AD
AD
AD

ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံး အစားအသောက်ကတော့ ပူပူနွေးနွေး ဟင်းရည်လေးတွေပါပဲ။ ဒါကြောင့်လည်း ဆောင်းတွင်းမှာဆို ဟော့ပေါ့ဆိုင်တွေ၊ မုန့်တီဆိုင်တွေ ပိုရောင်းကောင်းတာ ဖြစ်နိုင်ပါတယ်။ ဆောင်းရာသီလို ရာသီဥတု အေးအေးလေးမှာ အိမ်မှာနေရင်း ဟင်းရည်ပူပူလေး သောက်ချင်သူများအတွက် ကိုရီးယားစတိုင်လ် ဝက်ရိုးစွပ်ပြုတ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

play
 

ပါဝင်ပစ္စည်းတွေကတော့ ဝက်ရိုး (၃) ပေါင်ခန့် (နံရိုး သို့ ဂုတ်ရိုး)၊ ဂျင်းတောင့်တစ်ခုခန့်၊ ကိုရီးယားပဲငပိအနှစ် (၂) ဇွန်းခန့်၊ မှိုခြောက်ပန်းခြောက် (၂) ခုခန့်၊ အရွယ်တော် ကြက်သွန်နီတစ်လုံးခန့်၊ ငရုပ်သီးတစ်တောင့်ခန့်၊ ဂေါ်ဖီထုပ်တစ်ထုပ်ခန့်၊ အရွယ်တော်အာလူး (၃) လုံးခန့်၊ ပဲပင်ပေါက် (၈) အောင်စခန့်၊ ကြက်သွန်မြိတ် (၄) ပင်ခန့်တို့ပဲဖြစ်ပါတယ်။

အနှစ်အတွက်ကတော့ ကြက်သွန်ဖြူ (၆) လုံးခန့်၊ ကိုရီးယားငရုပ်သီးမှုန့် (၃) ဇွန်းခန့်၊ ငရုပ်သီးအနှစ် (၁) ဇွန်းခန့်၊ ငံပြာရည် (၃) ဇွန်းခန့်၊ ငရုပ်ကောင်းမှုန့် (၁) ဇွန်းခန့်၊ ရေ ခွက်ဝက်ခန့်တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ဝက်ရိုးတွေကို အကြိမ်အနည်းငယ်ရေဆေးပြီး ရေအေးထဲမှာ မိနစ် (၃၀) ခန့်စိမ်ထားပေးလိုက်ပါ။ ပြီရင် အိုးကြီးတစ်လုံးထဲမှာ ရေထည့်ပြီး ရေနွေးဆူအောင်လုပ်လိုက်ပါ။ ဂေါ်ဖီထုပ်ကို ရေနွေးထဲမှာ ထည့်ပြုတ်လိုက်ပြီး တစ်မိနစ်ကြာရင် ညှပ်နဲ့ပြန်ဆွဲထုတ်လိုက်ပါ။ ရေနွေးအိုးကိုတော့ ဆက်တည်ထားလိုက်ပါ။ ခဏနေရင် ဒီရေနွေးထဲမှာ ဝက်ရိုးတွေကို ပြန်ထည့်ပြုတ်မှာပါ။ ခုနကပြုတ်ထားတဲ့ ဂေါ်ဖီထုပ်ကို ရေအေးထဲမှာ ထည့်ဆေးလိုက်ပြီး ရေပြန်စစ်ထားပေးလိုက်ပါ။ ပြီးရင် ဂေါ်ဖီဖတ်လေးတွေကို တစ်ကိုက်စာအတုံးလေးတွေဖြစ်အောင် ဖဲ့ထုတ်ထားပေးလိုက်ပါ။

play

 

ဝက်ရိုးပြုတ်ချိန်ရောက်ပြီ ဖြစ်တဲ့အတွက် ရေစင်အောင်ဆေးထားတဲ့ ဝက်ရိုးတွေကို ရေနွေးထဲမှာထည့်ပြီး အဖုံးပြန်အုပ်ပေး ထားလိုက်ပါ။ Medium High အပူချိန်မှာ (၇) မိနစ်ခန့်ကြာအောင် ပြုတ်ပြီးရင်တော့ စွပ်ပြုတ်အရောင်ထွက်စပြုလာပြီး အမြှုပ်လေးတွေလည်း ပလုံစီထလာပါလိမ့်မယ်။ ပြီးရင် အရိုးတွေကိုဆယ်ပြီး အရိုးတစ်ခုချင်းစီကို ရေဆေးနဲ့ ပြန်ဆေးပေးလိုက်ပါ။ ဝက်ရိုးတွေမှာ ကပ်နေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတဲ့ အရိုးတွေကိုတော့ အိုးကြီးတစ်လုံးထဲမှာ လှယ်ထည့်ထားပေးလိုက်ပါ။

play

 

ဂျင်းတက်ရယ်၊ ပဲငပိရယ်၊ မှိုခြောက်ပန်းခြောက်ရယ်၊ ကြက်သွန်နီရယ်၊ ငရုပ်သီးခြောက်ရယ်၊ ရေ (၁၁) ခွက်ခန့်ရယ်ကို ဝက်ရိုးအိုးထဲကို ထည့်လိုက်ပါ။ ပြီးရင် အဖုံးအုပ်ပြီး မိနစ် (၉၀) ခန့်ကြာအောင် အပူချိန် အလည်အလတ်လောက်နဲ့ ပြုတ်ပေးလိုက်ပါ။

အဲဒါပြုတ်နေတုန်းမှာ အနှစ်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကြက်သွန်ဖြူ၊ ငရုပ်သီးခြောက်၊ ငရုပ်သီးအနှစ်၊ ငံပြာရည်၊ ငရုပ်ကောင်းမှုန့်နဲ့ ရေတို့ကို ရောထည့်လိုက်ပါ။ ပြီးရင် အနှစ်ဖြစ်လာသည်အထိ ရောမွှေလိုက်ပါ။

play

 

မိနစ် (၉၀) ပြည့်ပြီဆိုတော့ အိုးကိုဖွင့်ပြီး မှိုခြောက် (၂) ပွင့်ကို အသားလှီးဘုတ်ပြားပေါ်မှာ တင်ထားလိုက်ပါ။ အိုးထဲကိုတော့ ဂေါ်ဖီထုပ်ရယ်၊ ပဲပင်ပေါက်ရယ်၊ ကြက်သွန်ရယ်၊ အခွံချွတ်ပြီးသား အာလူးရယ်ကို ထည့်လိုက်ပါ။ မှိုတွေကိုလည်း ဓားနဲ့ပါးပါးလှီးပြီး အိုးထဲပြန်ထည့်ပေးလိုက်ပါ။ ခုနက အနှစ်ကိုပါ အိုးထဲထည့်ပြီး ရေနည်းနည်းရောလိုက်ပါဦး။ ပြီးရင် အဖုံးပြန်အုပ်ထားပေးလိုက်ပါ။

မိနစ် (၃၀) ခန့်ချက်ပြီးရင်တော့ အာလူးတွေလည်း ကျက်လောက်ပါပြီ။ ကျက်မကျက်သေချာသိရဖို့အတွက် တူလေးတစ်ချောင်းနဲ့ အသာထိုးလိုက်ပါ။ တူလေးအာလူးထဲကို တုတ်ချင်းပေါက် အလွယ်တကူ ဝင်သွားပြီဆိုရင်တော့ အာလူးကောင်းကောင်းကျက်ပြီဖြစ်လို့ အပေါ်က ဟင်းမွှေးရွက်အုပ်ပြီး တခြားဟင်းလျာများနဲ့အတူ ထမင်းနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: maangchi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD