CNN Travel ကဏ္ဍမှနေပြီး Facebook လူမှုကွန်ရက်ကနေတဆင့် မဲဆန္ဒကောက်ခံပြီး ကမ္ဘာတဝှမ်းလုံးက ပရိသတ်တွေ အနှစ်သက်ဆုံး အစားအစာတွေကို သတ်မှတ်နိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဘယ်အစားအစာတွေက အကောင်းဆုံးလဲ။ ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာပြီး ဘယ်လိုအစားအစာမျိုးတွေကို အကောင်းဆုံးလို့ သတ်မှတ်ကြမှာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူနိုင်တဲ့အတွက် အကောင်းဆုံးအစားအစာအဖြစ် သတ်မှတ်ခံထားရတဲ့ အစားအစာအမျိုးအစားတွေကလည်း ကွဲပြားမှာပါပဲ။ ဒါပေမယ့် CNN Travel ကဏ္ဍမှနေပြီး Facebook လူမှုကွန်ရက်ကနေတဆင့် မဲဆန္ဒကောက်ခံပြီး ကမ္ဘာတဝှမ်းလုံးက ပရိသတ်တွေ အနှစ်သက်ဆုံး အစားအစာတွေကို သတ်မှတ်နိုင်ခဲ့ပါတယ်။ အဲဒါတွေကတော့...



၂၅။ မက္ကစီကန်ချောကလက်

170306135904-chocolate.jpg 

မေယန်လူမျိုးတွေကတော့ ချောကလက်ပြုလုပ်တဲ့ ကိုကိုးမှုန့်ကို နွားနို့၊ သကြား စတာတွေရောပြီး ချောကလက်ဖျော်ရည် လုပ်သောက်ကြပါတယ်။ ချောကလက်ဟာ ခရစ္စမတ်တို့၊ ချစ်သူများနေ့တို့မှာ မရှိမဖြစ်ပါပဲ။ အဲဒီထဲမှာမှ မက္ကစီကန်စတိုင်လ် ချောကလက်ကို ကမ္ဘာတလွှားက ပရိသတ်တွေက အနှစ်သက်ဆုံးပါပဲတဲ့။

၂၄။ ယိုးဒယားထမင်းကြော်

170306140301-fried-rice.jpg 

ထိုင်းလူမျိုးတွေဟာ အစားအသောက်ချက်ပြုတ်ရာမှာတော့ ကျွမ်းကျင်နိုင်နင်းလှပြီး ထိုင်းအစားအစာတွေဟာလည်း ကမ္ဘာမှာပါ နာမည်ကြီးလှပါတယ်။ အထူးသဖြင့် အရသာလေးပင်ပြီး အစပ်ဘက်ကိုကဲတဲ့ ထိုင်းအစားအစာတွေဟာ ကမ္ဘာမှာကျော်ကြားပါတယ်။ ယိုးဒယားထမင်းကြော်ကတော့ အဲဒီထဲက တစ်ခုပဲပေါ့။

၂၃။ Bulgogi (ကိုရီးယားအသားကင်ထမင်း)

150813135453-korea-food-map-bulgogi.jpg 

Bulgogi ဆိုတာ ကိုရီးယားလို မီးနဲ့အသားလို့ အဓိပ္ပာယ်ရပါတယ်။ ဒီကိုရီးယားအစားအစာ ပေါ်ပေါက်နေခဲ့တာ နှစ်ပေါင်း (၁၀၀၀) နီးပါးလောက် ရှိပါပြီ။ Bulgogi တစ်ပွဲမှာ နေ့စဉ်အစားအစာ တစ်မျိုးအတွက် လိုအပ်တဲ့ အရာအားလုံး ပြည့်ဝစွာပါဝင်နေပါတယ်။ အဲဒါတွေကတော့ ကာဘိုဟိုက်ဒရိတ် (ထမင်း)၊ ပရိုတိန်း (အမဲသားနဲ့ ကြက်ဥ)၊ ဗိုက်တာမင်နဲ့ သတ္ထုဓာတ် (ဟင်းသီးဟင်းရွက်စုံ)၊ အဆီဓာတ် တို့ပဲဖြစ်ပါတယ်။ နောက်တစ်ပွဲမှာစားဖို့အတွက် အကြောင်းပြချက်ကောင်းတစ်ခုပါပဲ။

၂၂။ Egg Tart (ဟောင်ကောင်)

170228170750-egg-tart.jpg 

အလည်မှာ ချိုမြိန်နူးညံ့တဲ့ ကြက်ဥနို့ပေါင်းကို ဋ္ဌာပနာလုပ်ထားပြီး ကြွပ်ရွတဲ့အနားသားရှိတဲ့ egg tart မုန့်လေးကတော့ မုန့်ဖိုထဲကထုတ်ပြီးခါစ ပူပူနွေးနွေးစားပေးရင် အကောင်းဆုံးပါပဲ။ ဟောင်ကောင်မြို့က ကော်ဖီဆိုင်၊ မုန့်ဆိုင်တိုင်းနဲ့ ဟိုတယ်တိုင်းမှာ ရရှိနိုင်ပြီး ဟောင်ကောင်မြို့သားတွေရဲ့ အနှစ်သက်ဆုံး မုန့်ပဲသရေစာတစ်မျိုးဖြစ်ပါတယ်။

