မိသားစုညစာ စားပွဲတွေမှာ တည်ခင်းဧည့်ခံလို့ရတဲ့ ခရစ္စမတ်ညစာလေး တစ်မျိုးပါ။

ခရစ္စမတ်ရာသီထဲ ရောက်နေပြီဆိုတော့ နေရာတကာမှာ ခရစ္စမတ်သစ်ပင်တွေ၊ ခရစ္စမတ် အလှဆင်မှုတွေကို မြင်တွေ့ရမှာပါ။ ခရစ္စမတ်မီးဆိုင်းတွေ၊ အနီရောင်နဲ့ အပြာရောင် အဆင်အယင်တွေနဲ့ ခရစ္စမတ်အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ ဒီဇင်ဘာလမှာ မိသားစုညစာစားပွဲလေးတွေ စားကြတဲ့အခါ ခရစ္စမတ်သစ်ပင်စတိုင်လ် အသီးအရွက်သုပ်လေးကိုကော ထည့်ချင်စိတ် မရှိကြဘူးလား။ ခရစ္စမတ် သစ်ပင်ပုံစံ ဖော်ထားတဲ့ ပန်းကန်တစ်ချပ်ကို ထမင်းစားစားပွဲပေါ်မှာ တင်ချင်တယ်ဆိုရင်တော့ ဆက်ဖတ်ပေးကြပါဦးနော်။

ပါဝင်ပစ္စည်းများ

461262343.jpg 

ပါဝင်ပစ္စည်းအဖြစ် ပန်းဂေါ်ဖီစိမ်း (၂) ပွင့်ခန့်၊ ဘလူးဘယ်ရီသီး (၁/၂) ခွက်၊ မုန်လာဥ (၂) တောင့်ခန့်၊ ကညွတ်တစ်စည်းခန့်၊ မုန်လာဥနီ တစ်တောင့်ခန့်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

marijasmine-chrsitmas-tree-salad.jpg 

ပြုလုပ်နည်းကလည်း အရမ်းလွယ်ကူပါတယ်။ အရင်ဆုံး ပန်းဂေါ်ဖီစိမ်းကို ပုံမှန်ကြော်စားရင် လုပ်နေကျအတိုင်း အဖတ်လေးတွေဖြစ်အောင် ခွဲထုတ်လိုက်ပါ။ ကညွှတ်ကိုလည်း အရိုးတွေကို ဖြတ်တောက် ထားပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ ပန်းဂေါ်ဖီဖတ်လေးတွေနဲ့ ကညွတ်ဖတ်လေးတွေကို (၅) မိနစ်ခန့်ကြာအောင် ရေလုံပြုတ်ပေးလိုက်ပါ။ ဒီနေရာမှာ ပန်းဂေါ်ဖီစိမ်းနဲ့ ကညွတ်ရဲ့ မူလအရောင်ဖြစ်တဲ့ အစိမ်းရောင်မပျောက်စေဖို့ကိုလည်း တစ်ချက်သတိထားပါ။ နောက်ပြီး ကျွတ်ကျွတ်ရွရွလေး ဖြစ်ရုံလောက်လေးပဲ ပြုတ်ပေးရမှာပါ။

 

အဲဒါပြုတ်ထားတုန်း မုန်လာဥ (အဖြူ) နဲ့ မုန်လာဥနီ (ခါကြက်ဥ) တို့ကို လက်မဝက်အရွယ်ခန့် အပြားပါးပါးလေးတွေဖြစ်အောင် လှီးထားပေးလိုက်ပါ။ ပြီးရင်တော့ ပုံပါအတိုင်း အဖြူရောင်အကွင်းလေးတွေနဲ့ ကြယ်ပုံလေးတွေဖြစ်အောင် ပုံဖော်ဖို့အတွက် ဓားပါးပါးထက်ထက်လေးတစ်လက်နဲ့ လှီးဖြတ်ပေးလိုက်ပါ။

ပန်းဂေါ်ဖီစိမ်းနဲ့ ကညွတ်လည်း ကြွပ်ကြွပ်ရွရွ အခြေအနေမှာပဲ ငါးမိနစ်လောာက် ရေလုံပြုတ်ပြီးပြီဆိုရင်တော ပန်းကန်ပြားအကြီး တစ်ချပ်ထဲမှာ ခရစ္စမတ်သစ်ပင်ပုံ ဖော်ရပါတော့မယ်။ ပန်းဂေါ်ဖီဖတ်လေးတွေကို သစ်ကိုင်းပုံဖော်ပြီး ကညွတ်ရိုးတံလေးတွေကိုတော့ ပင်စည်ပုံဖော်ပေးလိုက်ပါ။ ပြီးရင်တော့ ခုနကလှီးထားတဲ့ မုန်လာဥ (အဖြူဖတ်) အဝိုင်းလေးတွေ၊ ကြယ်ပုံဖော်ထားတဲ့ မုန်လာဥနီဖတ်လေးတွေ၊ ချယ်ရီခရမ်းချဉ်သီးလို့ခေါ်တဲ့ ခရမ်းချဉ်သီး သေးသေးလေးတွေ၊ ဘလူးဘယ်ရီသီးလေးတွေကို အပေါ်ကနေ အလှဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ခရစ္စမတ်သစ်ပင်စတိုင်လ် အသီးအရွက်သုပ်လေးကို ရရှိပါပြီ။ ဘေးမှာ မရောနိစ်ပန်းကန်လေးချထားပြီး တို့ထားလိုု့ရသလို ရောပြီးသုပ်စားလို့လည်း ရပါတယ်။ ဒါပေမယ့် မိမိအလှဆင်ထားတဲ့ ခရစ္စမတ်သစ်ပင်လေးကို ဓာတ်ပုံရိုက်ပြီး Facebook ပေါ် အရင်တင်လိုက်ဦးနော်။

Source: marijasmine

Share

Loading Next Article...
က္က