ပန်ကိတ်ကို ပုံမှန်စားနေကျလို ပျားရည်လေးဆမ်းပြီး မစားတော့ဘဲ ပန်းဂေါ်ဖီစိမ်းနဲ့ ချိစ်ကို ရောစပ်ပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ဆမ်းစားရမှာပါ။

ပျော်ရွှင်ဖွယ် ခရစ္စမတ်အားလပ်ရက်လေး ဖြစ်ပါစေနော်။ ဒီနှစ်ခရစ္စမတ် အားလပ်ရက်မှာ ခရီးမသွားဘဲ အိမ်တွင်းအောင်းမယ် ဆိုသူများအတွက် ဥရောပစတိုင်လ် အစားအစာတစ်မျိုးကို စမ်းသပ်တီထွင်ထားတဲ့ ဟင်းလျာတစ်မျိုးကို မိတ်ဆက်ပေးချင် ပါတယ်နော်။ အဲဒါကတော့ ပန်းဂေါ်ဖီစိမ်း ချိစ်ပန်ကိတ်ပါပဲ။

ပန်ကိတ်ကို ပုံမှန်စားနေကျလို ပျားရည်လေးဆမ်းပြီး မစားတော့ဘဲ ပန်းဂေါ်ဖီစိမ်းနဲ့ ချိစ်ကို ရောစပ်ပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ဆမ်းစားရမှာပါ။ ပြုလုပ်ရလွယ်ကူသလို ခရစ္စမတ်မနက်စာအတွက် မိသားစုတစ်ခုလုံးကို ပျော်ရွှင်စေမယ့် ပန်ကိတ်လေးလည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

grated-parmesan-today-tease-160217_f9ef7604016457433d18c10f422ffcde.jpg 

Double Cream (၁၅၀) မီလီလီတာ၊ Parmesan cheese (အီတလီဒိန်ခဲအမာ) (၁၀၀) ဂရမ်၊ Cheddar cheese (ဒိန်ခဲအမာ) (၁၀၀) ဂရမ်၊ မရိုးနိစ် (၁၀၀) မီလီ လီတာ၊ နွားနို့ (၃၀၀) မီလီလီတာ၊ ကြက်ဥ (၂) လုံး၊ ထောင်းပြီးသား ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ဂျုံမှုန့်အလွတ် (၂) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Cheese-And-Broccoli-Pancake.jpg 

အရင်ဆုံး ဒယ်အိုးပြားအကြီးတစ်လုံးထဲမှာ double cream ကိုထည့်ပြီး ညင်သာစွာမွှေပေးလိုက်ပါ။ ပြီးမှ အမှုန့်ကြိတ်ထားတဲ့ cheddar cheese (ဒိန်ခဲအမာ) နဲ့ parmesan cheese (အီတလီဒိန်ခဲ) တို့ကိုပါ ဒယ်အိုးထဲရောထည့်ပြီး သမသွားသည်အထိ မွှေပေးလိုက်ပါ။ ပြီးရင် ဆားနည်းနည်းထပ်ရောပြီး ပါဝင်ပစ္စည်းအားလုံး ထူထဲစေးပျစ်တဲ့ ခရင်မ်ဆော့စ်အနှစ်တစ်မျိုး ဖြစ်လာသည်အထိ သေချာမွှေပေးလိုက်ပါ။

အဲဒီလိုလုပ်နေချိန်မှာ ပန်းဂေါ်ဖီဖတ်လေးတွေကိုတော့ ရေနွေးပူပူထဲမှာ (၂) မိနစ်ခန့် ရေနွေးဖျောထား ပေးရပါမယ်။ ပြီးရင်တော့ ဒယ်အိုးပြားနောက်တစ်လုံးထဲမှာ ပန်းဂေါ်ဖီပြုတ်ဖတ်လေးတွေရယ်၊ ရေအေးနည်းနည်းရယ်ကို ရောပြီး တည်ထားပေးလိုက်ပါ။ ခနကြာရင်တော့ ညက်နေအောင်ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ မရိုးနိစ်ကိုပါ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ခွက်တစ်ခွက်ထဲကို ပြောင်းလှယ်ထည့်ထားပေးလိုက်ပါ။

 

ပန်းကန်လုံးတစ်လုံးကိုယူပြီး ကြက်ဥရယ်၊ ဒိန်ခဲမှုန့်ရယ်၊ ဂျုံမှုန့်ရယ်၊ ဆားရယ်ကိုရောပြီး အနှစ်လေးဖြစ်အောင် ဖန်တီးပေးလိုက်ပါ။ ပြီးရင် နွားနို့နည်းနည်းကို ညင်သာစွာ ရောထည့်ပေးလိုက်ပါ။ နောက်ပြီးရင် သင်္ဘောဆေးလို ပျစ်သွားသည်အထိ ယောက်ချိုဇွန်းလေး တစ်ချောင်းနဲ့ မွှေပေးနေလိုက်ပါ။ မီးဖိုပေါ်မှာတော့ ဒယ်အိုးပြားကို မီးအပူပေးလိုက်ပြီး ထောပတ်နည်းနည်းထည့်ထားလိုက်ပါ။

ထောပတ်ဆီ အရည်ပျော်သွားပြီဆိုရင်တော့ ခုနက ယောက်ချိုဇွန်းနဲ့မွှေနေတဲ့ မုန့်နှစ်လေးကို ဒယ်အိုးပြားထဲလောင်းထည့်လိုက်ပါ။ ပြီးရင်အပေါ်က သံယောက်မလေးနဲ့ လိုက်ဖိပြီး ပန်ကိတ်လေးဖြစ်အောင် ကြော်ပေးနိုင်ပါပြီ။ တစ်မိနစ်ခန့်ကြာရင် ထက်အောက်လှန်ပေးပြီး နှစ်ဖက်စလုံး အညိုရောင်နုနုလေး သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။

ပန်ကိတ်ကျက်ပြီဆိုရင် ပန်းကန်ပြားတစ်ချပ်ထဲထည့်ပြီး ခုနကပြုလုပ်ထားတဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ ဒိန်ခဲဆော့စ်အနှစ်ကို အပေါ်က လောင်းပေးလိုက်ပါ။ ပြီးရင် ပန်ကိတ်ကို အလည်ကနေ ခေါက်ချိုးချိုးချလိုက်ပါ။ အဲဒီအပေါ်ကနေမှ မရိုးနိစ်လေး နည်းနည်းသုတ်ပြီးရင် အရသာရှိတဲ့ ပန်းဂေါ်ဖီစိမ်း ချိစ်ပန်ကိတ်လေးကို အားလပ်ရက်မှာ မိသားစုနဲ့အတူ သုံးဆောင်နိုင်ပါပြီ။

Source: Stylecraze

Share

Loading Next Article...
က္က