်မှာ မဟုတ်ပါဘူး။ အသင့်ပြုလုပ်ထုပ်ပိုးထားတဲ့ အစားအသောက်တွေကိုလည်း စားရမှာဖြစ်တဲ့အတွက် လေယာဉ်ပေါ်မှာကျွေးတဲ့ အစားအသောက်တွေကို စိတ်တိုင်းမကျတာ ရှိနိုင်ပါတယ်။

play

 

နောက်ပြီး တချို့ဘတ်ဂျက်လေကြောင်းလိုင်းတွေဆို အစားအသောက်ညံ့တဲ့အပြင် ပမာဏကလည်း နည်းပါသေးတယ်။ လေယာဉ်ပေါ်မှာ ထိုင်နေရင်း အစားအသောက် ကောင်းကောင်းကို လတ်လတ်ဆတ်ဆတ် စားချင်သူတွေအတွက် အင်ဒိုနီးရှားနိုင်ငံမှာ စားသောက်ဆိုင်တစ်ဆိုင် ပေါ်ပေါက်လာပါပြီ။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းပေါ်က Keramas Aero Park ဆိုတဲ့ စားသောက်ဆိုင်ဟာ လေထဲမှာတည်ဆောက်ထားပြီး စားသုံးသူတွေ နေ့လည်စာ (သို့) ညစာစားနေရင်း ပတ်ဝန်းကျင် ကမ်းခြေတွေ၊ လယ်ကွင်းတွေရဲ့ အလှအပကို ကြည့်ရှုနိုင်အောင် ဖန်တီးပေးထားပါတယ်။ တကယ်တော့ ဒီစားသောက်ဆိုင်ဟာ ဘိုးရင်းလေယာဉ်ကြီးတစ်စင်းကို ပုံပြောင်းပြီး ပြုလုပ်ဖန်တီးထားတာပါ။

play

 

စားသောက်ဆိုင်မှာ အပြင်ဘက်ထွက်ပြီး ညစာစားလို့ရအောင်လည်း ဖန်တီးပေးထားပြီး ရိုးရာဂျာဗား ကျွန်းစတိုင်လ် တဲလေးတွေ၊ အရက်ဘားတွေအပြင် ဂီတဖျော်ဖြေပွဲလုပ်ဖို့အတွက် စင်မြင့်တစ်ခုလည်း ရှိပါသေးတယ်။ စားသောက်ဆိုင်ရဲ့ အဓိကအစိတ်အပိုင်းကို ဘိုးရင်း ၇၃၇-၄၀၀ စီးရီးထဲက လေယာဉ်တစ်စင်းနဲ့ ပြုလုပ်ထားပါတယ်။ အဲဒီလေယာဉ်ကို Juanda အပြည်ပြည်ဆိုင်ရာလေဆိပ်က ဝယ်ယူထားတာပါ။

 

အလေးချိန် (၃၃) တန်လေးပြီး ခရီးသည်အယောက် (၂၀၀) လောက်ဆန့်တဲ့ လေယာဉ်ကို စားသောက်ဆိုင်အဖြစ် ပြောင်းလဲဖန်တီးဖို့ လေဆိပ်ကနေ လက်ရှိနေရာကို သုံးပိုင်းဖြတ်ပြီး သယ်ဆောင်လာရတာပါ။ ပြုလုပ်ပြောင်းလဲမှု နည်းနည်းလုပ်ပြီး ဆေးပြန်သုတ်လိုက်တော့ လေယာဉ်ကနေ စားသောက်ဆိုင် ဖြစ်သွားတော့တာပေါ့။ Keramas Aero Park စားသောက်ဆိုင်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

play

စားသောက်ဆိုင်ကို ဝင်မယ်ဆိုရင် လေယာဉ်ပေါ်တက်သလို boarding pass ကို လက်ခံရယူရမှာဖြစ်ပြီး လေယာဉ်လှေကားထစ် တွေကနေပဲတက်ပြီး လေယာဉ်ထဲကို ဝင်ရမှာပါ။ အထဲမှာ လေယာဉ်မယ်လေးတွေလို ဝတ်ဆင်ထားတဲ့ စားပွဲထိုးမလေးတွေက စားပွဲရှိရာကို ခေါ်ဆောင်သွားမှာပါ။

play

 

နေ့လည်စာ (သို့) ညစာ စားပြီးပြီဆိုရင်လည်း လေယာဉ်ခေါင်းခန်းထဲသွားပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။ ဒါမှမဟုတ် အပြင်ထွက်ပြီး လေယာဉ်တောင်ပံတွေပေါ် တက်ပြီးလည်း ဓာတ်ပုံရိုက်နိုင်ပါတယ်။ ဒါပေမယ့် မရိုက်ခင် ဆိုင်ရှင်ကို ခွင့်တောင်းဖို့တော့ လိုပါလိမ့်မယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video