AD
AD
AD

တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ တချို့အစားအသောက်တွေဟာ စားကောင်းတိုင်း စွတ်စားလို့မရပါဘူး။ ပမာဏနည်းနည်းနဲ့ အရသာခံစားရတာပါ။ တချို့အစားအသောက်တွေဆိုရင် နည်းနည်းပဲစားရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပေမယ့် အများကြီးသွားစားမိရင်တော့ ကျန်းမာရေးဆိုးကျိုးတွေကို ရရှိစေနိုင်ပါတယ်။ အဲဒီအစားအသောက်တွေကတော့

၁။ အုန်းရည်

play
 

အုန်းသီးထဲမှာပါဝင်တဲ့ အုန်းရည်ဟာ သဘာဝအချိုရည်တစ်မျိုးဖြစ်ပြီး စပါကလင်လိုပဲ ရှတတလေးနဲ့ သဘာဝအရသာကို ပေးစွမ်းနိုင်ပါတယ်။ အုန်းရည်ဟာ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝ လန်းဆန်းစေပြီး လိုအပ်တဲ့ စွမ်းအင်၊ ဗိုက်တာမင်နဲ့ အာဟာရ ဓာတ်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ သူ့မှာကျန်းမာရေးအကျိုးကျေးဇူးတွေ ပါဝင်တာတော့ သိသာထင်ရှားနေပါတယ်။

ဒါပေမယ့် ပမာဏနည်းနည်းပဲ သောက်သုံးဖို့လိုပါတယ်။ ကမ်းခြေမှာ သောက်ကောင်းကောင်းနဲ့ အုန်းရည်အများကြီး သောက်မိတယ်ဆိုရင် အပူကန်ခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်တက်လာခြင်းတို့ ဖြစ်စေနိုင်သလို ပိုတက်စီယမ်ကြွယ်ဝမှုကြောင့် ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်နဲ့ ကိုလက်စ်ထရော ပမာဏလည်း မြင့်တက်လာစေနိုင်ပါတယ်။

၂။ တူနာငါး

play
 

တူနာငါးဟာ ငါးသေတ္တာဘူးထဲမှာ ထည့်ထားရင် စားလို့ကောင်းသလို မရိုးနိစ်၊ သခွားသီး၊ ခရမ်းချဉ်သီးတို့နဲ့ရောပြီး ဆင်းဒဝစ်ခ်ျ လုပ်စားရင်လည်း စားလို့ကောင်းပါတယ်။ ဒါ့အပြင် တူနာငါးမှာ ဖက်တီးအက်ဆစ်၊ ပရိုတိန်းနဲ့ အိုမီဂါသရီး အက်ဆစ်တို့ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

ဒါပေမယ့် တူနာငါးကို တဝကြီးသွားစားမိမယ်ဆိုရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ တူနာငါးမှာ methylmercury ဆိုတဲ့ သဘာဝပတ်ဝန်းကျင် အညစ်အကြေးတစ်မျိုးပါရှိပြီး ပမာဏအများကြီးစားရင် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

၃။ အသည်း

play
 

တုတ်ထိုးဆိုင်ထိုင်ရင် ဝက်အသည်းကို ထုတ်ထုတ် ထုတ်ထုတ်နဲ့နေအောင် ပြုတ်ပေးထားတဲ့ တုတ်ထိုးချောင်းလေးတွေကိုမှ ရွေးချယ်တတ်ပါသလား။ ဒါဆိုရင်တော့ သတိထားသင့်ပါတယ်။ အသည်းလိုမျိုး ဝမ်းတွင်းကလီစာတွေနဲ့ အမဲသားလိုမျိုး အနီရောင်အသားတွေမှာ ဗိုက်တာမင်အေ၊ ဘီ၊ ကော့ပါးနဲ့ သံဓာတ်တွေလို ဗိုက်တာမင်နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတာကို ကျွန်တော်တို့ အားလုံးသိထားပြီးသားပါ။

ဒါပေမယ့် အသည်းကို အများကြီးသွားစားရင် neuro-degenerative change ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်လာနိုင်ပြီး ခေါင်းခဏခဏ မူးတတ်ခြင်း၊ အရိုးကျိုးလွယ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

၎။ သစ်ကြံပိုးခေါက်

play
 

အစားအစာတွေကို ပိုမိုအရသာရှိအောင် ကူညီပေးနိုင်တဲ့ နေရာမှာတော့ သစ်ကြံပိုးခေါက်က အလွန်အသုံးဝင်ပါတယ်။ နောက်ပြီး သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စ်ထရောကို လျော့ကျစေတဲ့ အတွက်လည်း ထင်ရှားပါတယ်။ ဒါပေမယ့် သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ coumarin ဆိုတဲ့ဓာတ်ကတော့ အများကြီးသွားစားမိရင် အသည်းမှာ အဆိပ်ဖြစ်ခြင်းနဲ့ ကင်ဆာရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

၅။ ငှက်ပျောသီး

play
 

အပူပိုင်းဒေသ သီးနှံတစ်မျိုးဖြစ်တဲ့ ငှက်ပျောသီးကတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တော့ မရိုးနိုင်တဲ့ အချိုပွဲတစ်မျိုးပါပဲ။ သီးမွှေး၊ ဖီးကြမ်း၊ ရွှေနီဆိုပြီး ငှက်ပျောသီးမျိုးစုံ ရှိရာမှာ အမျိုးအစားအလိုက် အရသာနဲ့ ပုံပန်းသဏ္ဍာန်ပဲ အနည်းပဲကွဲပြားနိုင်ပြီး အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ သတ္ထုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝတဲ့နေရာမှာတော့ အတူတူပါပဲ။

ဒါပေမယ့် ငှက်ပျောသီးအများကြီး စားမိရင်တော့ hyperkalemia လို့ခေါ်တဲ့ သွေးတွင်းပိုတက်စီယမ်ဓာတ် များတဲ့ရောဂါတစ်မျိုး ဖြစ်စေနိုင်ပြီး ကြွက်သား၊ အာရုံကြောနဲ့ နှလုံးမှာ ပြဿနာတက်စေနိုင်ပါတယ်။ Minion လေးတွေ အရပ်ပုနေတာ အဲဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ :P

ှSource: Youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD