ခရီးသွားခြင်းရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းတစ်ခုကတော့ ဒေသခံအစားအစာတွေကို အရသာခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ခရီးသွားခြင်းရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းတစ်ခုကတော့ ဒေသခံအစားအစာတွေကို အရသာခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ လူမျိုးတစ်မျိုးချင်းစီရဲ့ အရသာအကောင်းဆုံး၊ နာမည်အကြီးဆုံး အစားအသောက်လေးတွေ ရှိပါတယ်။ ဟိုတယ်ကြီးတွေမှာ တက်စားမှ သူတို့နိုင်ငံ၊ သူတို့လူမျိုးရဲ့ ဒေသစာတွေကို မြည်းစမ်းနိုင်မှာ မဟုတ်ပါဘူး။ Street Food လို့ခေါ်တဲ့ လမ်းဘေးစာ လေးတွေကမှ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ကို ထင်ဟပ်စေနိုင်မှာပါ။ ကမ္ဘာ့နိုင်ငံအသီးသီးက နာမည်ကျော်လမ်းဘေးစာလေးတွေကတော့...

၁။ တိုရှည် (အိန္ဒိယ)

Screenshot-2017-12-28 11 Authentic Street Foods That People Eat Around the World.png 

အိန္ဒိယနိုင်ငံမှာတော့ တိုရှည်ကို masala dosa လို့ခေါ်ပြီး အရသာရှိလွန်းလို့ တစ်ကမ္ဘာလုံးက သိကြပါတယ်။ အရင်တုန်းကတော့ ဒီအစားအစာကို အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာသာ လူကြိုက်များပြီး အခုအချိန်မှာတော့ နိုင်ငံတိုင်းလိုလိုမှာ ရရှိနေနိုင်ပါပြီ။ ဆန်မှုန့်၊ ဆား၊ ဆီ၊ မတ်ပဲလှော်၊ ငရုပ်သီးစိမ်း၊ ဟင်းမွှေးရွက်၊ မုန်ညင်းစေ့အနှစ်၊ အာလူး၊ ကြက်သွန်နီ၊ နနွင်းမှုန့်တို့နဲ့ ပြုလုပ်ထားတဲ့ တိုရှည်ဟာ အိန္ဒိယနိုင်ငံရဲ့ နာမည်အကြီးဆုံး လမ်းဘေးစာတစ်မျိုးပါ။

၂။ Doner Kebab (တူရကီ)

18074610-shutterstock_535314487-1513771675-650-d70174c67c-1513869274.jpg 

ဂျာမနီစတိုင် Doner Kebab ကို တံစို့ထိုးအသားကင်လို့ပဲ ရိုးရိုးလေးခေါ်ကြပြီး ၁၉၇၀ ခုနှစ်လောက်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က တူရကီလူမျိုး ရွှေ့ပြောင်းနေထိုင်သူတွေ မိတ်ဆက်ပေးရာမှ နာမည်ကျော်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒီအစားအစာလေးဟာ ဂျာမနီနဲ့ ဥရောပတိုက်မှာ လူကြိုက်အများဆုံး လမ်းဘေးစာတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ Kebab အသားကင်ကို သိုးသား၊ အမဲသား၊ ကြက်သား၊ ဆိတ်သားတို့နဲ့ ပြုလုပ်တတ်ကြပါတယ်။

၃။ ဖတ်ထိုင်း (ထိုင်း)

Screenshot-2017-12-28 11 Authentic Street Foods That People Eat Around the World (2).png 

ဖက်ထိုင်းက CNN Travel ရဲ့ ကမ္ဘာ့အကောင်းဆုံး အစားအစာစာရင်းထဲမှာ Top 10 ဝင်တဲ့ နာမည်ကြီး ထိုင်းလမ်းဘေးစာ တစ်မျိုးဖြစ်ပါတယ်။ ဆန်ခေါက်ဆွဲပြားကို မွှေကြော်ကြော်ထားပြီး တို့ဟူး၊ ကြက်ဥ၊ ငံပြာရည်၊ ပုစွန်၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီးအနှစ်၊ သကြား၊ ငရုပ်သီးတို့နဲ့ ရောနှောပြုလုပ်ထားတာပါ။ အပေါ်ကနေ သံပုရာသီးခြမ်းနဲ့ မြေပဲဆန်လေးတွေလည်း အုပ်ထားပေးပါတယ်။ ဖတ်ထိုင်းကို ဒုတိယကမ္ဘာစစ်တွင်းတုန်းက ထိုင်းနိုင်ငံမှာ အစာရေစာပြတ်တောက်နေချိန်မှာ တီထွင်ခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ ထိုင်းနိုင်ငံရဲ့အဓိက လမ်းဘေးစာတစ်မျိုး ဖြစ်နေပါပြီ။

၄။ ဆာရှိမီ (ဂျပန်)

18074660-EN_01272183_1274-1513771500-650-88e62f0490-1513869274.jpg 

အရသာရှိတဲ့ ဒီဂျပန် အစားအစာလေးကတော့ ဂျပန်နိုင်ငံ ပြင်ပမှာတောင် ထင်ရှားပါတယ်။ ဒါပေမဲ့ ဂျပန်မှာစားရင်တော့ အကောင်းစားအရသာကို ခံစားနိုင်မှာပေါ့။ စိတ်ကူးယဉ်ကြည့်ပါ။ ဂျပန်စားဖိုမှူး တစ်ယောက်က ကိုယ့်ရှေ့မှာတင် ငါးကြီးတစ်ကောင်ကို လှီးဖြတ်ပြနေပြီး ချက်ချင်းပဲ လတ်လတ်ဆတ်ဆတ် တည်ခင်းဧည့်ခံတာကို။ ဆာရှိမီဆိုတာ ငါးအစိမ်းတစ်မျိုးကို ဒီတိုင်းစားရတဲ့ ဂျပန်လမ်းဘေးစာ တစ်မျိုးဖြစ်ပြီး ဆယ်လ်မွန်ငါးတို့၊ တူနာငါးတို့ဟာ ဆာရှိမီရဲ့နာမည်အကြီးဆုံး ပါဝင်ပစ္စည်းတွေပါ။

၅။ အသားလုံး (အီတလီ)

Screenshot-2017-12-28 11 Authentic Street Foods That People Eat Around the World (3).png 

အီတလီလို Arancini လို့ခေါ်ပြီး လိမ္မော်သီးလေးလို့ အဓိပ္ပာယ်ရတဲ့ အီတလီလမ်းဘေးစာထဲမှာ လိမ္မော်သီးတစ်ဖတ်တောင် မပါဝင်ပါဘူး။ လိမ္မော်သီးလေးလို လိမ္မော်ရောင်သမ်းနေပြီး လုံးဝန်းတဲ့ ပုံသဏ္ဍာန်ကြောင့် လိမ္မော်သီးလေးလို့ ခေါ်ကြတာပါ။ ဒီအီတလီအစားအစာလေးကိုတော့ အသားကို ခရမ်းချဉ်သီးဆော့စ်၊ အီတလီကျွဲနို့ဒိန်ခဲ၊ ပဲစေ့တို့နဲ့ရောပြီး ပေါင်မုန့်စလေးတွေနဲ့ ရောကြော်ထားတာပဲ ဖြစ်ပါတယ်။ ၁၀ ရာစုနှစ်ကတည်းက စစ်စလီကျွန်းဆွယ်မှာ စတင်ပေါ်ပေါက်ခဲ့ပြီး စပိန်နဲ့ဥရောပတဝှမ်းမှာတော့ နာမည်အကြီးဆုံး လမ်းဘေးစာလေးတစ်မျိုးပါ။

၆။ ကြက်ခြေထောက် (တရုတ်)

Screenshot-2017-12-28 11 Authentic Street Foods That People Eat Around the World (4).png 

တရုတ်လူမျိုးတွေဟာ ကြက်ခြေထောက်ကို ပုံစံအမျိုးမျိုးနဲ့ နှစ်ခြိုက်စွာစားသုံးကြပါတယ်။ တရုတ်လူမျိုး အများအပြား အခြေချနေထိုင်နေတဲ့ မန္တလေးမြို့က ညဈေးမှာ နူးအိနေတဲ့ ကြက်ခြေထောက်ပေါင်းကို စားဖူးမယ်ဆိုရင် ဒီအစားအစာလေးဟာ အလွန်အရသာရှိတဲ့ လမ်းဘေးစာလေးဆိုတာကို သိထားပြီးဖြစ်မှာပါ။ တရုတ်လူမျိုးတွေဟာ ကြက်ခြေထောက်စားပေးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့လည်း ယုံကြည်ကြပါတယ်။ ပုံမှန်အားဖြင့် ကြက်ခြေထောက်ကိုပေါင်းပြီး ငရုပ်သီးတို့၊ ဘာဘီကျူးဆော့စ်တို့နဲ့ စီမံပြုလုပ်ထားတတ်ကြပါတယ်။ ဒါပေမဲ့ ဆားရည်စိမ်တာတို့၊ ကြွပ်ကြွပ်ကြော်စားကြတာတို့လည်း ရှိပါတယ်။

Source: Brightside

Share

Loading Next Article...
က္က