ဦးခင်မောင်တိုးရဲ့ "ဆယ်လ်မွန်ငါးတို့အပြန်" သီချင်းကိုနားထောင်ပြီး ရေဆန်ကိုဆန်တက်တဲ့ ဆယ်လ်မွန်ငါးတို့ရဲ့ ဇာတိချစ်စိတ်နဲ့ ဇွဲကို အားကျဖူးမှာပေါ့။

ဦးခင်မောင်တိုးရဲ့ "ဆယ်လ်မွန်ငါးတို့အပြန်" သီချင်းကိုနားထောင်ပြီး ရေဆန်ကိုဆန်တက်တဲ့ ဆယ်လ်မွန်ငါးတို့ရဲ့ ဇာတိချစ်စိတ်နဲ့ ဇွဲကို အားကျဖူးမှာပေါ့။ အဲဒီလို အားကျဖွယ် ဇွဲ၊ လုံ့လကို ပိုင်ဆိုင်တဲ့ ဆယ်လ်မွန်ငါးတွေရဲ့ အသားဟာ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အထူးသဖြင့် အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝတဲ့အတွက် ကျောင်းသားလူငယ်များနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်လျော်ပါတယ်။ ဆယ်လ်မွန်ငါးရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲဆိုတော့...



၁။ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်

1.-Good-For-The-Heart.jpg 

ဆယ်လ်မွန်ငါးက အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝတာကိုတော့ အများသိထားကြပြီးသားပါ။ EPA နဲ့ DHA ကတော့ ဆယ်လ်မွန်ငါးထဲမှာ တွေ့ရလေ့ရှိတဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ် အမျိုးအစားတွေပါ။ အဲဒီအက်ဆစ်တွေက မကောင်းတဲ့ ကိုလက်စ်ထရောပမာဏကို လျော့ကျစေပြီး သွေးတွင်းအဆီပိုတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် သွေးကိုသန့်စင်စေပြီး နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကင်းစင်စေပါတယ်။

၂။ ဝိတ်ကျစေတယ်

1.jpg 

ဆယ်လ်မွန်ငါးရဲ့ ပရိုတိန်းနဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝမှုတို့က ခန္ဓာကိုယ်အဆီအပေါ်မှာ ကြီးမားစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ပရိုတိန်းဓာတ်တွေက အစာကြေဖို့ ခက်ခဲတာကြောင့် ခန္ဓာကိုယ်ထဲမှာ အချိန်ကြာကြာရှိနေတော့ ဗိုက်ပြည့်နေစေပါတယ်။ ဒီတော့ အစားတွေအများကြီး မစားဖြစ်တော့ဘူးပေါ့။

အိုမီဂါသရီးအက်ဆစ်ကတော့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသလို ခန္ဓာကိုယ်ထဲက အဆီပိုတွေကိုလည်း တိုက်ဖျက်ပေး နိုင်ပါတယ်။ ဒါကြောင့် ဝိတ်ကျချင်သူတွေကို ဆယ်လ်မွန်ငါး များများစားဖို့ အာဟာရဗေဒ ပညာရှင်တွေက တိုက်တွန်းကြတာ ဖြစ်ပါတယ်။

၃။ ရောင်ရမ်းခြင်းကို လျှော့ချပေးတယ်

ရောင်ရမ်းခြင်း (inflammation) ဆိုတာ သွေးဖြူဥဆဲလ်တွေ ဖောက်လွှဲဖောက်ပြန် ဖြစ်ရာက အရေပြားနဲ့ အရိုးအဆက်တွေမှာ ဒဏ်လာဖြစ်ရတာပါ။ ရောင်ရမ်းခြင်းကြောင့် ဝိတ်တက်ခြင်း၊ အဆစ်အမြစ် ရောင်ရမ်းနာကျင်ခြင်း၊ သည်းခြေရည်များပြားခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဆယ်လ်မွန်ငါးထဲမှာပါဝင်တဲ့ EPA နဲ့ DHA တို့ကတော့ ဟော်မုန်းတွေကို ထိန်းညှိပေးပြီး ရောင်ရမ်းခြင်း (inflammation) ကို ဖြစ်စေတဲ့ အကြောင်းတရားတွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

၄။ ဉာဏ်ပိုကောင်းစေတယ်

7.-Excellent-Source-Of-Protein.jpg 

ဆယ်လ်မွန်ငါးထဲက အိုမီဂါးသရီး ဖက်တီးအက်ဆစ်ဟာ ဦးနှောက်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် အလွန်အရေးပါပါတယ်။ အိုမီးဂါသရီး ဖက်တီးအက်ဆစ်ဟာ သဘာဝအရကို ဦးနှောက်နဲ့ အာရုံကြောပိုင်းအတွက် အားဖြည့်ပေးနိုင်တာပါ။ ဦးနှောက်ထဲက အာရုံကြောဆဲလ်လေးတွေ အသစ်တဖန်မွေးဖွားစေဖို့နဲ့ အာရုံကြောဆဲလ်တွေကြားမှာ ပိုမိုထိရောက်မှုရှိရှိ ဆက်နွယ်နိုင်ဖို့ အိုမီဂါသရီးက ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဆယ်လ်မွန်ငါးကို ပုံမှန်စားပေးမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောကျန်းမာရေးအတွက် အထူးအကျိုးရှိစေနိုင်မှာပါ။

၅။ ကင်ဆာကာကွယ်ပေးတယ်

5.-Fights-Cancer.jpg 

ခန္ဓာကိုယ်ထဲမှာ ကင်ဆာအနာဖြစ်ရတာက အိုမီဂါသရီးနဲ့ အိုမီဂါစစ် ဖက်တီးအက်ဆစ်တွေ မညီမမျှဖြစ်ရာကနေ အဆိပ်အတောက်တွေစုလာပြီး ဆဲလ်ဖောင်းကားခြင်း၊ ဆဲလ်မှာ အနာဖြစ်ခြင်း စတာတွေ ဖြစ်လာရတာပါ။ မိမိရဲ့နေ့စဉ်အစားအသောက်ထဲမှာ ဆယ်လ်မွန်ငါးကို ထည့်ပေးမယ်ဆိုရင်တော့ ရောင်ရမ်းခြင်းနဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲက လျှော့ချပေးနိုင်တဲ့အတွက် ကင်ဆာအန္တရာယ်ကို ကြိုတင်ကာကွယ်တာနဲ့ အတူတူပါပဲ။

၆။ ဗိုက်တာမင်ဒီ ကြွယ်ဝစေတယ်

ဗိုက်တာမင်ဒီဟာလည်း ကျွန်တော်တို့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဗိုက်တာမင်ဒီ ကြွယ်ဝရင် အရိုးတွေကို သန်မာစေခြင်း၊ Type 2 ဆီးချိုအန္တရာယ် ကာကွယ်နိုင်ခြင်း၊ နှလုံးထဖောက်နိုင်ခြေကို လျော့နည်းစေခြင်းတို့ကို ဖြစ်စေပါတယ်။ ညဘက်နောက်ကျမှအိပ်ပြီး မနက်နေဖင်ထိုးမှ အိပ်ယာထတတ်သူတွေဆို ဗိုက်တာမင်ဒီ အားနည်းနိုင်တဲ့အတွက် ဆယ်လ်မွန်ငါးကို မဖြစ်မနေစားပေးသင့်ပါတယ်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က