CNN Travel ကဏ္ဍမှနေပြီး Facebook လူမှုကွန်ရက်ကနေတဆင့် မဲဆန္ဒကောက်ခံပြီး ကမ္ဘာတဝှမ်းလုံးက ပရိသတ်တွေ အနှစ်သက်ဆုံး အစားအစာတွေကို သတ်မှတ်နိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဘယ်အစားအစာတွေက အကောင်းဆုံးလဲ။ ဘယ်လိုစံနှုန်းတွေနဲ့ တိုင်းတာပြီး ဘယ်လိုအစားအစာမျိုးတွေကို အကောင်းဆုံးလို့ သတ်မှတ်ကြမှာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူနိုင်တဲ့အတွက် အကောင်းဆုံး အစားအစာအဖြစ် သတ်မှတ်ခံထားရတဲ့ အစားအစာအမျိုးအစားတွေကလည်း ကွဲပြားမှာပါပဲ။ ဒါပေမယ့် CNN Travel ကဏ္ဍမှနေပြီး Facebook လူမှုကွန်ရက်ကနေတဆင့် မဲဆန္ဒကောက်ခံပြီး ကမ္ဘာတဝှမ်းလုံးက ပရိသတ်တွေ အနှစ်သက်ဆုံး အစားအစာတွေကို သတ်မှတ်နိုင်ခဲ့ပါတယ်။ အဲဒါတွေကတော့...



၁၂။ ကင်ချီ (ကိုရီးယား)

161211081001-gbs-kimchi.jpg 

တောင်ကိုရီးယားနိုင်ငံမှာတော့ ဒီရိုးရာအစားအစာလေးကို စားသောက်ဆိုင်တိုင်းမှာ အလကားပေးတတ်ကြပါတယ်။ ကိုရီးယားလူမျိုးတိုင်း ကင်ချီမပါရင် ဘာမှမစားတတ်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မုန်လာဥအဖြူ၊ ဂေါ်ဖီထုပ်စတာတွေကို အချဉ်ဖောက်ထားတဲ့ ဒီရိုးရာအစားအစာလေးကို ကမ္ဘာတဝှမ်းလုံးမှာ နှစ်သက်ကြပြီး ကိုရီးယားအစားအစာတွေနဲ့သာမက တခြားအစားအစာတွေနဲ့ တွဲဖက်လို့လည်း လိုက်ဖက်ညီပါတယ်။

၁၁။ Lasagna (အီတလီ)

140430115517-06-comfort-foods.jpg 

Lasagna ဆိုတာ အီတလီအစားအစာတစ်မျိုးဖြစ်ပြီး ပီဇာထက်တောင်မှ နာမည်ကြီးတဲ့ ဥရောပအစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ ပါစတာခေါက်ဆွဲအလွှာကို ခရမ်းချဉ်သီးဆော့စ်ရောပြီး အသားကို နုတ်နုတ်စင်းပြီး ချက်ထားတာနဲ့ ရောထားတဲ့ အစားအစာလေးကို ကလေးတွေရော ဆယ်ကျော်သက်လူငယ်တွေပါ နှစ်သက်ကြပါတယ်။ ဥရောပလူငယ်တွေကြားမှာ ရေပန်းစားတဲ့ အစားအစာလေးပါ။

၁၀။ Massaman ဟင်း (ထိုင်း)

170228162042-massaman-curry.jpg 

ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ဟင်းလျာတစ်မျိုးတော့ မဟုတ်ပေမယ့် ထိုင်းဟင်းလျာတွေရဲ့ ဘုရင်တစ်ပါးကတော့ Massaman ဟင်းပါပဲ။ အုန်းနို့အရသာ၊ အစပ်အရသာ၊ ချိုမြမြအရသာတွေ ရောစွက်နေပြီး ပေါင်းစည်းလိုက်ချိန်မှာတော့ ထူးခြားတဲ့ထိုင်းဟင်းလျာ အရသာကို ဖော်ဆောင်ပေးနိုင်မှာပါ။ ထမင်းဖြူပူပူလေးနဲ့သာ တွဲဖက်လိုက်ရင်တော့ ထိုင်းမှာပဲအပြီး နေချင်စိတ်ပါ ပေါက်လာပါလိမ့်မယ်။

၉။ ပီကင်းဘဲကင်

170228162429-peking-duck.jpg 

ပီကင်းဘဲကင် နူးနူးအိအိလေးကို ပဲငပိအနှစ်ရည်လေးနဲ့စိမ်ပြီး ပါးစပ်ထဲကို ပစ်ထည့်လိုက်ရတဲ့အရသာ၊ ဘဲကင်ပူပူလေးနဲ့ ဘီယာအေးအေးလေးကို တွဲဖက်ပြီး ဇိမ်ခံဖူးတဲ့သူတိုင်း ပီကင်းဘဲကင်ဟာ ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အစားအစာစာရင်းကို ထိုက်ထိုက်တန်တန်ဝင်ခဲ့တယ်ဆိုတာကို သိရှိပြီးဖြစ်မှာပါ။ မီးပျော့ပျော့လေးနဲ့ ဘဲလေးကိုကင်၊ ပြီးတော့မှ အပေါ်ကနေ ရသာဆီလေး သုတ်ထားတဲ့ ဘဲကင်ဟာ အရေပြားနဲ့အသားတင်မက အရိုးပါဝါးလို့ ကောင်းတာပါ။

၈။ ဂျပန်ရာမင်ခေါက်ဆွဲ

170306142318-ramen.jpg 

ဂျပန်တွေမှာ ဆိုရိုးစကားတစ်ခွန်း ရှိပါတယ်။ ရာမင်ခေါက်ဆွဲကောင်းတယ်လို့ ယူဆရင် အသံကျယ်ကျယ်ထွက်အောင် စားပြခြင်းက ချက်ပြုတ်ပေးတဲ့ စားဖိုမှူးကို လေးစားရာရောက်တယ်တဲ့။ ဂျပန်ရာမင် ခေါက်ဆွဲကလည်း ဟင်းရည်လေးတစ်ဇွန်း ခပ်သောက်လိုက်တာနဲ့ တစ်သက်တာလုံး ရာမင်ခေါက်ဆွဲရဲ့ အမာခံပရိသတ်ဖြစ်တော့မယ်ဆိုတာကို သိလိုက်ရမှာပါ။ အမျိုးကွဲတွေ အများကြီးရှိပြီး ရေညှိဟင်းချို (miso) နဲ့ ပြုလုပ်တဲ့ ရာမင်ခေါက်ဆွဲတွေကတော့ ထင်ရှားပါတယ်။

၇။ ဒင်းဆမ်း (ဟောင်ကောင်)

170303144901-hong-kong-food-history-dim-sum.jpg 

မန္တလေးမှာတော့ မနက်မိုးလင်းလို့ လက်ဖက်ရည်ဆိုင်ထိုင်ရင် လက်ဖက်ရည်ပူပူလေးနဲ့ ဒင်းဆမ်းလေး ဆွဲလိုက်ရတာက အရသာတစ်ခု။ ဒင်းဆမ်းတစ်ဖြစ်လဲ ဟောင်ကောင်အသားပေါင်း အမျိုးမျိုးရှိပြီး တရုတ်ရိုးရာ အစားအစာတစ်မျိုးဖြစ်ပါတယ်။ တရုတ်ပြည်မှာတော့ ဒါကို လူငယ်၊ လူကြီးမရွေး နှစ်ခြိုက်စွာစားသုံးကြပြီး ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေနဲ့ တရုတ်တန်းရှိတဲ့ နိုင်ငံတိုင်းမှာလည်း နာမည်ကျော်အစားအစာ တစ်မျိုးအဖြစ် ထင်ရှားပါတယ်။

၆။ ယိုးဒယားသင်္ဘောသီးထောင်း

170302150230-som-tam.jpg 

ချဉ်ချဉ်စပ်စပ် အရသာနဲ့ အမျိုးသမီးတို့ရဲ့ အသဲစွဲ ယိုးဒယားသင်္ဘောသီးထောင်းလေးကတော့ ကမ္ဘာ့အကောင်းဆုံး အစားအစာ စာရင်းထဲမှာ rank မြင့်တဲ့ နေရာတစ်ခုကို ထိုက်ထိုက်တန်တန် ရထားတာပါ။ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ပုစွန်ခြောက်၊ သင်္ဘောသီးစိမ်း၊ သခွားသီးတို့ကို အချိုးကျရောထောင်းထားပြီး လတ်ဆတ်တဲ့ သင်္ဘောသီးထောင်းလေးဟာ တစ်နေ့တာ စိတ်ဖိစီးမှုကို ကင်းဝေးစေတဲ့ stress free food လေးတစ်မျိုးပါ။

၅။ ဖက်ထိုင်းခေါက်ဆွဲ

170306142710-pad-thai.jpg 

ကမ္ဘာ့အကောင်းဆုံး အစားအစာစာရင်းရဲ့ ထိပ်ပိုင်းကိုတော့ ထိုင်းအစားအစာတွေကပဲ သိမ်းပိုက်ထားပါတယ်။ ခေါက်ဆွဲတစ်ပန်းကန်ထဲမှာ ပါဝင်ပစ္စည်းအများကြီးနဲ့ အာဟာရဓာတ် အများကြီးကို ဆောင်ကြဉ်းပေးနိုင်တယ်ဆိုလည်း မမှားတဲ့အစားအစာကတော့ ဖက်ထိုင်းခေါက်ဆွဲပါပဲ။ အရသာကလည်း ထိပ်ပိုင်းမှာရှိတဲ့ အစားအစာတစ်မျိုးလို့ ဆိုနိုင်ပါတယ်။