၂၁။ Fish 'n' chips (အင်္ဂလန်)

160711115521-fish-and-chips-cnnfood.jpg 

၁၈၆၀ ပြည့်နှစ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ အစားအစာတစ်မျိုးဖြစ်တဲ့ Fish 'n' chips ကတော့ ယနေ့ထက်ထိတိုင်အောင် မရိုးနိုင်သေးပါဘူး။ အပြင်ပိုင်းမှာ ကြွပ်ရွပြီး အတွင်းပိုင်းမှှာ နူးညံ့နေတဲ့ အထိအတွေ့နဲ့ ဗြိတိသျှအစားအစာလေးဟာ အင်္ဂလန်မှာတော့ လူတန်းစားမရွေး နှစ်သက်ကြတဲ့ အစားအစာလေးပါ။ ဆား၊ ရှာလကာရည်၊ ကြက်ဥအနှစ်နဲ့ ရှာလကာရည်ရောထားတဲ့ tartar sauce တို့နဲ့ ခြံရံလိုက်ရင်တော့ အကောင်းဆုံးဆိုတဲ့ အရသာကို ရရှိခံစားနိုင်ပြီပေါ့။

၂၀။ ဖိုခေါက်ဆွဲ (ဗီယက်နမ်)

170306154511-pho.jpg 

ဗီယက်နမ်နိုင်ငံရဲ့ နာမည်အကြီးဆုံးနဲ့ နိုင်ငံတော်အစားအစာလို့တောင် ခေါ်ဆိုနိုင်တဲ့ ဖိုခေါက်ဆွဲရဲ့ အဓိကဆွဲဆောင်မှုကတော့ ဆန်ခေါက်ဆွဲနဲ့ တွဲဖက်ထားတဲ့ ဟင်းရည်ပါပဲ။ ဟင်းရည်ကို ကြက်သား (သို့) အမဲသားနဲ့ ပြုလုပ်ထားပြီး စပယ်ရှယ်ပါဝင်ပစ္စည်းနည်းနည်းနဲ့ တမူထူးကဲတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးရဲ့ မျှခြေညီမှုကလည်း အလွန်အရေးပါပြီး အားလုံးပေါင်းစပ်လိုက်ချိန်မှာတော့ စားဖူးသမျှထဲမှာ အနှစ်သက်ဆုံး ခေါက်ဆွဲတစ်ပွဲလို့ ခံစားသွားရစေမှာပါ။

၁၉။ အစိမ်းရောင်ဟင်း (ထိုင်း)

170306141533-green-curry.jpg 

Green Curry (အစိမ်းရောင်ဟင်း) ဟာလည်း ထိုင်းနိုင်ငံရဲ့ နာမည်ကျော် အစားအစာတစ်မျိုးပါပဲ။ အုန်းနို့အရသာကဲပြီး စပ်လည်းစပ်တဲ့ ဒီဟင်းလျာလေးကိုတော့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးလိုက်မယ်ဆိုရင် ဆွေမျိုးမေ့စေမှာပါ။ အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။

၁၈။ ပြင်သစ်ပေါင်မုန့်လိပ်

120618122313-best-croissant-in-paris.jpg 

ထောပတ်ကဲတဲ့ မုန့်အပေါ်ယံအလွှာ၊ နူးညံ့တဲ့ ပေါင်မုန့်အတွင်းသားတို့နဲ့အတူ ရက်စ်ဘယ်ရီယိုလေးနဲ့ အုပ်ထားတာက စားလိုက်ရင် ခံတွင်းထဲမှာပျော်ဆင်းပြီး တမူထူးကဲတဲ့ ပေါင်မုန့်အရသာသစ် တစ်မျိုးကို ရရှိစေနိုင်မှာပါ။ ပြင်သစ်လူမျိုးတွေဟာ ကမ္ဘာကျော်စားဖိုမှူးတွေကို မွေးထုတ်ပေးနိုင်တဲ့ လူမျိုးတွေဖြစ်ပြီး ပြင်သစ်ပေါင်မုန့်ကလည်း ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးလို့ လူသိများပါတယ်။ ကော်ဖီခါးခါးလေးနဲ့ တွဲဖက်လိုက်ရင် အကောင်းဆုံးပဲပေါ့။

၁၇။ Gelato (အီတလီရေခဲမုန့်)

