AD
AD
AD

ဗိုက်ကလည်းဆာနေပြီ။ အနားမှာလည်း သစ်သီးတစ်လုံးနဲ့ သစ်သီးဖျော်ရည်တစ်ခွက်ပဲ ရှိမယ်ဆိုရင် ဘာကိုရွေးချယ်မိမလဲ။ သစ်သီးခွဲစားရတာ အလုပ်ရှုပ်တယ်ဆိုပြီး သစ်သီးဖျော်ရည်ကိုပဲ ရွေးချယ်မိမယ့်သူ များမှာပါ။ သဘာဝသစ်သီးဖျော်ရည်တွေဟာ ဗိုက်ပြည့်စေရုံသာမက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ အလားတူပါပဲ။

play

 

သစ်သီးတွေဟာလည်း အာဟာရဓာတ်တွေ၊ သတ္ထုဓာတ်တွေနဲ့ ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အားအင်တွေကို ရရှိစေနိုင်ပါတယ်။ အဲဒီမှာ မေးစရာရှိတာာက သစ်သီးနဲ့ သစ်သီးဖျော်ရည် မဖြစ်မနေရွေးချယ်ရမယ်ဆိုရင် ဘာကိုရွေးချယ်သင့်လဲ ဆိုတာပါပဲ။ သစ်သီးဖျော်ရည်တွေဆိုတာ သစ်သီးတွေထဲမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးတွေကို အရည်ပုံစံနဲ့ အလွယ်တကူ ရယူနိုင်ဖို့ ပြုပြင်ပြောင်းလဲယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သစ်သီးဖျော်ရည်မှာလည်း အာဟာရတန်ဖိုးတွေရှိပေမယ့် သစ်သီးတစ်လုံးလုံးကို တိုက်ရိုက်စားတာလောက်တော့ မကောင်းပါဘူး။

တကယ်တော့ သစ်သီးဖျော်ရည်ဆိုတာ အစားချေးများတဲ့သူတွေအတွက် ရည်ရွယ်ထားတာပါ။ အစားချေးများတဲ့သူတွေကို သစ်သီးမျိုးစုံကို အရသာရှိအောင် ဖျော်တိုက်ခြင်းဖြင့် သူတို့အတွက် လိုအပ်တဲ့ အာဟာရတန်ဖိုးတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါမှမဟုတ် အသီးအရွက်မစားတဲ့သူတွေကို အသီးဖျော်ရည်ထဲမှာ ဟင်းသီးဟင်းရွက်တွေ ကြိတ်ထည့်ခြင်းဖြင့် အသီးအရွက် စားဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားရတာ နှစ်သက်သူတွေကတော့ ဖြစ်နိုင်ရင် အသီးအနှံတွေကိုပဲ စားတာက လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ ရရှိစေနိုင်ပါတယ်။

play

 

ဒီနေရာမှာ သစ်သီးဖျော်ရည်ဆိုတာ သစ်သီးဝလံတွေကို ကိုယ်တိုင်ဖြစ်စေ၊ ဆိုင်မှာဖြစ်စေ ဖျော်ထားတဲ့ သစ်သီးဖျော်ရည်တွေကို ဆိုလိုတာပါ။ စူပါမားကက်မှာ ရောင်းတဲ့ အသင့်ထုပ်ပိုးပြီး ရယ်ဒီမိတ်ဖျော်ရည်တွေကို ဆိုလိုတာမဟုတ်ပါဘူး။ ရယ်ဒီမိတ်သစ်သီး ဖျော်ရည်ဘူးတွေဟာ သယ်ရလွယ်ကူပြီး နေရာမရွေး ထုတ်သောက်နိုင်ပါတယ်။ ဒါပေမယ့် (၂၅၀) မီလီလီတာအရွယ်အစား လိမ္မော်ရည်တစ်ဘူးမှာ (၁၄၀) ကယ်လိုရီပါဝင်ပြီး ကယ်လိုရီပမာဏက ပုံမှန်လိမ္မော်သီး (၃) လုံးနဲ့ ညီမျှပါတယ်။

အချိုများခြင်းနဲ့ လူလုပ်သကြားတွေ ထည့်သွင်းသွားခြင်းကိုတောင် ထည့်ပြောမထားသေးပါဘူး။ နောက်ပြီး ရယ်ဒီမိတ် ဖျော်ရည်ဘူးတွေဟာ အသီးအနှံတွေမှာပါဝင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်ခြင်းမရှိပါဘူး။ နောက်ပြီး ဖျော်ရည်ဘူးတွေထဲမှာ ပါဝင်တဲ့ လူလုပ်သကြားတွေဟာ အချိန်ကြာလာရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

play

 

သေချာတာကတော့ သစ်သီးဖျော်ရည်တွေဟာ သစ်သီးတွေလိုမျိုးတော့ ဗိုက်တာမင်၊ သတ္ထုဓာတ်၊ antioxidant နဲ့ တခြားအာဟာရ ဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ အဓိကကတော့ သစ်သီးဖျော်ရည်တွေဟာ သစ်သီးတွေထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကို ဖယ်ရှားပစ်တဲ့အတွက် ကျန်းမာရေးအတွက် နစ်နာတာပါ။

အမျှင်ဓာတ်ဟာ အစာခြေခြင်း၊ သွေးတွင်း အချိုဓာတ်ကို ထိန်းချုပ်ခြင်း၊ ကိုလက်စ်ထရော လျော့နည်းစေခြင်းတို့မှာ ပါဝင်ကူညီ ပေးနိုင်ပါတယ်။ နောက်ပြီး အမျှင်ဓာတ်ဟာ ဝိတ်လည်းကျစေနိုင်ပါသေးတယ်။ အမျှင်ဓာတ်ကင်းမဲ့တဲ့ သစ်သီးဖျော်ရည်တွေကို ရွေးချယ်မယ်ဆိုရင် ဒီအကျိုးကျေးဇူးတွေကို မရရှိစေနိုင်တော့တဲ့အတွက် နစ်နာပါတယ်။

play

 

သစ်သီးဖျော်ရည်ကို ရွေးချယ်ခြင်းရဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ အမျှင်ဓာတ်ကင်းမဲ့မှုကြောင့် ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်တွေကို လုံလောက်စွာစုပ်ယူနိုင်မှု မရှိခြင်းပါပဲ။ ဒါဟာ ဆီးချိုသမားတွေအတွက် အန္တရာယ်များပါတယ်။ သွေးတွင်းအချိုဓာတ် ဆောင့်တက်လာစေနိုင်ပါတယ်။ အခြားတစ်ဖက်မှာတော့ သစ်သီးတွေဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ခန္ဓာကိုယ်မှ အချိုဓာတ်တွေကို ပိုမိုနှေးကွေးစွာပဲ စုပ်ယူစေနိုင်ပါတယ်။

ဒါပေမယ့်လည်း အရမ်းကြီးလည်း အဆိုးဘက်က မတွေးရင် အမျှင်ဓာတ်မပါတာနဲ့ သကြားဓာတ်တွေကို ခန္ဓာကိုယ်ထဲ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေနိုင်တာကလွဲရင် သစ်သီးဖျော်ရည်တွေမှာလည်း ကောင်းကျိုးတွေရှိပါတယ်။ အဓိကကတော့ သောက်ရလွယ်ကူခြင်းနဲ့ သွားလေရာပိုမိုလွယ်ကူစွာ ယူဆောင်သွားနိုင်ခြင်းပါပဲ။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ သစ်သီးဝလံတွေကို ကိုယ်တိုင်စားသောက်ဖို့ အဆင်မပြေသူတွေကတော့ အသီးဖျော်ရည်ကိုပဲ ရွေးချယ်နိုင်ပါတယ်။

Source: Food.ndtv

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD