အရင်တုန်းကတော့ ဟော့ပေါ့ဆိုရင် စားတော့စားကြပေမဲ့ ဒီနှစ်ထဲမှာ ဟော့ပေါ့မှဟော့ပေါ့ဆိုပြီး ဖြစ်လာတယ်။

အရသာ အသစ်အဆန်းတွေကို မြည်းစမ်းချင်ကြတဲ့ အရသာ ပရိသတ်ကြီးဟာ အစားတစ်မျိုးတည်း၊ အရသာတစ်မျိုးတည်းကိုပဲ တစ်သက်လုံး စားနိုင်မှာတော့ မဟုတ်ဘူးမို့လား။ ကိုယ်ကြိုက်တဲ့ အစားအစာဆို ဘယ်လောက်စားစား မရိုးနိုင်ဘူး။ ဒါပေမဲ့ ကြိုက်တာကလည်း တစ်ခုတည်းမဟုတ်တော့ စားပြီးရင်းစားတဲ့ အစားတစ်လိုင်း ဖြစ်ဖြစ်လာတယ်။ ၂၀၁၇ ခုနှစ်ထဲမှာဆိုရင် မြန်မာနိုင်ငံမှာ အရမ်းကို ရေပန်းစားသွားတဲ့ အစားအစာတွေကတော့ အသစ်တွေအတော်များတယ်။ အရသာပရိသတ်ကြီးရော ဘယ်နှမျိုးလောက် စားဖြစ်ခဲ့လဲဆိုတာ ကြည့်ကြည့်ပါဦး။



၁။ မာလာရှမ်းကော

ytMRHbG.jpg 

တရုတ်စီချွမ်အစားအစာ တစ်မျိုးဖြစ်တဲ့ မာလာရှမ်းကော (ထုံမွှေးစပ်အိုး) ကတော့ အရမ်းကိုဟော့အဖြစ်ဆုံးပါပဲ။ ဟင်းသီးဟင်းရွက်တွေကို ထုံထုံစပ်စပ်လေးဖြစ်အောင် မာလာအနှစ်နဲ့ ခပ်စပ်စပ်လေး ချက်ထားတာဆိုတော့ အစပ်ကြိုက်သူတွေအတွက် ချွေးတွေအဆက်မပြတ်ထွက်ပြီး ရေအဆက်မပြတ်သောက်နေရတဲ့ အစားအစာပေါ့။

၂။ အကင်နဲ့ဟော့ပေါ့

25434285_1952137848385173_44905682_o.jpg 

အရင်တုန်းကတော့ ဟော့ပေါ့ဆိုရင် စားတော့စားကြပေမဲ့ ဒီနှစ်ထဲမှာ ဟော့ပေါ့မှဟော့ပေါ့ဆိုပြီး ဖြစ်လာတယ်။ အကြောင်းကတော့ ဈေးသက်သာတဲ့ ဟော့ပေါ့တွေ၊ အဝစား ဟော့ပေါ့ဆိုင်တွေ ပေါများလာပြီး အကင်နဲ့ပါ တွဲရနိုင်တာဆိုတော့ " အကင်နဲ့ဟော့ပေါ့" ဟာလည်း ၂၀၁၇ အစားအသောက် trend မှာ ထိပ်တန်းဖြစ်လာခဲ့တယ်။

၃။ အဝစားဘူဖေး

the-seamless-for-food-waste-lets-you-eat-at-buffets-for-as-little-as-2.jpg 

ဟော့ပေါ့ဘူဖေး၊ အကင်ဘူဖေး ၊ ဟော့ပေါ့နဲ့အကင် ဘူဖေး ၊ ဆူရှီဘူဖေး ၊ မြန်မာထမင်းဟင်းဘူဖေး စတာတွေက ဒီနှစ်ထဲမှာ လူတွေအစားအများဆုံး ဘူဖေးတွေပါပဲ။ တချို့ဘူဖေးတွေဆိုရင် နယ်မှာနာမည်ကြီးလို့ ရန်ကုန်အထိတောင် လာဖွင့်တာမျိုးလည်း ရှိသေးတယ်။ ၂၀၁၇ ခုနှစ်ကတော့ အဝစား ဘူဖေးနှစ်ပါပဲ။

၄။ ညဈေးတန်းကစားစရာတွေ

21998746780_85d318f145_k.jpg 

ရန်ကုန်မှာဆိုရင် ကမ်းနားလမ်းညဈေးက အရမ်းကိုစည်ကားခဲ့တယ်။ ပြီးတော့ night market အမည် အမျိုးမျိုးနဲ့ ညဈေးတန်းတွေကလည်း လူတွေအတွက် အသစ်အဆန်းတစ်ခုလို ဖြစ်ခဲ့တယ်။ ညဈေးတန်းတိုင်းလိုလိုဟာ အမြဲလိုလို စည်ကားနေခဲ့ပါတယ်။

၅။ ပင်လယ်စာ

getlstd-property-photo.jpg 

အရင်တုန်းကတော့ ပင်လယ်စာဆိုတာ မြန်မာတွေအတွက်တော့ ပင်လယ်ကမ်းခြေရောက်တဲ့ အချိန်မျိုးကလွဲရင် အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားအတွက် လက်လှမ်းမမီခဲ့ပါဘူး။ သယ်ယူပို့ဆောင်ရေးတွေ လွယ်ကူလာတဲ့နောက်မှာတော့ ပင်လယ်စာတွေကို အရင်အချိန်တွေကထက် အများကြီး လွယ်ကူစွာနဲ့ ဝယ်ယူလို့ရလာခဲ့ပါတယ်။ ပင်လယ်စာဆိုင်တွေ အလျှိုအလျှို ပေါ်လာခဲ့သလို အွန်လိုင်းကနေမှာလိုက်ရင် အိမ်အထိ အရောက်လာပို့တဲ့ ဝန်ဆောင်မှုတွေကြောင့် ပင်လယ်စာကို ပိုပြီးစားဖြစ်လာခဲ့ကြပါတယ်။ အထူးသဖြင့်တော့ ဂဏန်းဆိုမှဂဏန်း ပြောရလောက်အောင် ဂဏန်းဟင်း အမျိုးမျိုးဟာ ဘယ်အချိန်ရောင်းရောင်း ရောင်းကောင်းခဲ့ပါတယ်။

၆။ ယိုးဒယားစာများ

maxresdefault.jpg 

ယိုးဒယားဘက် အစားအစာ အတော်များများလည်း လူကြိုက်များခဲ့တယ်။ ပြီးတော့ အွန်လိုင်းကနေ တစ်ဆင့်ပြန်ရောင်းချတဲ့ ယိုးဒယား အစားအစာတွေဆိုလည်း အတော်လေးကို ဝယ်ယူခဲ့တာ တွေ့ရပါတယ်။

၇။ Bubble milk tea

o.jpg 

ပုလဲသီးလေးတွေနဲ့ မစ်ရှိတ်ခ် လက်ဖက်ရည်ကလည်း ဒီနှစ်ထဲမှာ ခေတ်စားခဲ့တယ်။ အထူးသဖြင့်တော့ အအေးဆိုင်အသေးလေးတွေ ပိုများလာပြီးတဲ့နောက်မှာ ရွေးချယ်စရာ ပိုများလာတယ်။ အရသာ ပိုစုံလာတယ်။ အဲ့တာကြောင့်မို့လို့ ပုလဲသီးမစ်ရှိတ်ခ်တွေကလည်း ၂၀၀၇ ခုနှစ်ရဲ့ မြန်မာအကြိုက် အစားအသောက်စာရင်းထဲ ထည့်လိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က