AD
AD
AD

ဖက်ထိုင်း (Phat Thai) ဆိုတာ နာမည်ကျော် ထိုင်းအစားအစာတစ်မျိုးဖြစ်ပြီး ရန်ကုန်က ထိုင်းစားသောက်ဆိုင်တွေမှာ ရရှိနိုင်ပါတယ်။ ဆန်ခေါက်ဆွဲကို ပင်လယ်စာ (သို့) ကြက်သား၊ ဝက်သားနဲ့ ပြုလုပ်ထားပြီး ပဲပင်ပေါက်၊ သံပုရာသီး၊ အသီးအရွက်တွေနဲ့ ရောပြီးသုပ်စားရတာပါ။ ဖက်ထိုင်းခေါက်ဆွဲက ထားဝယ်ဘက်က အစားအစာတစ်မျိုးဖြစ်တဲ့ ကက်ကြေးကိုက်နဲ့ ပုံသဏ္ဍာန်ဆင်တူပြီး သဘောတရားတော့ ကွဲပြားပါတယ်။ ဖက်ထိုင်းခေါက်ဆွဲကို အိမ်မှာလုပ်စားချင်သူများအတွက် ဖက်ထိုင်းလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ချက်ပြုတ်ချိန် မိနစ် (၃၀) ဝန်းကျင်လောက်ပဲ ကြာမြင့်မှာပါ။

ပါဝင်ပစ္စည်းများ

play

ပါဝင်ပစ္စည်းတွေကတော့ မြေပဲဆီ လက်ဖက်ရည်ဇွန်း (၅) ဇွန်း၊ ဆန်ခေါက်ဆွဲပြား (သို့) ညှပ်ခေါက်ဆွဲအခြောက် (၁၂) အောင်စခန့်၊ ကြက်ဥ (၃) လုံး၊ ကြက်သွန်ဖြူ (၄) တောင့်၊ ပုစွန်ဆိတ် အခွံချွတ်ပြီး အရွယ်တော် (၄) အောင်စခန့်၊ တို့ဟူး (၄) အောင်စ၊ ကြက်သွန်မြိတ် (၂) ပင်၊ ပဲပင်ပေါက်တစ်ခွက်ခန့်၊ ငံပြာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ မန်ကျည်းသီးအနှစ် လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း (၂) ဇွန်း၊ မြေပဲလှော် (၁/၄) ခွက်ခန့်၊ နံနံပင် မြေပဲလှော် (၁/၄) ခွက်ခန့်၊ ငရုပ်သီးစိမ်း (၂) တောင့်၊ သံပရာသီးတစ်လုံးတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

play
 

အရင်ဆုံး ဆန်ခေါက်ဆွဲခြောက်ကို ပန်းကန်တစ်လုံးထဲမှာ ရေနွေးဖျောထားပြီး အပေါ်ကနေ အဖုံးဖုံးထားလိုက်ပါ။ ပျော့ပျောင်းသွားဖို့ဆိုရင် ရေနွေးဆူဆူနဲ့ (၁၅) မိနစ်ခန့် စိမ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ပိုမိုပျော့ပြောင်းစေချင်တယ်ဆိုရင်တော့ (၁၅) မိနစ်ကျော်ရင် ရေနွေးတွေကို သွန်ပစ်ပြီး ရေအေးနဲ့ထပ်စိမ်ထားနိုင်ပါတယ်။

ဒယ်အိုးပြားတစ်လုံးထဲမှာတော့ medium high အပူချိန်မှာ ဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့်ကို အပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် ကြက်ဥတွေကိုဖောက်ထည့်ပြီး တစ်မိနစ်ခန့် မွှေကြော်ကြော်ပေးလိုက်ပါ။ ခနကြာရင် ကြက်ဥမွှေကြော်ကို ရရှိနိုင်ပါပြီ။ ရလာတဲ့ ကြက်ဥမွှေကြော်လေးကို ခနအအေးခံပြီးရင် အသားလှီးဘုတ်ပြား တစ်ချပ်ပေါ်မှာတင်ပြီး တစ်လက်မရဲ့ လေးပုံတစ်ပုံအရွယ် အမြှောင်းလေးတွေ ဖြစ်အောင်လှီးပြီး ဘေးဖယ်ထားလိုက်ပါ။

play

 

ဒယ်အိုးပြားထဲမှာ ကျန်နေသေးတဲ့ ဆီတွေကိုထည့်ပြီး မီးအပူချိန်ကိုတော့ high အထိ မြှင့်တင်ပေးလိုက်ပါ။ ဆီပူပြီဆိုရင်တော့ ကြက်သွန်ဖြူနဲ့ ပုစွန်ဆိတ်ကို ထည့်ပြီးချက်ပြုတ်ပေးလိုက်ပါ။ (၂) မိနစ်ခန့် ကြာရင်တော့ ပုစွန်လည်း အရောင်ပြောင်းလောက်ပါပြီ။ ဒယ်အိုးပြားထဲက ပုစွန်နဲ့ကြက်သွန်ဖြူကို ပန်းကန်ပြားတစ်ချပ်ထဲကို လှယ်ထည့်ထားပေးလိုက်ပါ။ ကျန်နေသေးတဲ့ တို့ဟူးရယ်၊ ကြက်သွန်မြိတ်ရယ်၊ ပဲပင်ပေါက်တစ်ဝက်ရယ်ကိုတော့ ဒယ်အိုးပြားထဲက ဆီကျန်လေးနဲ့ ဆီပူထိုးလိုက်ပြီး (၃) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ပုစွန်ဆိတ်ထည့်ထားတဲ့ ပန်းကန်ပြားထဲမှာပဲ ထည့်ထားပေးလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ဆန်ခေါက်ဆွဲရယ်၊ ကြက်ဥရယ်၊ ငံပြာရည်ရယ်၊ မန်ကျည်သီးအနှစ်ရယ်၊ သကြားရယ်ကိုတော့ ဒယ်အိုးပြားထဲကိုထည့်ပြီး ကြော်ပေးရမှာဖြစ်ပါတယ်။ ခေါက်ဆွဲကျက်လောက်ပြီဆိုရင် ခုနကပန်းကန်ပြားထဲမှာ ဖယ်ထားတဲ့ ပါဝင်ပစ္စည်းတွေကိုလည်း ဒယ်အိုးပြားထဲ ပြန်ထည့်ပေးလိုက်ပါ။ ခနနေရင်တော့ ဒယ်အိုးပြားထဲက ဖက်ထိုင်းခေါက်ဆွဲကြော်လေးကို ပန်းကန်ပြားတစ်ချပ်ထဲကို ပြန်ပြောင်းထည့်ပေးလိုက်ပါ။ အပေါ်ကနေ မြေပဲ၊ နံနံပင်၊ ငရုပ်သီးစိမ်း၊ ပဲပင်ပေါက်တို့နဲ့ အုပ်ပေးလိုက်ပါ။ သံပုရာသီးစိတ်လေးတွေကိုတော့ ပန်းကန်ပြားဘေးမှာ ညှစ်စားနိုင်အောင် ရံထားပေးလိုက်ပေါ့။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဖက်ထိုင်းခေါက်ဆွဲလေးကို ရရှိပါပြီနော်။

Source: Howtocookeverything

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD