မြန်မာနိုင်ငံလို သောက်သုံးရေသန့်ရှင်းမှု အားနည်းတဲ့နိုင်ငံမျိုးမှာ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဆေးရုံတွေမှာ လူနာတွေ တန်းစီနေတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဝေဒနာတွေဆိုတာ လူတိုင်းမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာပါ။  မြန်မာနိုင်ငံလို သောက်သုံးရေသန့်ရှင်းမှု အားနည်းတဲ့နိုင်ငံမျိုးမှာ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဆေးရုံတွေမှာ လူနာတွေ တန်းစီနေတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ကျောက်ကပ်ရောဂါနဲ့ ဆီးကျောက်တည်ခြင်း ပြဿနာတွေကို ကြုံနေရပြီဆိုရင် စားသုံးသင့်တဲ့အစားအစာတွေကို သိထားဖို့တော့ လိုမယ်နော်။



၁။ ငရုပ်ပွသီး

red-bell-pepper.jpg 

ငရုပ်ပွသီးကို ဟင်းချက်စားပေးမယ်ဆိုရင် ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ငရုပ်ပွသီးထဲမှာ ပိုတက်စီယမ်ပါဝင်မှု အလွန်နည်းပါးလို့ပါပဲ။ ဒါ့အပြင် ငရုပ်ပွသီးမှာ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ဘီစစ်၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ငရုပ်ပွသီးထဲမှာ lycopene ဆိုတဲ့ antioxidant တစ်မျိုးပါဝင်ပြီး ကျောက်ကပ်ကင်ဆာနဲ့ ကျောက်ကပ်ပွရောဂါတွေကို တားဆီးပေးနိုင်ပါတယ်။

၂။ ဂေါ်ဖီထုပ်

cabbage-recipes.jpg 

ဂေါ်ဖီထုပ်ကတော့ phytochemical ကြွယ်ဝစွာပါဝင်တဲ့ အစိမ်းရောင်ဟင်းသီး ဟင်းရွက်တစ်မျိုး ဖြစ်ပြီး ခန္ဓာကိုယ်ထဲက free radical တွေကို ဖယ်ရှားပေးနိုင်တယ်လို့ နာမည်ကြီးပါတယ်။ နောက်ပြီး ဂေါ်ဖီထုပ်ထဲမှာပါဝင်တဲ့ ဗိုက်တာမင်ကေ၊ ဗိုက်တာမင်စီ၊ အမျှင်ဓာတ်၊ ဗိုက်တာမင်ဘီစစ်နဲ့ ဖောလစ်အက်ဆစ်တို့က ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။

၃။ ပန်းဂေါ်ဖီ

cauliflower.jpg 

ပန်းဂေါ်ဖီဟာ ကျောက်ကပ်နဲ့တည့်တဲ့ super food တစ်မျိုးပါ။ ပန်းဂေါ်ဖီမှာ ဗိုက်တာမင်စီ ကြွယ်ဝသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းပေးနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်ပါတယ်။ ပန်းဂေါ်ဖီကို ဒီတိုင်းအစိမ်းသုပ်ထားလို့ရသလို ပြုတ်ပြီးစားလို့လည်းရပါတယ်။ ကျောက်ကပ်ရောဂါသည်တွေ ပုံမှန်စားပေးသင့်တဲ့ သီးနှံတစ်မျိုးပါ။

၄။ ကြက်သွန်နီ

Onions.jpg 

ကြက်သွန်နီထဲမှာ သွေးကြောတွင်းဆီက အဆီတွေကို ဖယ်ရှားပေးနိုင်တဲ့ ဖလာဗိုနွိုက် (flavonoid) နဲ့ ကွာစီတင် (quercetin) ဆိုတဲ့ ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ နောက်ပြီး ကွာစီတင်ဟာ နှလုံးရောဂါနဲ့ ကင်ဆာအန္တရာယ်ကို လျှော့ချနိုင်တဲ့ antioxidant တစ်မျိုးပါ။ ကျောက်ကပ်သမားတွေ ကြက်သွန်နီစားပေးသင့်တဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ ပိုတက်စီယမ် နည်းပါးတာပါပဲ။ နောက်ပြီး အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ်တွေကို လောင်ကျွမ်းစေတဲ့ ခရိုမီယမ် ပါဝင်ပါတယ်။

၅။ ပန်းသီး

Apples.jpg

ပန်းသီးကတော့ anti-inflammatory (ရောင်ရမ်းခြင်းကို တိုက်ဖျက်နိုင်တဲ့) ဂုဏ်သတ္တိရှိတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးဟာ မကောင်းတဲ့ကိုလက်စ်ထရောတွေကို လျှော့ချပေးနိုင်တဲ့အတွက် အာဟာရဗေဒပညာရှင်များက လူနာတွေကို ပန်းသီးစားသုံးရန် တိုက်တွန်းလေ့ရှိပါတယ်။ ဝမ်းချုပ်ရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပန်းသီးက ဆီးနဲ့ကျောက်ကပ်ကို အားပေးပြီး ဆီးလမ်းကြောင်း သန့်ရှင်းကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။

၆။ စတော်ဘယ်ရီသီး

Mashed-strawberries.jpg 

အားလုံးသိထားပြီးတဲ့အတိုင်း စတော်ဘယ်ရီဟာ ဗိုက်တာမင်စီ အထူးကြွယ်ဝတဲ့ သစ်သီးတစ်မျိုးပါ။ ကင်ဆာဖြစ်စေတဲ့ Free radical တွေကို တိုက်ထုတ်နိုင်သလို ကျောက်ကပ်အားကောင်းစေတဲ့ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်လည်း အထူးကြွယ်ဝပါတယ်။ ကျောက်ကပ်အားနည်းသူတွေနဲံ့ နှလုံးအားနည်းသူတွေ စားပေးသင့်ပါတယ်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က