160916111700-italy-food-gelato2-c-salvatore-farinajpg.jpg 

အီတလီမှာ နာမည်အကြီးဆုံး မုန့်ပဲသရေစာလေးကတော့ "Eat, Pray, Love" ရုပ်ရှင်ဇာတ်ကားကြောင့် လူသိပိုများလာခဲ့တာပါ။ အီတလီရေခဲမုန့်ကို လတ်ဆတ်တဲ့ပါဝင်ပစ္စည်းတွေနဲ့ပဲ ပြုလုပ်ထားပြီး ဆေးသကြားတွေ၊ လူလုပ်အရောင်တင်မှုန့်တွေ၊ အသင့်သုံးနို့မှုန့်တွေ မပါဝင်အောင် ရှောင်ရှားထားပါတယ်။ နောက်ပြီး သစ်သီးအရသာစုံကို ရောယှက်ထားပါတယ်။ သစ်သီးအရသာ သိပ်သည်းဆများပြီး အဆီဓာတ်နည်းတဲ့အတွက် gelato ဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့ ရေခဲမုန့်တစ်မျိုးပါ။

၁၆။ တူရကီအသားတုတ်ထိုးကင် (kebab)

170228170441-kebab.jpg 

တူရကီအစားအစာဆိုပေမယ့် တစ်ကမ္ဘာလုံးက ဆင့်ပွားယူလိုက်တဲ့ အသားကင်ယဉ်ကျေးမှုကတော့ kebab ပါပဲ။ ခင်ဗျားတို့၊ ကျွန်တော်တို့တွေ ညနေဘက် ဘီယာဆိုင်ထိုင်ရင် မှာစားတဲ့ အကင်တွေဆိုတာ kebab ရဲ့ မျိုးကွဲလို့လည်း ဆိုနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ kebab ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ မွေးစားယူထားကြပြီး မူလဘူတ kebab ကတော့ အသားနဲ့ အသီးအရွက်တွေကို ရောကင်ထားတာပါ။

၁၅။ အမေရိကန်ရေခဲမုန့်

170228141921-ice-cream.jpg 

အမေရိကန်စတိုင်လ် ရေခဲမုန့်ကတော့ အစေ့အဆန်တွေ၊ မက်ရှ်မဲလိုးတွေ၊ ချောကလက်ခရင်မ်တွေနဲ့ ရောစပ်ပြုလုပ်ထားပြီး ချိုမြိန်တဲ့အရသာကို အသားပေးပါတယ်။ ဇွန်းအရှည်ကြီးတွေနဲ့ ခပ်စားရတဲ့အတွက် ဖန်ခွက်အောက်ခြေမှာ အနည်ထိုင်နေတဲ့ အရသာတွေအထိ ခံစားနိုင်မှာပါ။ ကမ္ဘာ့အကောင်းဆုံးအစားအစာတစ်မျိုးအတွက် တစ်ခါတလေ ကယ်လိုရီတိုးတာလောက်ကတော့ သည်းခံသင့်ပါတယ်နော။

၁၄။ အင်ဒိုးနီးယား ဆာတေး

170306141855-satay.jpg 

ကမ္ဘာ့အကောင်းဆုံး အစားအစာစာရင်းထဲ ဝင်လာတဲ့ နောက်ထပ်အစားအစာတစ်မျိုးကတော့ အင်ဒိုးနီးရှားစတိုင်လ် ဆာတေးပါပဲ။ ဆာတေးကင်ဖို့ ပြင်ဆင်ချိန်က နေ့တစ်ဝက်လောက် ကြာနိုင်ပြီး စားလိုက်ရင် မိနစ်ပိုင်းအတွင်း ပြောင်သလင်းခါသွားနိုင်ပါသတဲ့။ ဘီယာအေးအေးလေးနဲ့ လိုက်ဖက်တဲ့ ဆာတေးအကင်ကို မြေပဲနံ့မွှေးတဲ့ ဆော့စ်လေးနဲ့တို့စားရတာကိုက ဘာနဲ့မှမတူတဲ့ အရသာပါပဲ။

၁၃။ စင်္ကာပူ ကြက်ဆီထမင်း

170302150650-chicken-rice-singapore.jpg 

စင်္ကာပူနိုင်ငံရဲ့ နိုင်ငံတော်အစားအစာလို့လည်း သမုတ်ကြတဲ့ ကြက်ဆီထမင်းကတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့ ရင်းနှီးပြီးသား အစားအစာတစ်မျိုးပါ။ ဆီနဲ့နယ်ထားတဲ့ ထမင်းကို ကြက်သားတုံးလေးတွေရယ်၊ သခွားသီးစိတ်လေးတွေရယ် ခြံရံပြီး တည်ခင်းထားတဲ့ အစားအစာတစ်မျိုးပါ။ ကြက်ကင်ကိုမှ ပဲငံပြာရည်ဆော့စ်ရယ်၊ ငရုပ်သီးနဲ့ ကြက်သွန်ဖြူဆော့စ်တွေနဲ့ တို့စားရတဲ့ ကြက်ဆီထမင်းမျိုးလည်း ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Source: CNN.Travel


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က