AD
AD
AD

ဆောင်းတွင်းဝင်လာပြီ ဖြစ်တဲ့အတွက် မိုးနဲ့ဆောင်း ရာသီဥတု အကူးအပြောင်းမှာ အအေးမိတုပ်ကွေး ဝေဒနာခံစားနေရသူတွေ ရှိနိုင်ပါတယ်။ အအေးမိတုပ်ကွေး ဖြစ်ပြီဆိုရင် နှာရည်တယိုယိုနဲ့၊ ချောင်းတဟွတ်ဟွတ်နဲ့ ခေါင်းကလည်းကိုက်သေးနဲ့... တော်တော်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကမ္ဘာတဝှမ်းလုံးမှာတော့ အအေးမိတုပ်ကွေး ဖြစ်ပြီဆိုရင် ဖြေရှင်းနိုင်တဲ့ ရိုးရာ အစားအစာလေးတွေ ရှိပါတယ်။ အဲဒါတွေကတော့...

၁။ ပုတ်သင်ညိုစွပ်ပြုတ် (တရုတ်)

play
 

ပုတ်သင်ညိုစွပ်ပြုတ်ကတော့ တရုတ်လူမျိုးတွေအတွက်တော့ ကြက်သားစွပ်ပြုတ်လိုပါပဲ။ ပရိုတိန်းဓာတ်ကြွယ်ဝပြီး နွေးထွေးတဲ့ တရုတ်ရိုးရာစွပ်ပြုတ်လေးဟာ အာဟာရပြည့်ဝ စေရုံသာမက ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် အအေးမိပြီး လည်ချောင်းနာနေတယ် ဆိုရင်ပေါ့။

၂။ ရမ်သံပုရာ (ဂျမေကာ)

play
 

နှစ်ချို့ရမ်နဲ့ သံပုရာရည်ကို ရောသောက်တာက ချွေးပေါက်တွေကို ပွင့်ထွက်သွားစေနိုင်ပြီး အအေးမိဝေဒနာရှင်တွေအတွက် ယူပစ်သလို ပျောက်ကင်းစေနိုင်တယ်လို့ ဂျမေကာနိုင်ငံမှာတော့ ယုံကြည်ကြပါတယ်။ သံပုရာရည်က ဗိုက်တာမင်စီ ကြွယ်ဝတဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်တဲ့အတွက် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။

၃။ ကြက်သွန်ဖြူလက်ဖက်ရည် (စပိန်)

play
 

စပိန်လူမျိုးတွေကတော့ အအေးမိပြီဆိုရင် ကြက်သွန်ဖြူလက်ဖက်ရည် တစ်ခွက်လောက်သောက်ရင် ပျောက်တယ်လို့ ယုံကြည်ကြပါတယ်။ ကြက်သွန်ဖြူလက်ဖက်ရည်ဟာ စပိန်မှာသာမက လက်တင်အမေရိက နိုင်ငံတော်တော်များများမှာပါ သုံးစွဲကြတဲ့ အအေးမိပျောက်ဆေး တစ်ခွက်ဖြစ်ပါတယ်။

ကြက်သွန်ဖြူလက်ဖက်ရည်ထဲမှာ ကြက်သွန်ဖြူရယ်၊ lemon tea ရယ်၊ ပျားရည်ရယ်ကို ပေါင်းစပ်ထားတာပါ။ ကြက်သွန်ဖြူဟာ antioxidant တစ်မျိုးဖြစ်သလို သဘာဝရင်ကြပ် ပျောက်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ ပျားရည်ကတော့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့ တာဝန်ယူနိုင်ပါတယ်။ သံပုရာရည်ကတော့ ခံတွင်းရှင်းစေတာပေါ့။

 

၎။ အမဲသားစွပ်ပြုတ် (ဗြိတိန်)

play
 

Bovril ဆိုတာ အမဲသားစွပ်ပြုတ်ရည်တစ်မျိုး ဖြစ်ပါတယ်။ အမဲသားစွပ်ပြုတ် (Bovril) ကို အပူပေးပြီး ရေလေးနည်းနည်း ရောလိုက်မယ်ဆိုရင် အအေးမိဝေဒနာတွေကို သက်သာပျောက်ကင်း စေနိုင်ပါတယ်။ နောက်ပြီး အအေးမိတုပ်ကွေး ရောဂါကြောင့် ခံတွင်းပျက်နေတာတို့၊ အစာအိမ်မကောင်းတာတို့ ဖြစ်နေရင်လည်း အမဲသားစွပ်ပြုတ်က ကူညီဖြေရှင်း ပေးနိုင်ပါတယ်။

၅။ ကြက်သွန်ဖြူ ကြက်ဥကြော် (မော်ရိုကို)

play
 

ကြက်သွန်ဖြူဟာ သဘာဝအတိုင်း ရောဂါပျောက်ကင်းစေတဲ့ အစွမ်းတွေ ပါရှိတဲ့အတွက် မော်ရိုကိုမှာလည်း အအေးမိဝေဒနာအတွက် ကြက်သွန်ဖြူကိုပဲ သုံးစွဲကြပါတယ်။ မော်ရိုကိုမှာတော့ အအေးမိတုပ်ကွေး ဝေဒနာရှင်တွေကို ကြက်သွန်ဖြူ ကြက်ဥကြော် လုပ်ကျွေးကြပါတယ်။ ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ ကြက်ဥရဲ့အာဟာရဓာတ်နဲ့ ကိုယ်ခံအားစနစ် မြှင့်တင်ပေးပြီး antioxidant တစ်မျိုးလည်းဖြစ်တဲ့ ကြက်သွန်ဖြူရဲ့ အစွမ်းကို ပေါင်းစပ်အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။

Source: theculturetrip

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD