AD
AD
AD

ကြက်ဥတွေကို အမေ့လက်စွဲတော်လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ အိမ်မှာစီးပွားရေးကျလို့ပဲဖြစ်စြဖ်၊ ဘာဟင်းချက်မရလဲ စဉ်းစားမရတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်၊ ကြက်ဥကို အမျိုးမျိုး ချက်လိုက်၊ ကြော်လိုက်၊ ပဲကုလားဟင်းထဲ ထည့်ချက်လိုက်နဲ့ အမျိုးမျိုး လုပ်စားကြတာပါ။ ဒီနေ့မှာတော့ အမေ့လက်စွဲတော်ကြက်ဥကို ရိုးရိုးတန်းတန်းမစားဘဲ ကိုရီးယားစတိုင်လ်လေး ချက်စားကြရအောင်။

play

 

ကြက်ဥဟာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး ဗိုက်တာမင်ဒီ၊ ဗိုက်တာမင် ဘီစစ်၊ ဗိုက်တာမင်ဘီတွဲတို့လည်း အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကြက်ဥတစ်လုံး စားလိုက်ရုံနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်ပါတယ်။ ပုံမှန်စားနေကျ ပုံစံတွေက ရိုးသွားပြီဆိုတော့ ကြက်ဥကို ကိုရီယားစတိုင်လ် မြေအိုးကြက်ဥပေါင်းလေး လုပ်စားကြရအောင်...

ပါဝင်ပစ္စည်းများ

play
 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ၊ ကြက်ပေါင်းရည်၊ ငံပြာရည်၊ ကြက်သွန်မြိတ်နဲ့ နှမ်းဆီတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ကြက်ပေါင်းရည် (၁) ခွက်ခွဲစာခန့်ကို (၃) ခွက်စာဆန့်တဲ့ မြေအိုးတစ်လုံးထဲမှာ ပြောင်းထည့်လိုက်ပါ။ ဒီနေရာမှာ ကြက်သားကိုမိမိဖာသာ ပေါင်းရည်နိုင်သလို ဘရန်းစ်ကြက်ပေါင်းရည်ကို

သုံးချင်သုံးနိုင်ပါတယ်။ ပြီးရင်တော့ မြေအိုးကို medium high အပူချိန်မှာ အပူပေးထားလိုက်ပါ။ အဲဒီအချိန်မှာ ကြက်ဥ သုံးလုံးခန့်ကိုဖောက်ပြီး ပန်းကန်လုံးတစ်လုံးထဲမှာ သမအောင် ခလောက်ထားလိုက်ပါ။

play

 

ငံပြာရည်တစ်ဇွန်းနဲ့ နုတ်နုတ်စင်းပြီးသား ကြက်သွန်မြိတ်တို့ကို ကြက်ဥထဲကိုရောထည့်လိုက်ပြီး ရောသမမွှေပေးလိုက်ပါဦး။ အဲဒီအချိန်မှာ ကြက်ပေါင်းရည်လည်း ဆူပွက်စပြုနေပြီဖြစ်လို့ အပူချိန်ကို လျှော့ပေးလိုက်ပါ။ ပြီးရင် ကြက်ပေါင်းရည်ပူပူလေးထဲကို ခုနက ကြက်ဥအရောကို ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ခက်ရင်းရှည်လေးတစ်ချောင်းနဲ့ အသာလေးမွှေပေးနေလိုက်ပါ။ အဖုံးပိတ်ထားပြီး နောက်ထပ်ငါးမိနစ်လောက် အပူပေးထားလိုက်ရင်တော့ အထဲက ကြက်ဥနဲ့ ကြက်ပေါင်းရည်အရောဟာ တို့ဟူးပျော့ပုံစံ ကြက်ဥပေါင်းလေး ဖြစ်သွားပါပြီ။

ဒါဆိုရင် အဖုံးကိုလှပ်ပြီး မီးပိတ်နိုင်ပါပြီ။ အပေါ်ကနေ နှမ်းဆီနှစ်ဇွန်းလောက်ရယ်၊ ကြက်သွန်မြိတ်ရယ် ဖြုးပေးလိုက်ရင်တော့ ကိုရီးယားစတိုင်လ် မြေအိုးကြက်ဥပေါင်းလေးကို အသင့်စားသုံးနိုင်ပါပြီ။

Source: maangchi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD