ကြက်ဥစားရင် ကိုလက်စ်ထရောတက်တယ်ဆိုတဲ့ အမြင်တွေကို ဘေးဖယ်ထားလိုက်လို့ရပါပြီ။

ကြက်ဥဟာ အာဟာရအလွန် ကြွယ်ဝတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေများစွာ ပါဝင်တဲ့အပြင် ကြက်ဥထဲမှာပါဝင်တဲ့ ခိုလင်း (Choline) ဆိုတဲ့ အာဟာရဓာတ်က ဦးနှောက်ဆဲလ်နဲ့ တခြားအရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ လုပ်ဆောင်မှုအတွက် အလွန်အရေးပါပါတယ်။ နောက်ပြီး ကြက်ဥထဲမှာ ပါဝင်တဲ့ လူတိန်းနဲ့ ဇီဇန်သင်းဆိုတဲ့ antioxidant လေးတွေဟာ မျက်စိကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်လေးတွေပါပဲ။

 

ဆလတ်ရွက်ကတော့ အားလုံးသိထားကြပြီးသား လတ်ဆတ်တဲ့ ကျန်းမာရေးဟင်းသီးဟင်းရွက် တစ်မျိုးပါ။ အကြော်စားရင် ဆလတ်ရွက်ပန်းကန်ပါ ချပေးတယ်ဆိုတာ ဆီကြော်မုန့်တွေစားရင် ကိုလက်စ်ထရော တက်မှာစိုးလို့ ဆလတ်ရွက်နဲ့ ပြန်ထိန်းတဲ့သဘောပါ။ တစ်နည်းအားဖြင့် ဆလတ်ရွက်ဟာ ကိုလက်စထရော မတက်အောင် ထိန်းထားနိုင်တဲ့ နေရာမှာ ထင်ရှားပါတယ်။

 

ဆလတ်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ကိုလက်စ်ထရောပါဝင်မှုနည်းခြင်း၊ ကင်ဆာကာကွယ်နိုင်ခြင်း၊ အာရုံကြောဒဏ် မဖြစ်အောင် ကာကွယ်ခြင်း၊ အိပ်ပျော်စားဝင်စေခြင်းနဲ့ antioxidant ကြွယ်ဝခြင်းတို့ပဲ ဖြစ်ပါတယ်။

ကြက်ဥစားရင် ကိုလက်စ်ထရောတက်တယ်ဆိုတဲ့ အမြင်တွေကို ဘေးဖယ်ထားလိုက်လို့ရပါပြီ။ ကြက်ဥဆလတ်ထုပ် ဟင်းပွဲလေးဟာ ကြက်ဥကြောင့်ဖြစ်တဲ့ ကိုုလက်စ်ထရောတွေကို ဆလတ်ရွက် စားပေးခြင်းနဲ့ ပြန်ထိန်းပေးမှာဖြစ်ပြီး ခရစ္စမတ်ကာလမှာ မိသားစုဝင်တွေအတွက် ပျော်ရွှင်ဖွယ်ဟင်းပွဲလေးတစ်ပွဲကို ဖန်တီးပေးနိုင်မှာပါ။ စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း အဆင်ပြေစေမယ့် ဟင်းပွဲလေးပဲပေါ့။

ပါဝင်ပစ္စည်းများ

baking-without-eggs.jpg 

ကြက်ဥဆလတ်ထုပ်ကို ဖန်တီးဖို့အတွက် ကြက်ဥ (၄) လုံး၊ မရိုးနိစ် လက်ဖက်ရည်ဇွန်းနဲ့ (၁) ဇွန်း၊ ဟင်းမွှေးမဆလာ လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်း၊ ဆလတ်ရွက် (၁၂) ရွက်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

IMG_7262.JPG 

အရင်ဆုံး ဒယ်အိုးတစ်လုံးထဲမှာ ရေအေးနဲ့ ကြက်ဥကို အတူရောပြီးထည့်ပေးလိုက်ပါ။ ပြီးရင်တော့ (၄) မိနစ်ခန့်ကြာအောင် အပူပေးပြီး ကြက်ဥပြုတ်ပေးလိုက်ပါ။ ကြက်ဥပြုတ်ကျက်ရင်တော့ မီးဖိုပေါ်ကချပြီး ရေအေးထဲမှာ ခနလောက် ပြန်စိမ်ထားပေးလိုက်ပါ။ ခနကြာရင်တော့ ကြက်ဥကို အခွံခွာပြီး ပန်းကန်လုံး (အကြီး) တစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။ ကြက်ဥအားလုံးကို အခွံခွာပြီးပြီ ဆိုရင်တော့ ဇွန်းတစ်ချောင်းနဲ့ ကြက်ဥပြုတ်တွေကို ခြေပေးရပါမယ်။

ကြက်ဥအားလုံးကို သမအောင်ခြေပြီးပြီဆိုရင်တော့ ကြက်ဥထဲမှာ မရိုးနိစ်နဲ့ မဆလာမှုန့်ကို ရောထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ကြက်ဥပြုတ်၊ မရိုးနိစ်နဲ့ မဆလာမှုန့်တို့ကို သမအောင်နယ်ပေးလိုက်ပါ။ ပြီးရင်တော့ ဆလတ်ရွက်လေးတွေကို အောက်ကခံပြီး ဆလတ်ရွက်တစ်ရွက်ချင်းစီမှာ ကြက်ဥအနှစ်လေးတွေကို လိုက်ထည့်ပြီး ထုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ကြက်ဥဆလတ်ထုပ်လေးကို ရရှိပါပြီ။

Source: Stylecraze

Share

Loading Next Article...
က္က