AD
AD
AD

အေးမြတဲ့ဆောင်းရာသီရဲ့ ညချမ်းအချိန်တွေမှာ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဝရန်တာဘက်ထွက်ပြီး ကော်ဖီပူပူလေးတစ်ခွက်၊ ကွတ်ကီးပန်းကန်လေးတစ်ချပ်နဲ့ တော်ကီထိုင်ထုရတာလည်း အရသာရှိပါတယ်။ လတ်ဆတ်ကြွပ်ရွတဲ့ ကွတ်ကီးလေးတွေက စကားဝိုင်းရဲ့ နွေးထွေးမှုကို ပိုမိုနွေးထွေးစေမှာ အမှန်ပါပဲ။

play

 

ဒီနေရာမှာ စူပါမားကက်က အသင့်ဝယ်ထားတဲ့ ကွတ်ကီးမုန့်တွေအစား ကိုယ်တိုင်ဖုတ်ထားတဲ့ ကွတ်ကီးမုန့် ပူပူနွေးနွေးလေးကို စားရရင်ပိုကောင်းတာပေါ့။ လတ်ဆတ်တဲ့ ကွတ်ကီးမုန့်လေးကို ကိုယ်တိုင်ဖုတ်စားချင်တယ် ဆိုရင်တော့ အုတ်ဂျုံမှုန့်ကွတ်ကီး ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

play
 

ပါဝင်ပစ္စည်းတွေကတော့ ဂျုံမှုန့် (၃) ဇွန်း၊ ဘာမှမရောထားတဲ့ အုတ်ဂျုံမှုန့် (oat) (၃) ဇွန်း၊ ဆားအနည်းငယ်၊ သစ်ကြံပိုးခေါက်မှုန့်အနည်းငယ်၊ ထောပတ်တစ်ဇွန်း၊ သကြားအညို (၂) ဇွန်း၊ သကြားဖြူ (၂) ဇွန်း၊ ဗင်နီလာအရည် (၁/၈) ဇွန်း၊ ကြက်ဥအနှစ်တစ်လုံး၊ ခရင်ဘယ်ရီသီးခြောက် (သို့) စပျစ်သီးခြောက် (၁) ဇွန်းခွဲတို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

play
 

ပန်းကန်လုံးတစ်လုံးထဲမှာ ဂျုံမှုန့်ရယ်၊ ဘာမှမရောရသေးတဲ့ အုတ်ဂျုံမှုန့်ရယ်၊ ဆားရယ်၊ သစ်ကြံပိုးခေါက်မှုန့်ရယ်ကို ရောထည့်ပြီး သစ်သားယောက်မတစ်ချောင်းနဲ့ သမအောင် ရောမွှေပေးလိုက်ပါ။ နောက်ထပ်ပန်းကန်လုံးတစ်လုံးထဲမှာတော့ ထောပတ်၊ သကြားညို၊ သကြားဖြူတို့ကို ရောထည့်ပြီး ဇွန်းအသေးလေးနဲ့ သမအောင်မွှေပေးလိုက်ပါ။

play

 

ပြီးရင်တော့ ရွှေအိုရောင်ထောပတ်အနှစ်ကို အုတ်ဂျုံမှုန့်အရောထဲမှာ လောင်းထည့်ပေးလိုက်ပါ။ အဲဒီပန်းကန်ထဲမှာပဲ ဗနီလာအနှစ်ရယ်၊ ကြက်ဥရယ်ကိုလည်း ရောထည့်ပြီး မွှေပေးလိုက်ပါ။ (အဲဒီနေရာမှာ ကြက်ဥအကာကိုဖယ်ရှားပြီး ကြက်ဥအနှစ်ကိုပဲ သုံးရမှာပါ။) နောက်ပြီး ကွတ်ကီးရဲ့အရသာကို တမူထူးခြားစေချင်ရင်တော့ ခရင်ဘယ်ရီသီးခြောက် (သို့) စပျစ်သီးခြောက် (၁) ဇွန်းခန့်ကို မုန့်နှစ်ထဲ ရောထည့်ပေးနိုင်ပါတယ်။ စစချင်းတော့ အရာရာတိုင်းက ခြောက်ကပ်နေသယောင် ရှိနေပါလိမ့်မယ်။ ဒါပေမယ့် မရပ်မနားဘဲ ဆက်သာမွှေပေးလိုက်ပါ။ ပါဝင်ပစ္စည်းတွေ အားလုံးသမသွားပြီဆိုရင်တော့ ကွတ်ကီးဖုတ်ဖို့အတွက် မုန့်ဖုတ်လုပ်ခြင်းလုပ်ငန်းစဉ် ပြီးစီးသွားပါပြီ။

play

 

ပြီးရင်တော့ မုန့်နှစ်ကို အလုံးလေးဖြစ်အောင်လုံးပြီး မုန့်ဖုတ်ရင်သုံးတဲ့ စက္ကူပေါ်မှာတင်လိုက်ပါ။ အဲဒီမုန့်နှစ်လုံးလေးကိုတော့ ပုံမှန်ကွတ်ကီးပုံစံဖြစ်အောင် ပုံသွင်းယူလိုက်ပါ။ (ဒါမှမဟုတ် အသဲပုံ၊ တြိဂံပုံ မိမိနှစ်သက်ရာပုံသဏ္ဍာန်ဖြစ်အောင်လည်း ပုံသွင်းယူလို့ရပါသေးတယ်။ အကောင်းဆုံးကတော့ အဝိုင်းပုံစံပါပဲ။) ပြီးရင် ကွတ်ကီးထဲမှာပါဝင်တဲ့ ထောပတ်နဲ့အဆီဓာတ် ခဲသွားအောင် ရေခဲသေတ္တာထဲထည့်ပြီး (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် အအေးခံထားလိုက်ပါ။ မဟုတ်ရင် ကွတ်ကီးကပွထပြီး ပုံပျက်သွားနိုင်ပါတယ်။

play

 

ပြီးရင်တော့ Oven (မုန့်ဖုတ်မီးဖို) ထဲထည့်ပြီး (၁၅) မိနစ်ကနေ (၁၇) မိနစ်ခန့် ဖုတ်ပေးလိုက်ပါ။ ခဏကြာရင် မီးဖိုချောင်တစ်ခုလုံး ကွတ်ကီးနံ့လေးတွေ သင်းပျံ့လာပြီး ကိုယ်တိုင်မုန့်ဖုတ်ရတဲ့ အရသာနဲ့ ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။ မုန့်ဖုတ်တာပြီးပြီဆိုရင်တော့ (၁၀) မိနစ်ခန့်အအေးခံပေးလိုက်ပါ။ ပြီးရင်တော့ မိမိနှစ်သက်ရာ ကော်ဖီ၊ လက်ဖက်ရည်ချို၊ နွားနို့တို့နဲ့ တွဲဖက်ပြီး အရသာရှိတဲ့ အုတ်ဂျုံမှုန့်ကွတ်ကီးလေးကို သုံးဆောင်နိုင်ပါပြီ။

Source: Bustle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD