လူဆိုတာ အစုံစားသတ္တဝါဖြစ်တာနဲ့ အားလျော်စွာ စားလို့ရတာမှန်သမျှကို စားတတ်ကြပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူတွေဆိုတာ ကမ္ဘာပေါ်မှာ အစားအသောက်နဲ့ပတ်သက်ရင် ပေါက်ပေါက်ရှာရှာ အစားနိုင်ဆုံး သတ္တဝါတွေလည်း ဖြစ်ပါတယ်။ မနက်မိုးလင်းလို့ ဈေးထဲသွားရင် တွေ့နေကျ အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါးတွေကို စိတ်ကုန်လာရင်၊ အရသာသစ်လေးတွေကို မြည်းစမ်းကြည့်ချင်လာရင် အရသာလည်းရှိ၊ ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းရှိတဲ့ တောကောင်သားလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကျွဲသား

play

ကျွဲသားဟာ အမဲသားနဲ့ ဆင်သလိုရှိပေမယ့် သေချာစားကြည့်ရင် အရသာကွဲပါတယ်။ ကျွဲသားဟာ အမဲသားထက် ပြည့်ဝဆီနဲ့ ကယ်လိုရီပိုနည်းပြီး အိုမီဂါသရီး (omega-3) သုံးဆခန့် ပိုမိုပါဝင်ပါတယ်။ အမဲသားထက် ပိုချိုပြီး အရသာလည်းရှိတဲ့ ကျွဲသားဟာ အမဲသားထက်လည်း ဈေးပိုကြီးနိုင်ပါတယ်။ အရပ်စကားတွေအရဆိုရင် ကျွဲသားက ဒူလာလည်းပျောက်တယ်လို့ ဆိုကြပါတယ်။ တစ်ခါတလေ တောဘက်ကလာရောင်းတဲ့ တောကောင်သည်တွေဆီမှာ ကျွဲသားကိုဝယ်စားနိုင်ပါတယ်။

၂။ ယုန်သား

play
 

ယုန်လေးတွေလို ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ သတ္တဝါလေးတွေကို သတ်မစားသင့်ဘူးလို့ ထင်တဲ့သူတွေ ရှိချင်ရှိပါလိမ့်မယ်။ ဒါပေမယ့် တောပိုင်းမှာတော့ တောယုန်တွေကို ထောင်ပြီးသတ်စားကြတာပါပဲ။ ယုန်သားဟာ အမဲသားနဲ့ ကြက်သားထက်တောင် အသားဓာတ်ပိုမိုပါဝင်ပြီး သံဓာတ်နဲ့ သတ္တုဓာတ်တွေလည်း ပေါကြွယ်ဝပါတယ်။

နူးညံတဲ့အရသာနဲ့ တာရှည်ခံမှုတို့ကြောင့်လည်း စာဖိုမှုးတွေအကြား ထင်ရှားကျော်ကြားတဲ့ အသားတစ်မျိုးဖြစ်ပါတယ်။ ကျိုက်ထီးရိုး ကျီးကန်းပါးစပ်ဂူနားမှာတော့ ယုန်သားစစ်စစ်ရတယ်လို့ ပြောကြပါတယ်။

၃။ ငှက်ကုလားအုပ်သား

ကြက်လိုပဲ ခြေထောက်နှစ်ချောင်း၊ အမွှေးနဲ့ အတောင်ပံပါတယ် ဆိုပေမယ့်လည်း ငှက်ကုလားအုပ်သားဟာ မွေးမြူရေးကြက်သား၊ ငှက်သားတွေနဲ့ အရသာကွဲပြားပါတယ်။ အထူးသဖြင့် ဝိုင်နီနဲ့ဆို လိုက်ဖက်တဲ့ အနီရောင်အသား အမျိုးအစားတစ်မျိုးဖြစ်ပြီး အမဲသားလိုမျိုး တခြားအနီရောင် အသားတွေထက် ဗီတာမင်ဘီ ပိုမိုကြွယ်ဝစွာ ပါဝင်ပါတယ်။

၎။ သမင်သား

play
 

အမဲသားနဲ့ အရသာဆင်သလိုရှိတဲ့ သမင်သားဟာ အမဲသားထက် ကယ်လိုရီ၊ အဆီဓာတ်နဲ့ ကိုလက်စ်ထရော ပိုနည်းပါတယ်။ သံဓာတ်နဲ့ အသားဓာတ်လည်း များများပါဝင်တာကြောင့် ဟမ်ဘာဂါပြုလုပ်ရာမှာ ထင်ရှားတဲ့ အသားတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ သိပ်စားလေ့မရှိပေမယ့် ကနေဒါနိုင်ငံမှာတော့ လူကြိုက်များတဲ့ အသားဟင်းလျာတစ်မျိုးပါ။

၅။ ငုံးသား

play
 

ငုံးသားဟာ အသားဓာတ်၊ သံဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တို့ ပေါကြွယ်ပြီး ငုံးသားကိုများသောအားဖြင့် ကင်စား၊ ကြော်စားကြပါတယ်။ သာမန်ကြက်၊ ငှက်အသားတွေထက် ပိုမိုစူးရှတဲ့အရသာရှိပေမယ့် ဟင်းပွဲထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေ ရောနှောလိုက်ချိန် မှာတော့ ကြက်သားအရသာနဲ့ ခွဲခြားရခက်စေပါတယ်။ ငုံးသားတင်မက ငုံးဥကိုပါ လူအများက နှစ်ခြိုက်စွာ စားသုံးကြတာကို ဆယ့်နှစ်ပွဲ ပွဲဈေးတန်းတွေမှာ အထင်အရှား တွေ့မြင်ရမှာပါ။

၆။ မိချောင်းခေါင်းတိုသား

ရေချိုဒေသတွေရဲ့ မြစ်ချောင်းအင်းအိုင်တွေမှာ ရေမုဆိုးတစ်မျိုးအဖြစ် ထင်ရှားတဲ့ မိချောင်းဟာ ကြက်၊ ဘဲ၊ ဆိတ်တို့လို အိမ်မွေး တိရစ္ဆာန်တွေကို ချောင်းမြောင်းစားသောက်တတ်ရုံသာမက လူသားတွေကိုလည်း အန္တရာယ်ပြုတတ်ပါတယ်။ လူတွေဟာ မိကျောင်းကို ဖမ်းကြရင်လည်း အသားကိုစားဖို့ထက် အရေခွံကို လက်ကိုင်အိတ်တို့၊ ဖိနပ်တို့မှာ အသုံးပြုဖို့အတွက်ပဲ ဖမ်းဆီးကြတာပါ။

ဒါပေမယ့် အချိန်ပေးပြီး နူးအောင်ပြုတ်မယ်ဆိုရင် မိကျောင်းသားကိုလည်း စားလို့ရပါတယ်။ မိချောင်းခေါင်းတိုသားဟာ အဆီနဲ့ ကယ်လိုရီ ပါဝင်မှုနည်းပြီး အသားဓာတ်ပါဝင်မှု များပြားပါတယ်။ ကြက်၊ဝက်တို့လို အဖြူရောင်အသားမျိုးလည်းဖြစ်ပါတယ်။ အမြီးပိုင်းဟာ နူးညံပြီး နွားကလေးသားနဲ့ အရသာဆင်တူပါတယ်။ အများအားဖြင့် ရေခဲစိမ်အသားကိုသာ ဝယ်ယူနိုင်ပေမယ့် မိချောင်းခေါင်းတိုသားဟာ လတ်ဆတ်တဲ့အသားမျိုးဘဲ ဖြစ်ပါတယ်။

Source : greatest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video