AD
AD
AD

အစားအသောက်ကို တကယ်ချစ်မြတ်နိုးတယ်ဆိုတဲ့သူတွေ၊ အစားစားနေရရင် ပျော်ရွှင်နေတယ်ဆိုတဲ့ လူတွေက အစားကောင်းသာ စားရမယ်ဆိုရင် ဘယ်နေရာကိုပဲဖြစ်ဖြစ် သွားစားတတ်ကြပါတယ်။ တကယ်လို့ သင်ဟာ အဲဒီလို အစားအစာမြတ်နိုးသူတစ်ဦး ဖြစ်နေရင်တော့ ဒီဆောင်းပါးကို ဆက်ဖတ်ဖို့လိုပါပြီ။ ဘာလို့လဲဆိုတော့ ကမ္ဘာတလွှားက အစားအစာချစ်သူတိုင်း မဖြစ်မနေ သွားရောက်သင့်တဲ့ မြို့တွေကို ဖော်ပြပေးထားလို့ပါပဲ။

၁။ မဲလ်ဘုန်းမြို့ (သြစတြေးလျနိုင်ငံ)

play
 

မဲလ်ဘုန်းမြို့ဟာ သြစတြေးလျနိုင်ငံရဲ့ အစားအသောက်မြို့တော်လို့ ထင်ရှားပါတယ်။ မဲလ်ဘုန်းမြို့မှာ ကမ္ဘာတဝှမ်းလုံးက အစားအသောက်မျိုးစုံရဲ့ အရသာမျိုးစုံကို ထိတွေ့ခံစားနိုင်ပါတယ်။ တကယ်တော့ မဲလ်ဘုန်းမြို့မှာ ကိုယ်ပိုင်ချက်ပြုတ်နည်း သိပ်မရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာနေရာအသီးသီးက ရောက်လာတဲ့လူတွေက မဲလ်ဘုန်းအစားအသောက်တွေထဲမှာ သူတို့ရဲ့ကိုယ်ပိုင် ချက်နည်းပြုတ်နည်းတွေကို ပေါင်းစပ်လိုက်တဲ့အတွက် တမူထူးခြားတဲ့ ဟင်းလျာတွေရလာစေပါတယ်။

မဲလ်ဘုန်းကိုရောက်ရင် Lygon လမ်းထဲသွားပြီး အီတလီအသားလုံးနဲ့ ဂရိပီဇာတို့ကို မဖြစ်မနေ မြည်းစမ်းကြည့်သင့်ပါတယ်။ နောက်တစ်နေရာကတော့ ရှေးဟောင်းတရုတ်တန်းလို့လည်း လူသိများတဲ့ Little Bourke လမ်းပဲဖြစ်ပါတယ်။ အဲဒီမှာ အော်ဇီစတိုင်လ် တရုတ်စာတွေကို မြည်းစမ်းနိုင်မှာပါ။

၂။ ရောမမြို့ (အီတလီ)

play
 

အီတလီဟာ ပီဇာကို စတင်မွေးဖွားပေးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အီတလီနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ရောမမြို့မှာတော့ အီတလီရဲ့ နာမည်ကျော်အစားအစာဖြစ်တဲ့ ပီဇာကို အရသာအမျိုးမျိုးနဲ့ မြည်းစမ်းနိုင်ပါတယ်။ အထူးခြားဆုံးအရသာကတော့ Zucchini ပန်းနဲ့ ပြုလုပ်ထားတဲ့ ပီဇာပဲဖြစ်ပါတယ်။

အဲဒီပီဇာကို အီတလီဘာသာစကားနဲ့ Fiori Di Zucca လို့ခေါ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှားက အစားအသောက်ချစ်သူတွေဟာ ရောမမြို့မှာ ရောမခေတ်စတိုင်လ်ပီဇာ၊ Carbonara နဲ့ Risotto တို့ကိုလည်း မြည်းစမ်းကြည့်နိုင်ပါတယ်။

၃။ တိုကျို (ဂျပန်)

play
 

တိုကျိုကတော့ စပ်တဲ့အစားအစာတွေကြောင့် နာမည်ကြီးပြီး အစားအစာချစ်သူတိုင်း တစ်သက်မှာတစ်ခါလောက်တော့ တိုကျိုကို ရောက်ဖူးသင့်ပါတယ်။ နောက်ပြီး မြို့ထဲမှာ မွှေးပျံ့ကောင်းမွန်တဲ့ အစားအသောက်နံ့တွေနဲ့ လွှမ်းခြုံထားတော့ မြို့ထဲရောက်တာနဲ့ အစားအသောက်တန်းတွေဆီ ခြေဦးတည်မိမှာပါ။ အစားအစာချစ်သူတိုင်း တိုကျိုစတိုင်လ် ဆူရှီတို့၊ ဂျပန်ဟော့ပေါ့တို့၊ တမ်ပူရာကြော်တို့ကို မြည်းစမ်းကြည့်သင့်ပါတယ်။

နောက်ပြီး တိုကျိုမြို့က Tsukiji Shijo ဈေးဟာ ပင်လယ်စာချစ်သူ တွေအတွက်တော့ နိဗ္ဗာန်ဘုံပါပဲ။ ဒါ့အပြင် တိုကျိုမြို့ရဲ့ အကောင်းဆုံး ကြက်ဥခေါက်ဆွဲကလည်း ရာမင်ချစ်သူတွေအတွက် မဖြစ်မနေ စားကြည့်သင့်တဲ့ အစားအစာတစ်မျိုးပါ။

၎။ ဆီယက်တယ်လ် (အမေရိကန်)

play
 

အမေရိကန်နိုင်ငံက ဆီယက်တယ်လ်မြို့ဟာ လှပတဲ့တောင်တန်းတွေ၊ ရေအိုင်တွေ၊ အမြဲစိမ်းသစ်တောတွေနဲ့ ဖုံးလွှမ်းထားတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဝါရှင်တန်ပြည်နယ်မှာ တည်ရှိပြီး အမေရိကန်နိုင်ငံမှာ တစ်ကမ္ဘာလုံးက ပင်လယ်စာချစ်သူတွေ လည်ပတ်မှုအများဆုံး မြို့တစ်မြို့လည်းဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ပင်လယ်စာတွေဖြစ်တဲ့ ယောက်သွားတို့၊ ဂုံးတို့၊ ငါးတို့ကိုလည်း လတ်ဆတ်စွာ ရရှိနိုင်ပါတယ်။

၅။ မက်ဒရစ် (စပိန်)

play
 

ဘောလုံးကန်တာတစ်ခုတည်း ကောင်းတာတော့မဟုတ်ပါဘူး။ မက်ဒရစ်မြို့ဟာ အစားအသောက်ပိုင်းမှာလည်း နာမည်ကြီးပါတယ်။ အရသာအထူးကောင်းမွန်တဲ့ စပိန်အစားအစာတွေဖြစ်တဲ့ Bacadillo De Calamares နဲ့ Cocido Madrileno Stew တို့ဟာ အစားအစာမြတ်နိုးသူတိုင်းရဲ့ လျှာပေါ်က အရသာဖုလေးတွေကို နှိုးဆွပေးနိုင်မှာပါ။

နာမည်ကျော် La Latina လမ်းကို သွားလည်ဖို့လည်း မမေ့ပါနဲ့ဦး။ အဲဒီလမ်းထဲက La Cava Baja နဲ့ La Cava Alta ဘားတို့ကလည်း အရသာရှိတဲ့ အစားအသောက်တွေကို ရောင်းချရာနေရာတွေ ဖြစ်ပါတယ်။

Source: Youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD