AD
AD
AD

နွေရာသီသီးနှံတစ်မျိုးဖြစ်တဲ့ စတော်ဘယ်ရီသီးဟာ ချုံပုတ်ပင်တစ်မျိုးမှာ အလေ့ကျပေါက်တတ်တဲ့ သီးနှံတစ်မျိုးဖြစ်ပြီး ချိုမြိန်တဲ့အရသာ၊ မွှေးကြိုင်တဲ့ရနံ့တို့ကြောင့် လူကြိုက်များပါတယ်။ နွေရာသီ နေပူပူ၊ လေပူပူမှာ စတော်ဘယ်ရီသီးကို သစ်သီးဖျော်စက်ထဲထည့်ကြိတ်၊ ပြီးရင် ဒိန်ချဉ်နည်းနည်းရယ်၊ ရေခဲတုံးလေး (၂) တုံးလောက်ရယ်ထည့်ပြီး သောက်လိုက်ရရင် ဆွေမျိုးမေ့သွားမှာပါ။

play

 

လူတိုင်းနီးပါး နှစ်သက်ကြတဲ့ စတော်ဘယ်ရီသီးတွေနဲ့ ပတ်သက်တဲ့ မှတ်သားဖွယ်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အပြင်ဘက်မှာ အစေ့ပါတဲ့ တစ်ခုတည်းသောအသီးဖြစ်တယ်

play
 

ချိုမြိန်တဲ့အရသာပိုင်ရှင် စတော်ဘယ်ရီသီးလေးတွေဟာ အပြင်ဘက်မှာ အစေ့ပါတဲ့ အသီးတွေဖြစ်ပါတယ်။ အရွယ်တော် စတော်ဘယ်ရီသီးတစ်လုံးမှာ အစေ့ (၂၀၀) ခန့်ပါဝင်ပါတယ်။ ဒါကြောင့်လည်း စတော်ဘယ်ရီသီးကို ဖျော်မသောက်ဘဲ ရေလေးဆေးပြီး ဝါးစားတဲ့အခါ သွားကြားမှာ အစေ့လေးတွေ ကပ်ကျန်နေခဲ့တာဖြစ်ပါတယ်။

၂။ စတော်ဘယ်ရီသီးက ဘယ်ရီသီးမျိုးနွယ်ဝင်မဟုတ်ပါဘူး

play
 

နာမည်ကသာ စတော်ဘယ်ရီသီးဆိုပေမယ့် စတော်ဘယ်ရီသီးက ဘယ်ရီသီးမျိုးနွယ်ဝင် မဟုတ်ပါဘူး။ ချက်ကျလက်ကျပြောရရင် ဘယ်ရီသီးဆိုတာက အထဲမှာအစေ့ပါတဲ့ သီးနှံတစ်မျိုး ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ စတော်ဘယ်ရီသီးတစ်လုံးမှာ ပါဝင်တဲ့ အစေ့တစ်စေ့ချင်းစီဟာ ရုက္ခဗေဒသဘောတရားအရ စတော်ဘယ်ရီပင် ဖြစ်လာနိုင်ခြေ အများကြီးရှိပါသတဲ့။

၃။ စတော်ဘယ်ရီသီးတွေက နှင်းဆီပန်းနဲ့ အမျိုးတော်ပါတယ်

play
 

ချုံပုတ်မှာသီးတဲ့ အသီးတစ်မျိုး ဖြစ်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ နှင်းဆီနံ့မွှေးသလိုပဲ စတော်ဘယ်ရီသီးမှာလည်း သင်းပျံ့တဲ့ရနံ့လေးတစ်မျိုး ရှိပါတယ်။ စတော်ဘယ်ရီရနံ့လေးဟာ သစ်သီးအရသာလိုပဲ ချိုမြိန်တဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

၎။ နှစ်ရှည်ခံပင်ဖြစ်တယ်

play
 

စတော်ဘယ်ရီပင်ရဲ့ အရွယ်အစားကိုကြည့်ပြီး အထင်သေးချင်စရာ ရှိနိုင်ပေမယ့် စတော်ဘယ်ရီပင်ဟာ နှစ်ရှည်ပင်မျိုးဖြစ်ပါတယ်။ ဒီနှစ်မှာ အပင်စစိုက်လိုက်တာနဲ့ နောက်နှစ်မှာ အသီးစားရပါပြီ။ နောက်နှစ်ရဲ့ နောက်နှစ်၊ နောက်နှစ်တွေမှာလည်း ရာသီချိန်ရောက်တိုင်း အသီးသီးမှာပါ။ ချက်ချင်းအသီးသီးတတ်တဲ့ အပင်မျိုးမဟုတ်ပေမယ့် သီးပြီဆိုရင်လည်း အနည်းဆုံး (၅) နှစ်ဆက်တိုက်တော့ သီးမှာပါ။

၅။ ဘယ်လ်ဂျီယမ်နိုင်ငံမှာ စတော်ဘယ်ရီပြတိုက်ရှိတယ်

play
 

ဘယ်လ်ဂျီယမ်နိုင်ငံသားတွေဟာ စတော်ဘယ်ရီသီးကို ဘယ်လောက်ကြိုက်လဲဆိုတော့ စတော်ဘယ်ရီသီးပြတိုက်တောင် ဆောက်လုပ်ထားရှိပါတယ်။ Le Musee de la Fraise ဆိုတဲ့ ပြတိုက်ဟာ စတော်ဘယ်ရီသီးပြတိုက်ဖြစ်ပြီး အဲဒီကလက်ဆောင်ဆိုင်မှာ စတော်ဘယ်ရီသီးယိုတို့၊ စတော်ဘယ်ရီသီးနဲ့ ပြုလုပ်ထားတဲ့ ဘီယာတို့ကို ဝယ်ယူရရှိနိုင်ပါတယ်။

၆။ ရှေးဟောင်းရောမလူမျိုးတွေရဲ့ ဆေးမြီးတိုဖြစ်တယ်

ရောမအင်ပါယာကြီးကို ထူထောင်ခဲ့တဲ့ ရှေးဟောင်းရောမလူမျိုးတွေဟာ စတော်ဘယ်ရီသီးမှာ ရောဂါကုသနိုင်စွမ်း မြင့်မားတယ်လို့ ဆိုကြပြီး စိတ်ကျရောဂါ၊ အဖျားရောဂါ၊ ကျောက်ကပ်ရောဂါ၊ ခံတွင်းနံ့ဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတို့ကို ကုသပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ တကယ်လည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၇။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

play
 

စတော်ဘယ်ရီသီးမှာ ကယ်လိုရီနည်းပါးပြီး ဗိုက်တာမင်စီ၊ ဘီစစ်၊ ကေ၊ အမျှင်ဓာတ်၊ ဖိုလစ်အက်ဆစ်၊ ပိုတက်စီယမ်၊ အမိုင်နို အက်ဆစ်တို့ ပါဝင်တဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ နှလုံးရောဂါရှိတဲ့သူတွေလည်း ဓာတ်စာတစ်မျိုးအဖြစ် စားသုံးသင့်ပါတယ်။

Source: Foodrepublic

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD