ပြောင်းဖူးချစ်သူတွေမှန်ရင် ပြောင်းဖူးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကိုလည်း သိထားသင့်တာပေါ့။

နေ့လည်ထမင်းစားပြီးချိန်မှာ ပြောင်းဖူးပြုတ်ပူပူလေးတစ်ဖူးဝယ်ပြီး တစ်စေ့ချင်းခြွေစားရင်း အတင်းပြောရတဲ့ အရသာကို မိန်းကလေးတွေ ပိုသိကြမှာပါ။ ပြောင်းဖူးဟာ သဘာဝအတိုင်း ချိုမြိန်တဲ့အရသာကို ပေးစွမ်းနိုင်ပြီး စားလို့ကောင်းတဲ့ အစားအစာလေးပါ။



 

ပြုတ်စားလို့ရသလို၊ ဖုတ်စားလို့လည်းရပါတယ်။ အချိန်ပေးနိုင်မယ်ဆိုရင် ပြောင်းဖူးစေ့လေးတွေကို ငရုပ်ဆုံထဲထည့်ထောင်းပြီး အကြော်မှုန့်နဲ့ ရောကြော်စားလို့လည်း ရပါသေးတယ်။ ပြောင်းဖူးချစ်သူတွေမှန်ရင် ပြောင်းဖူးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကိုလည်း သိထားသင့်တာပေါ့။

၁။ အစာကြေစေတယ်

47.jpg 

ပြောင်းဖူးထဲမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဆိုပြီး အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်တွေဟာ ဂျယ်လ်ပုံစံအရည်တစ်မျိုးအဖြစ် ပြောင်းလဲခြင်းဖြင့် ခန္ဓာကိုယ်မှ ကိုလက်စ်ထရောစုပ်ယူမှုကို တားဆီးပေးနိုင်သလို မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကတော့ အစာအိမ် အူလမ်းကြောင်းတလျှောက်ကို ချောမွေ့စေခြင်းဖြင့် ဝမ်းချုပ်ရောဂါနဲ့ တခြားအစာအိမ်ရောဂါတွေကို တားဆီးပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြောင်းဖူးက အစာကြေစေလွယ်စေနိုင်ပါတယ်။

၂။ သွေးအားကောင်းစေတယ်

ဗိုက်တာမင်ဘီတွဲနဲ့ ဖောလစ်အက်ဆစ် လျော့နည်းခြင်းက ခန္ဓာကိုယ်မှာ သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပြောင်းဖူးထဲမှာ သံဓာတ်၊ ဗိုက်တာမင်ဘီတွဲနဲ့ ဖောလစ်အက်ဆစ်တို့ အထူးကြွယ်ဝစွာ ပါဝင်တဲ့အတွက် သွေးအားကောင်းစေပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေ ပြောင်းဖူးပြုတ်များများ စားပေးသင့်ပါတယ်။

၃။ ခွန်အားတိုးစေတယ်

29.jpg 

ပြောင်းဖူးဟာ ကစီဓာတ်များတဲ့ သီးနှံတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်စွမ်းအင် တိုးစေဖို့အတွက် လိုအပ်တဲ့ ကာဘိုဟိုက်ဒရိတ်လည်း ပမာဏများစွာ ပါဝင်ပါတယ်။ နောက်ပြီး ပြောင်းဖူးက ဦးနှောက်နဲ့ အာရုံကြောစနစ် လုပ်ဆောင်မှုအတွက် လိုအပ်တဲ့စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ပြောင်းဖူးမှုန့်တစ်ခွက်မှာ ကာဘိုဟိုက်ဒရိတ် (၂၉) ဂရမ်ပါဝင်တဲ့အတွက် ကာဘိုဟိုက်ဒရိတ် လိုအပ်တဲ့ အားကစားသမားတွေ စားသုံးပေးသင့်ပါတယ်။

၄။ ကိုလက်စ်ထရောကျစေတယ်

ကိုလက်စ်ထရောကို အသည်းကထုတ်လုပ်တာဖြစ်ပြီး ကောင်းတဲ့ကိုလက်စ်ထရောနဲ့ ဆိုးတဲ့ ကိုလက်စ်ထရောဆိုပြီး နှစ်မျိုးရှိပါတယ်။ မကောင်းတဲ့ ကိုလက်စ်ထရောတွေဟာ အဆီများတဲ့ အစားအစာတွေ စားခြင်းကြောင့် ဖြစ်တတ်ပြီး နှလုံးနဲ့ နှလုံးသွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ပြောင်းဖူးအချိုမှာ ဗိုက်တာမင်စီ၊ ကာရိုတီးနွိုက်နဲ့ ဘိုင်အိုဖလာဗွိုက်တို့ ကြွယ်ဝပြီး ကိုလက်စ်ထရော ပမာဏကို ထိန်းချုပ်ပေးခြင်းဖြင့် နှလုံးကို ကျန်းမာစေပါတယ်။

၅။ ဆီးချိုရောဂါကာကွယ်နိုင်တယ်

42.jpg 

ပြောင်းဖူးလိုမျိုး အော်ဂဲနစ်သီးနှံတွေဟာ ဆီးချိုရောဂါလက္ခဏာတွေကို ကာကွယ်နိုင်ပါတယ်။ ပြောင်းဖူးထဲမှာပါဝင်တဲ့ ဖိုက်တိုဓာတု ပစ္စည်းတွေဟာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလီစုပ်ယူခြင်းနဲ့ ထုတ်လုပ်ခြင်းကို တားဆီးပေးနိုင်ပြီး ဆီးချိုသမားတွေ ဆီးချိုဆောင့်တက်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပြောင်းဖူးဟာ ပန်တိုသီးနစ်အက်ဆစ် ကြွယ်ဝတဲ့အတွက် ကျောက်ကပ်ဂလင်းတွေ အလုပ်လုပ်ဆောင်ပုံကိုလည်း ထောက်ကူပေးနိုင်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က