တကယ်တော့ ခနခနဗိုက်ဆာတယ်ဆိုတာ အစာခြေနှုန်းနဲ့ သိပ်မဆိုင်ဘဲ မိမိရွေးချယ်ထားတဲ့ အစားအစာတွေနဲ့ ပိုဆိုင်ပါတယ်။

"ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး" ပြီးမှ ပိုလေးရတယ်ဆိုတာ ဗိုက်ဆာလို့ မုန့်စားပါတယ်ဆိုမှ စားပြီးတိုင်း ဗိုက်ပိုဆာတတ်တာကို ပြောတာပါ။ တချို့ကတော့ ဒါကို မိမိတို့အစာအိမ် အစာခြေနှုန်း အရမ်းကောင်းလို့ ဗိုက်ခနခန ဆာရတယ်လို့ နောက်ပြောင်ပြီး ပြောတတ်ပါတယ်။

တကယ်တော့ ခနခနဗိုက်ဆာတယ်ဆိုတာ အစာခြေနှုန်းနဲ့ သိပ်မဆိုင်ဘဲ မိမိရွေးချယ်ထားတဲ့ အစားအစာတွေနဲ့ ပိုဆိုင်ပါတယ်။ နောက်ပြီးတော့ အဲဒီလို အစားအစာတွေကို ဗိုက်ဆာတိုင်းစားမိမယ်ဆိုရင် ကယ်လိုရီတွေတက်ပြီး ဝိတ်လည်းပိုများလာနိုင်ပါတယ်။

၁။ အမြန်ရအစားအစာတွေ

image-1-10.jpg 

ကျွန်တော်တို့တွေ အလုပ်များနေချိန်မှာ၊ အလျင်လိုနေချိန်မှာ အမြန်ရအစားအစာ (fast food) တွေကိုပဲ ဦးစားပေးရွေးချယ် တတ်ကြပါတယ်။ အဲဒီအမြန်ရ အစားအသောက်တွေမှာ ပြောင်းလဲဆီတွေ ပါဝင်ပြီး အဲဒီပြောင်းလဲဆီတွေဟာ စားချင် သောက်ချင်စိတ်ကို ဖြစ်စေတဲ့ အာရုံကြောလှုံ့ဆော်ပစ္စည်း (neurotransmitter) လေးတွေကို ခန္ဓာကိုယ်မှ ထုတ်လွှတ်ခြင်းကို လျော့နည်းစေပါတယ်။ ဒီလိုနဲ့ ခဏခဏဗိုက်ဆာစေပြီး

အစားပိုစားမိစေနိုင်ပါတယ်။

၂။ ပေါင်မုန့်ဖြူ

image-2-11.jpg 

ပေါင်မုန့်ဖြူစားခြင်းဟာ စားချင်သောက်ချင်စိတ်ကို များစွာမြင့်တက်စေနိုင်တယ်လို့ အဆိုရှိပါတယ်။ သုတေသနတစ်ခုအရတော့ ပေါင်မုန့်ဖြူကို တစ်နေ့ကို (၂) ကြိမ်၊ (၃) ကြိမ်ခန့် စားတတ်တဲ့သူတွေဟာ ဝိတ်တက်တတ်တယ်လို့လည်း သိရပါတယ်။

၃။ ဆေးသကြားများတဲ့ အချိုရည်တွေ

image-3-10.jpg 

ဈေးကွက်ထဲမှာ ရောင်းနေတဲ့ လူလုပ်ဆေးသကြားတွေ၊ ဆိုးဆေးတွေနဲ့ ပြုလုပ်ထားတဲ့ ဖျော်ရည်တွေမှာ လူလုပ်အရသာအတုတွေ၊ တာရှည်ခံဆေးတွေ၊ သကြားတွေပါဝင်ပြီး ခန္ဓာကိုယ်တွင်း အချိုဓာတ်ကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကိုမပေးဘဲ ခနခနဗိုက်ဆာစေပြီး ခန္ဓာကိုယ်အတွက် ပိုလျှံနေမယ့် သကြားဓာတ်တွေကိုပဲ ပေးပါတယ်။

၄။ ပေါက်ပေါက်နဲ့ အာလူးကြော်

image-6-8.jpg

ရုပ်ရှင်ကြည့်ရင် ထောပတ်ပေါက်ပေါက်နဲ့ အာလူးကြော်ဝါးတတ်တဲ့ အကျင့်ရှိရင် ပြင်လိုက်ပါ။ ဘာလို့လဲဆိုတော့ ဒါတွေက ဘယ်လောက်စားစား ဗိုက်ဝမယ့်အစားအစာတွေ မဟုတ်လို့ပါပဲ။ ဒါတင်မကသေးပါဘူး။ ဆားဓာတ်နဲ့ အဆီများတဲ့ အဲဒီအစားအစာတွေဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကိုလည်း ခမ်းခြောက်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အဲဒီအစားအစာတွေက အဆက်မပြတ် ဝါးနေမိတဲ့ အကျင့်ကိုလည်း ဖြစ်စေတော့ လူကိုဝိတ်တက်စေမှာ အမှန်ပါပဲ။

၅။ အယ်လ်ကိုဟောပါတဲ့ အရက်၊ ဘီယာ

image-7-9.jpg 

အယ်လ်ကိုဟောဓာတ်ပါဝင်တဲ့ အရက်၊ ဘီယာ၊ ဝိုင်တို့ကို သောက်သုံးခြင်းကလည်း လူကိုပိုမို ဆာလောင်စေပါတယ်။ ဘာလို့လဲဆိုတော့ အယ်လ်ကိုဟောဟာ Leptin ဆိုတဲ့ ဟော်မုန်းပမာဏကို လျော့နည်းစေပြီး အဲဒီဟော်မုန်းလျော့နည်းသွားခြင်းက လူကိုခနခန ဗိုက်ဆာစေပါတယ်။ ဒီလိုနဲ့ လိုတာထက်ပိုပြီး စားမိတတ်ပါတယ်။

၆။ အဖြူရောင်ပါစတာခေါက်ဆွဲ

image-9-8.jpg 

အဖြူရောင် ပါစတာခေါက်ဆွဲဟာ အီတလီအစားအစာတစ်မျိုးဖြစ်ပြီး ကာဘိုဟိုက်ဒရိတ်တွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီပါစတာ ခေါက်ဆွဲတွေကို စားခြင်းဟာ ပန်ကရိယဂလင်းထဲမှာ အင်ဆူလင်ပမာဏကို လျော့နည်းစေပြီး သွေးတွင်းအချိုဓာတ်ကိုလည်း လျော့ကျစေပါတယ်။ ဒီလိုနဲ့ ခနခန ဗိုက်ဆာတတ်လာပါလိမ့်မယ်။

Source: Youngisthan

Share

Loading Next Article...
က္က