ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဆိုတာ ပန်းသီးအခွံတွေရယ်၊ လက်ဖက်ခြောက်ရယ်၊ သစ်ကြံပိုးခေါက်မှုန့်ရယ်ကို ရေနွေးပူပူနဲ့ ရောထားတဲ့ လက်ဖက်ရည်လေးတစ်ခွက်ပါ။

ဆောင်းရာသီရဲ့ အအေးဓာတ်ကို တိုက်ထုတ်ဖို့အတွက် လက်ဖက်ရည်ပူပူလေးတစ်ခွက်ထက် ပိုကောင်းတဲ့အရာ ဘယ်ရှိဦးမလဲ။ သမရိုးကျလက်ဖက်ရည်တွေ သောက်ရတာ ရိုးနေပြီဆိုရင် ကျန်းမာရေး အကျိုးကျေးဇူး အမျိုးမျိုးရှိတဲ့ လက်ဖက်ရည် ဖျော်စပ်ပုံလေးတွေကို စမ်းသပ်ကြည့်လို့ရပါတယ်။ အဲဒီထဲမှာ ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်လည်း အပါအဝင်ပါပဲ။

ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဆိုတာ ပန်းသီးအခွံတွေရယ်၊ လက်ဖက်ခြောက်ရယ်၊ သစ်ကြံပိုးခေါက်မှုန့်ရယ်ကို ရေနွေးပူပူနဲ့ ရောထားတဲ့ လက်ဖက်ရည်လေးတစ်ခွက်ပါ။ ပန်းသီးနဲ့ သစ်ကြံပိုးခေါက်မှုန့်ဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အစားအစာတွေအဖြစ် ထင်ရှားပါတယ်။

နှစ်မျိုးပေါင်းစပ်လိုက်ချိန်မှာတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေဟာ နှစ်ဆတိုးလာ ရပါတယ်။ ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့...

၁။ ဆီးချိုပျောက်စေတယ်

diabetes test.jpg 

သစ်ကြံပိုးခေါက်မှုန့်က သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပြီး ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရော လယ်ဗယ်ကို ထိန်းညှိပေးနိုင်တယ်လို့ နာမည်ကြီးပါတယ်။ ထိုနည်းတူ ပန်းသီးကလည်း အဲဒီအာနိသင်တွေ ပိုမိုအားကောင်းအောင် အထောက်အကူ ပြုနိုင်ပါတယ်။ ပန်းသီး သစ်ကြံပိုးမှုန့် လက်ဖက်ရည်သောက်ပေးရင် ဝိတ်ကျစေတော့ Type 2 ဆီးချိုရောဂါသည်တွေအတွက်လည်း ကောင်းပါတယ်။

၂။ ကိုလက်စ်ထရောကျစေတယ်

ဒီလက်ဖက်ရည်လေးထဲမှာ ပါဝင်တဲ့ အဓိကပါဝင်ပစ္စည်း (၂) မျိုးဖြစ်တဲ့ ပန်းသီးနဲ့ သစ်ကြံပိုးခေါက်မှုန့်ဟာ ခန္ဓာကိုယ်ထဲက trigleceride ဆိုတဲ့ ဓာတ်တစ်မျိုးကို လျော့ကျစေပြီး အကျိုးဆက်အနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကိုလက်စ်ထရောလယ်ဗယ်ကိုပါ လျော့ကျစေနိုင်ပါတယ်။ ဥမာပေးရရင် ပန်းသီးခွံတွေထဲမှာ ခန္ဓာကိုယ်တွင်းက ကိုလက်စ်ထရောတွေရဲ့ ဇီဝကမ္မလုပ်ဆောင်မှုကို မြန်ဆန်စေတဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။

၃။ အစာကြေလွယ်စေတယ်

eating-too-much-food-5c.jpg 

ပန်းသီးနဲ့ သစ်ကြံပိုးခေါက်မှုန့်ထဲမှာ တွေ့ရတဲ့ အမျှင်ဓာတ်၊ antioxidant နဲ့ ဗိုက်တာမင်တို့ဟာ အစာခြေခြင်းလုပ်ငန်းစဉ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်တွင်းက အဆီပိုတွေနဲ့ အစာဟောင်းတွေကိုလည်း ဘာမှမကျန်အောင် ရှင်းပေးနိုင်တဲ့အတွက် ဝမ်းချုပ်ခြင်းနဲ့ ဗိုက်အောင့်ဗိုက်နာခြင်းတို့ကို လျော့နည်းစေပါတယ်။

၄။ ဝိတ်ကျစေတယ်

ပန်းသီး သစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်ဟာ အစာစားချင်စိတ်ကို ထိန်းချုပ်ခြင်းနဲ့လည်း ဆက်နွယ်နေပါသေးတယ်။ အဲဒီလို အစာစားချင်စိတ်ကို ထိန်းချုပ်ထားပေမဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်သလို ခွန်အားလည်း တိုးစေနိုင်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်တွေနဲ့ တည့်တယ်

f62231151860373c4a39501ea91d6ba4.png 

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေချိန်မှာ ဟော်မုန်းအတက်အကျဖြစ်ခြင်းကို ထိန်းညှိပေးတဲ့နေရာမှာလည်း ပန်းသီးသစ်ကြံပိုးခေါက်မှုန့် လက်ဖက်ရည်က အသုံးဝင်ပါသေးတယ်။ နောက်ပြီး ကဖင်းဓာတ် နည်းပါးတဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဘေးထွက်ဆိုးကျိုး နည်းစေနိုင်ပါတယ်။

ပြုလုပ်နည်း

applecinnamontea.jpg 

အရင်ဆုံး ပန်းသီး (၆) လုံးခန့်ကို အခွံခွာပါ။ အခွံခွာတဲ့နေရာမှာ ပန်းသီးအသားပါမလာအောင် တတ်နိုင်သမျှ ရှောင်ရှားပါ။ ပြီးရင်တော့ ပန်းသီးအခွံရယ်၊ ရေ (၄) ခွက်ရယ်၊ သစ်ကြံပိုးခေါက်တစ်ချောင်းရယ်၊ လက်ဖက်ခြောက်ထုပ် (၂) ထုပ်ရယ်ကို ရေနွေးကြမ်းအိုး တစ်လုံးထဲကို ထည့်လိုက်ပါ။ ပြီးရင် ရေနွေးကြမ်းအိုးကို မီးဖိုပေါ်မှာ ဆူပွက်အောင်တည်လိုက်ပြီး (၅) မိနစ်လောက် နေရင်တော့ မီးဖိုပေါ်ကပြန်ချပေးလို့ ရပါပြီ။ ပြီးရင် မိမိသောက်နေကျ မတ်ခွက်လေးထဲထည့်ပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Source: Organicfacts

Share

Loading Next Article...
က္က