ဓမ္မတာသွေးဆင်းချိန်မှာ တစ်ချိန်လုံးနာကျင် ကိုက်ခဲနေတတ်သလို ဟိုဟာကို စိတ်တိုသလို၊ ဒီဟာကို စိတ်မကြည်သလိုနဲ့ တစ်ချိန်လုံးနီးပါး စိတ်အဆင်မပြေ ဖြစ်နေတတ်ပါတယ်။

မိန်းမသားဘဝကို ရရှိပြီဆိုရင် မဖြစ်မနေရင်ဆိုင်ရမှာက တစ်လတစ်ခါ ဓမ္မတာလာခြင်းပဲ ဖြစ်ပါတယ်။ ဓမ္မတာသွေးဆင်းချိန်မှာ တစ်ချိန်လုံးနာကျင် ကိုက်ခဲနေတတ်သလို ဟိုဟာကို စိတ်တိုသလို၊ ဒီဟာကို စိတ်မကြည်သလိုနဲ့ တစ်ချိန်လုံးနီးပါး စိတ်အဆင်မပြေ ဖြစ်နေတတ်ပါတယ်။



 

အမျိုးသမီးများ ဓမ္မတာလာနေချိန်မှာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေနိုင်ဖို့အတွက် အောက်ပါအစားအစာတွေကို စားသုံးသင့်ပါတယ်။

၁။ အစေ့အဆန်များ

92-iStock-470795758.jpg 

သီဟိုဋ္ဌ်စေ့၊ မြေပဲစေ့၊ အယ်လ်မွန်စေ့ စတဲ့ အစေ့အဆန်တွေဟာ မဂ္ဂနီစီယမ်ကြွယ်ဝပြီး ဓမ္မတာလာနေချိန်မှာ ချောကလက်နဲ့ တခြားအမြန်ရ အစားအစာတွေကို ချင်ခြင်းတက်တဲ့စိတ်ကို ဖြေလျှော့ပေးနိုင်ပါတယ်။ ဒီလိုစားပေးခြင်းက ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနဲ့ အခြားဗိုက်နာခြင်းတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

၂။ ပဲအမျိုးမျိုး

481429055.jpg 

ဓမ္မတာလာနေချိန်မှာ အမျိုးသမီးတွေရဲ့ အစာခြေအင်္ဂါစနစ်ဟာ ပုံမှန်မဟုတ် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဓမ္မတာလာနေချိန်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲတွေကို စားပေးသင့်ပါတယ်။ ပဲတွေကို ပြုတ်စား၊ ချက်စားလို့ရသလို ဟင်းချိုချက်သောက်လို့လည်း ရပါတယ်။ နောက်ပြီး ပဲထဲမှာပါဝင်တဲ့ ဗိုက်တာမင်ဘီက ကိုယ်တွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပေးနိုင်ပါတယ်။

၃။ အနက်ရောင်ချောကလက်

1280-lowers-cholestoral.jpg 

သုတေသနတွေက ဖော်ပြနေတာကတော့ အနက်ရောင်ချောကလက်စားပေးခြင်းဟာ ဓမ္မတာလာနေချိန်မှာ ဆီကြော်မုန့်နဲ့ သရေစာတွေကို ချင်ခြင်းတက်ခြင်းကို အာသာပြေစေနိုင်သလို ဆာရိုတိုနင် လယ်ဗယ်ကိုလည်း မြှင့်တက်စေနိုင်ပါတယ်။ ဆာရိုတိုနင်ဟာ အမျိုးသမီးတွေ ရာသီလာချိန်မှာဖြစ်တတ်တဲ့ စိတ်အတက်အကျမြန်ခြင်းနဲ့ မောပန်းနွမ်းနယ်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရက်နီးပြီဆိုရင် ချောကလက်ထုပ်လေးသာ ဆောင်ထားကြပါ။

၄။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာများ

334445_ldementhon_6ebfca86-4441-4d3e-bbe7-c427745f58f7.png 

လမ်းညွှန်ချက်တွေအရတော့ အမျိုးသမီးတစ်ဦးဟာ နေ့စဉ် ကယ်လ်ဆီယမ် (၁၂၀၀) မီလီဂရမ် လိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ် အစားအသောက်ထဲမှာ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ဒိန်ချဉ်တို့ကို ထည့်သွင်းကြည့်ပါ။ ဒိန်ချဉ်ကို ဒီတိုင်းမသောက်ချင်ရင် သင်္ဘောသီးတို့၊ သရက်သီးတို့လို antioxidant ပါဝင်တဲ့ အသီးတွေနဲ့ ရောသောက်နိုင်ပါတယ်။ နှမ်းစေ့ကလည်း ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာဖြစ်လို့ ထည့်သွင်းကြည့်နိုင်ပါတယ်။

၅။ ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အစားအသောက်များ

florida-deep-red-grapefruit-4i.jpg 

ဗိုက်တာမင်စီဟာ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးဥ၊ သားအိမ်နဲ့ လိင်အင်္ဂါအဖွဲ့အစည်းကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် သံပုရာသီးတို့၊ ဂရိတ်ဖရုသီးတို့လို ဗိုက်တာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။ တရုတ်နံနံဟာလည်း ဗိုက်တာမင်စီ ကြွယ်ဝတဲ့အတွက် အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးနိုင်ပါတယ်။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က