တီလားဗီးယားငါးကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ နှစ်သက်စွာစားသုံးကြပါတယ်။

ငါးဟင်းတို့၊ ငါးကင်တို့ စားရတာနှစ်သက်ပါသလား။ အရသာရှိပြီး ကမ္ဘာပေါ်မှာ လူစားအများဆုံးထဲမှာ ပါဝင်တဲ့ ငါးအသားရဲ့ အရသာကို အပြည့်အဝခံစားလိုရင် တီလားဗီးယားငါးကို ရွေးချယ်ပါ။ တီလားဗီးယားငါးကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ နှစ်သက်စွာစားသုံးကြပါတယ်။ တီလားဗီးယားငါးကို စားခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်တော့ ဘာတွေလဲဆိုတာကို သိထားသင့်ပါတယ်။ အဲဒါတွေကတော့...

၁။ အရိုးတွေကို သန်မာစေတယ်

5.jpg 

တီလားဗီးယားငါးက အရိုးတွေကို သန်မာစေတဲ့အတွက် နာမည်ကြီးတာမို့ အဆော့သန်တဲ့ကလေးတွေကို ကျွေးသင့်ပါတယ်။ တီးလားဗီးယားငါးထဲမှာ လူ့ကျန်းမာရေးအတွက် အရေးပါတဲ့ ဖော့စ်ဖရတ်စ်လို သတ္ထုဓာတ်မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ တီလားဗီးယားငါးဟာ အရိုးတွေကို သန်မာစေရုံသာမက ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်လည်း အားပေးနိုင်ပါတယ်။

အရိုးပျော့ရောဂါဟာ ခန္ဓာကိုယ်မှာ ဖော့စ်ဖရတ်စ်နဲ့ ကယ်လ်ဆီယမ် နည်းပါးချိန်မှာ ဖြစ်တတ်တာမို့ တီလားဗီးယားငါးကို ပုံမှန်စားပေးမယ်ဆိုရင် ဒီရောဂါကိုလည်း ကာကွယ်နိုင်မှာပါ။

၂။ ကင်ဆာအန္တရာယ် ကာကွယ်နိုင်တယ်

8-Amazing-Benefits-Of-Tilapia-Fish-1.jpg 

တီလားဗီးယားငါးထဲမှာ ဆီလီနီယမ်ဓာတ် ပမာဏများစွာပါဝင်ပါတယ်။ သူတို့က ကင်ဆာဖြစ်စေနိုင်တဲ့ free radical တွေကို တိုက်ထုတ်ပေးနိုင်တဲ့ antioxidant တွေလည်း ဖြစ်ပါတယ်။ သုတေသီတွေကတော့ ဆီလီနီယမ်ဓာတ်ဟာ ခန္ဓာကိုယ်ထဲက free radical တွေကိုပဲ တားဆီးပေးနိုင်တာမဟုတ်ဘဲ oxidative streess ဒဏ်ကို သိပ်မခံရအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ဆဲလ်တွေ ကင်ဆာဆဲလ်တွေအဖြစ် ဆင့်ကဲပြောင်းလဲမသွားအောင် တားဆီးပေးနိုင်ပါတယ်။

၃။ ဉာဏ်ကောင်းစေတယ်

7.-Excellent-Source-Of-Protein.jpg 

တီလားဗီးယားငါးထဲက ပိုတက်စီယမ်နဲ့ အိုမီဂါသရီးအက်ဆစ်ဟာ ဦးနှောက်လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေသလို အာရုံကြော စနစ်တွေကိုလည်း အားကောင်းစေပါတယ်။ ဦးနှောက်ထဲမှာ ပိုတက်စီယမ်များခြင်းဟာ အောက်ဆီဂျင်ပိုမိုစီးဆင်းစေနိုင်ပြီး ခန္ဓာကိုယ်တွင်းမှာ အရည်လည်ပတ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် ကျောင်းသားအရွယ်ကလေးတွေကို တီလားဗီးယား ငါးစားခိုင်းမယ်ဆိုရင် ဉာဏ်ပိုကောင်းစေနိုင်ပါတယ်။

၄။ နှလုံးအားကောင်းစေတယ်

တီလားဗီးယားငါးရဲ့ နောက်ထပ်ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုကတော့ နှလုံးကျန်းမာရေးကို အထောက်အကူပြုတာပါပဲ။ တီလားဗီးယားငါးမှာ အိုမီဂါသရီး ကြွယ်ဝတဲ့အတွက် နှလုံးနဲ့ နှလုံးသွေးကြောတွေကို အားကောင်းစေနိုင်ပါတယ်။ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ အိုမီဂါသရီးဟာ သွေးဖိအားများခြင်း လျှော့ချနိုင်တဲ့အတွက် နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို တိုက်ဖျက်နိုင်ပါတယ်။

၅။ အရွယ်တင်စေတယ်

25-Simple-Homemade-Tips-For-Anti-Aging-3.jpg 

တီလားဗီးယားငါးဟာ ကလေးတွေအတွက်ပဲ ကောင်းတာမဟုတ်ပါဘူး။ အသက်အရွယ်ကြီးရင့်မှုကြောင့် အရေပြားတွေ အိုမင်းရင့်ရော်မှာကို ကြောက်တဲ့ အမျိုးသမီးကြီးတွေလည်း စားပေးသင့်ပါတယ်။ တီလားဗီးယားငါးထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်စီ၊ ဗိုက်တာမင်အီးနဲ့ antioxidant တွေဟာ အရေပြားကို ပိုမိုကျန်းမာ၊ လှပစေနိုင်ပါတယ်။ နောက်ပြီး ဆီလီနီယမ်ကလည်း အရေပြားကို ထိခိုက်စေနိုင်တဲ့ free radical တွေကို တိုက်ဖျက်နိုင်ပါတယ်။

၆။ ဝိတ်ကျစေတယ်

Plus size လေးတွေအတွက်တော့ ဝမ်းသာစရာပဲဗျို့။ တီလားဗီးယားငါးကို စားပေးခြင်းက ကိုယ်အလေးချိန်လျှော့ချရာမှာ ကူညီပေးနိုင်ပါသတဲ့။ တီလားဗီးယားငါးထဲမှာ ကယ်လိုရီပါဝင်မှု နည်းပါးပြီး ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီတော့ ကယ်လိုရီစားသုံးမှုကို လျှော့ချလိုသူတွေအတွက် အသင့်တော်ဆုံးပါပဲ။

Source: stylecraze

Share

Loading Next Article...
က္က