၄။ တုန်ရမ်းဟင်းချို

170306145011-tom-yam-goong.jpg 

ထိုင်းစာစားတိုင်း ဘာပဲစားစား အရည်သောက်အဖြစ် မပါမဖြစ်မှာရတာကတော့ တုန်ရမ်းဟင်းချိုလေးပါပဲ။ တုန်ရမ်းဟင်းချိုရဲ့ အရသာကို ကမ္ဘာကဘယ်လောက် နှစ်သက်လဲဆိုတော့ တုန်ရမ်းအရသာ ခေါက်ဆွဲခြောက်တွေ၊ နောက် ဟော့ပေါ့ဆိုင်တွေမှာတောင် တုန်ရမ်းအရသာ ဟော့ပေါ့ဆိုပြီး စီစဉ်ပေးထားရပါတယ်။

ပုစွန်ဖတ်လေးတွေ၊ မှိုဖတ်လေးတွေ၊ ခရမ်းချဉ်သီးဖတ်လေးတွေ၊ ကြက်သွန်မြိတ် ဖတ်လေးတွေနဲ့ ချဉ်ပြုံးပြုံးအရသာလေးက အအီပြေအနေနဲ့ကော အဓိကဟင်းချိုပွဲအဖြစ်နဲ့ပါ သောက်လို့အဆင်ပြေတာတော့ အမှန်ပါပဲ။

၃။ ဆူရှီ (ဂျပန်)

140422102716-sushi.jpg 

ဂျပန်နိုင်ငံဟာ Sony, Nintendo, Toyota စတဲ့ လျှပ်စစ်ပစ္စည်း Brand တွေနဲ့သာမက ရိုးရာအစားအစာတွေနဲ့လည်း ကမ္ဘာကိုထိုးဖောက်ပါတယ်။ အဲဒီထဲမှာ ဆူရှီဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ထမင်းကို တခြားအဆာပလာတွေနဲ့ရောပြီး ရေညှိနဲ့ပတ်ပြီး လိပ်ထားတဲ့ ရေညှိထမင်းလိပ်လေးတွေကို မနှစ်သက်တဲ့သူ ရှားပါလိမ့်မယ်။ ယမ်းစိမ်းလေးနဲ့ တို့စားလိုက်၊ ရေနွေးကြမ်းအေးအေးလေး သောက်လိုက်နဲ့ဆို ဆူရှီ (၃) ပွဲလောက် ဗိုက်ထဲထည့်လိုက်ရင် တစ်ပတ်စာ စိတ်မွန်းကျပ်မှုတွေ အတိုင်းအတာတစ်ခုထိ ပြေပျောက်သွားမှာပါ။

၂။ Nasi goreng (အင်ဒိုနီးရှား)

170306143034-buba-nasi-goreng.jpg 

ကမ္ဘာ့အကောင်းဆုံး အစားအစာအဖြစ် Facebook voting အများဆုံးရထားတာကတော့ အင်ဒိုနီးရှားအစားအစာတွေပါ။ ထမင်းဖြူကို ကြက်ဥ၊ ကြက်သား၊ ပုစွန်တုပ်တို့နဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ အစားအစာတစ်မျိုးဖြစ်ပြီး ဒီထမင်းကြော်ဟာ ကမ္ဘာ့အကောင်းဆုံး အစားအစာတစ်မျိုးအဖြစ် CNN Travel ရဲ့ပရိသတ်တွေက တစ်ညီတစ်ညွတ်တည်း ထောက်ခံထားကြပါတယ်။ Voting အားဖြင့်ဆိုရင် ဒီအင်ဒိုနီးရှားထမင်းကြော်လေးဟာ ထိုင်းထမင်းကြော်ထက် မဲအရေအတွက် (၁၀) ဆကျော်သာနေပါတယ်။

၁။ Rendang (အင်ဒိုနီးရှား)

170306143659-rendang.jpg 

ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အစားအစာအဖြစ် ထောက်ခံမှုအများဆုံး ရရှိထားတာကတော့ အင်ဒိုနီးရှား အစားအစာတစ်မျိုးဖြစ်တဲ့ Rendang ပဲဖြစ်ပါတယ်။ အမဲသားကို အုန်းနို့နဲ့ရောချက်ထားတဲ့ ဟင်းလျာလေးမှာ ကမ္ဘာ့အရသာအရှိဆုံး အစားအစာဆိုတဲ့ ဂုဏ်ထူးကိုရရှိဖို့အတွက် ထူးခြားချက်တွေ ရှိနေမှာတော့ အမှန်ပါပဲ။ ကြက်သွန်မြိတ်၊ ဂျင်း၊ ငရုပ်သီး စတဲ့ဟင်းခတ်တွေလည်း ထည့်ထားပြီး နူးအိနေတဲ့ အမဲသားဟင်းလျာလေးက ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီနေစေမှာပါ။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က