ကမ္ဘာကျော် စွန့်စားသွားလာသူကြီး ခရစ္စတိုဖာ ကိုလမ်ဘတ်ကဆိုရင် သင်္ဘောသီးကို Fruit of the Angels (နတ်တမန်တော်တို့ရဲ့သီးနှံ) ဆိုုပြီး တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

သိပ္ပံအခေါ် Carica papaya ဖြစ်တဲ့ သင်္ဘောသီးဟာ အမေရိကတိုက်နဲ့ မက္ကစီကိုဘက်မှာ စတင်ပေါက်ဖွားတဲ့ သီးနှံတစ်မျိုးဖြစ်ပြီး အပူပိုင်းဒေသတွေမှာလည်း ပေါက်ရောက်နိုင်ပါတယ်။ ကမ္ဘာကျော် စွန့်စားသွားလာသူကြီး ခရစ္စတိုဖာ ကိုလမ်ဘတ်ကဆိုရင် သင်္ဘောသီးကို Fruit of the Angels (နတ်တမန်တော်တို့ရဲ့သီးနှံ) ဆိုုပြီး တင်စားခေါ်ဝေါ်ခဲ့ပါတယ်။

 

သင်္ဘောသီးကို ကျွန်တော်တို့ အာရှတိုက်မှာလည်း ပုံစံအမျိုးမျိုး လုပ်စားကြပါတယ်။ ထိုင်းလူမျိုးတွေက သင်္ဘောသီးအစိမ်းကို ယိုးဒယားသင်္ဘောသီးထောင်း လုပ်စားကြသလို သင်္ဘောသီးအမှည့်ကိုတော့ နို့ဆီ၊ သကြားတို့နဲ့ ပေါင်းစပ်ပြီး သစ်သီးဖျော်ရည် ဖျော်သောက်လို့ရပါတယ်။ သင်္ဘောသီးဟာ အရသာရှိတာတစ်ခုတည်း မကပါဘူး။ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေကတော့...

၁။ နှလုံးသွေးကြောတွေကို အားပေးတယ်

12.jpg 

သင်္ဘောသီးဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး သစ်သီးဝလံတစ်မျိုး ဖြစ်သည်နဲ့အားလျော်စွာ နှလုံးနဲ့ နှလုံးကျန်းမာရေးကိုလည်း ညီညွတ်မျှတအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ သင်္ဘောသီးမှာ ဗိုက်တာမင် အေနဲ့စီ ကြွယ်ဝပြီး ကိုလက်စ်ထရောတွေ အောက်ဆီဂျင်ဓာတ်ပြုခြင်းကို တားဆီးနိုင်တဲ့အတွက် နှလုံးသွေးခဲခြင်းကိုလည်း ဖြစ်စေမှာမဟုတ်ပါဘူးနော်။ ဒီတော့ နှလုံးထဖောက်ခြင်းမျိုးလို ရုတ်တရက်ထဖြစ်တတ်တဲ့ ရောဂါမျိုးတွေကို ရှောင်ကြဉ်နိုင်မှာပါ။

၂။ စက္ခုအာရုံအားနည်းခြင်းကို တားဆီးပေးတယ်

Papaya-–-A-Brief.jpg 

သက်ကြီးပိုင်းတွေကို သင်္ဘောသီးမှည့်လေးကို သံပုရာသီးစိတ်လေး ညှစ်ပြီးကျွေးတာ အကြောင်းတော့ရှိပါတယ်။ အသက်အရွယ် ရလာရင် စက္ခုအာရုံအားနည်းခြင်း (macular degeneration) ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သင်္ဘောသီးကို ပုံမှန်စားပေးမယ် ဆိုရင်တော့ အဲဒီလို မျက်စိအာရုံ အားနည်းခြင်းကို လျော့ပါးသက်သာစေမှာပါ။

ဘာလို့လဲဆိုတော့ သင်္ဘောသီးထဲမှာ ဇီဇန်သင်း (zeaxanthin) ဆိုတဲ့ antioxidant တစ်မျိုးပါဝင်ပြီး ဇီဇန်သင်းက မျက်စိမြင်လွှာထဲကို ဝင်လာတဲ့ ရောင်စဉ်တန်းတွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ သင်္ဘောသီးထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်အေ၊ ဘီတာကာရိုတင်းန်၊ ခရစ်ပ်တိုဇန်သင်း၊ လူတိန်းစတဲ့ အာဟာရဓာတ်တွေဟာ မျက်စိထဲက အညှိအချွဲအမြှေးပါးကို အားကောင်းအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

၃။ ကိုယ်ခံအားကောင်းစေတယ်

29.jpg 

ဆောင်းကလည်း အေးလာပြီဆိုတော့ ဖြစ်စရာရောဂါ (၂) မျိုးရှိပါတယ်။ အဲဒါတွေကတော့ ရေချိုးလို့ဖြစ်မယ့် ရောဂါနဲ့ ရေမချိုးလို့ ဖြစ်မယ့်ရောဂါတွေပါ။ ဆောင်းတွင်းမနက် ချမ်းချမ်းစီးစီးမှာ ရေထချိုးမိလို့ အအေးပတ်ပြီး ဖျားနိုင်သလို ရေမချိုးမိပြန်ရင်လည်း တစ်နေကုန်သွားထား၊ လာထားတာတွေနဲ့ ချွေးတွေငုပ်ပြီး အပူကန်ပြီး ဖျားနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီထဲ ဝင်နေပြီဆိုတော့ ကိုယ်ခံအား ကောင်းနေဖို့တော့ လိုပါတယ်။

ဒီကွက်လပ်လေးကို ဖြည့်ပေးဖို့ကတော့ သင်္ဘောသီးမှည့်တစ်လုံး ရှိရင်လုံလောက်ပါပြီ။ သင်္ဘောသီးထဲမှာ ပါဝင်တဲ့ antioxidant တွေဟာ ကိုယ်ခံအားကို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရစေနိုင်တဲ့ free radical တွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

၄။ အစာကြေစေတယ်

Aids-Digestion.jpg 

သင်္ဘောသီးရဲ့ နာမည်ကျော်ကျန်းမာရေး အကျိုးကျေးဇူး နောက်တစ်ခုကတော့ အစာခြေစနစ်ကို အထောက်အကူ ပြုနိုင်တာပါပဲ။ သင်္ဘောသီးဟာ ကိုယ်တိုင်လည်း အစာကြေလွယ်တဲ့ အသီးတစ်လုံး ဖြစ်သလို အစာအိမ်နဲ့ အူလမ်းကြောင်းထဲက တခြား အစားအစာတွေကိုလည်း ကြေလွယ်စေနိုင်ပါတယ်။

ရိုးရာဆေးနည်းတွေမှာဆိုရင် အစာမကြေခြင်း၊ လေထိုးလေအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အစာအိမ်နာကျင်မှုတို့အတွက် သင်္ဘောသီးကို ထည့်သွင်းအသုံးချ ကြပါတယ်။ ဒါဟာလည်း သင်္ဘောသီးရဲ့ အမျှင်ဓာတ်ကြွယ်ဝမှုနဲ့ papain ဆိုတဲ့ ပရိုတိန်းတွေကို အလွယ်တကူ ကြေပျက်စေမယ့် အင်ဇိုင်းတစ်မျိုးကြောင့်ပါပဲ။

Source: Stylecraze

Share

Loading Next Article...
က္က