ကစီဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးထဲမှာ ပါဝင်တဲ့အာလူးဟာ ဘီစီ ၈၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ကတည်းက ပီရူးနိုင်ငံနဲ့ ဘိုလီးဗီးယားနိုင်ငံ အနောက်မြောက်ဘက်မှာ ပေါက်ရောက်ခဲ့တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။

ကစီဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးထဲမှာ ပါဝင်တဲ့အာလူးဟာ ဘီစီ ၈၀၀၀ နဲ့ ၅၀၀၀ ကြားလောက်ကတည်းက ပီရူးနိုင်ငံနဲ့ ဘိုလီးဗီးယားနိုင်ငံ အနောက်မြောက်ဘက်မှာ ပေါက်ရောက်ခဲ့တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ အာလူးကို ချက်၊ ကြော်၊ ပြုတ် ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။ အရသာရှိသလို ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အာလူးရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့...



၁။ သွေးဖိအားကို ကျဆင်းစေတယ်

sleepy-story_647_070616040742.jpg 

သုတေသီတွေရဲ့ ထုတ်ပြန်ချက်အရ အာလူးရဲ့အခွံထဲမှာ သွေးဖိအားကို ကျဆင်းစေပြီး သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်တဲ့ ပိုတက်စီယမ်ဓာတ် အထူးကြွယ်ဝစွာပါဝင်ပါတယ်။ အနေတော် အာလူးမီးဖုတ်တစ်မျိုးမှာ ပိုတက်စီယမ် (၅၃၅) မီလီဂရမ်နဲ့ ဆိုဒီယမ် (၁၇.၃) မီလီဂရမ်ပါဝင်ပြီး ဒီပမာဏဟာ နေ့စဉ်လိုအပ်တဲ့ ပိုတက်စီယမ်ပမာဏ (၁၅) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ သွေးထဲမှာ ပိုတက်စီယမ် ပမာဏများမယ်ဆိုရင် ကျောက်ကပ်ထဲမှာ ဆားနဲ့ရေစစ်ထုတ်နိုင်စွမ်းကို ပိုမိုမြင့်မားစေသလို သွေးဖိအားလျော့နည်းအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။

၂။ နှလုံးအားကောင်းစေတယ်

101.jpg 

ဝမ်းသာစရာသတင်းတစ်ခုက အာလူးထဲမှာ ကိုလက်စ်ထရောမပါဝင်ပါဘူး။ အာလူးထဲမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ဘီစစ်တို့တော့ ကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒါတွေအားလုံးက နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါ။

အမျှင်ဓာတ်ဟာ သွေးထဲမှာ ကိုလက်စ်ထရောပမာဏ လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ ဆေးသုတေသန တစ်ခုရဲ့ အဆိုအရဆိုရင် တစ်နေ့ကို ပိုတက်စီယမ် (၄၀၆၉) မီလီဂရမ် မှီဝဲပေးမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကို (၄၉) ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်ပါတယ်တဲ့။ အာလူးပိုစားပေးသင့်တဲ့ အကြောင်းပြချက် နောက်တစ်ခုပေါ့။

၃။ ကင်ဆာကာကွယ်ပေးတယ်

5.-Fights-Cancer.jpg 

လေ့လာမှုတွေအရ အာလူးကို ဆီတွေနဲ့ကြော်မစားဘဲ ပြုတ်စားတာတို့၊ မီးဖုတ်စားတာတို့ လုပ်ပေးမယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်တဲ့။ ဒီလိုမဟုတ်ဘဲ အာလူးကို အာလူးချောင်းကြော်တို့၊ အာလူးအပြားကြော်တို့အဖြစ် ဆီနဲ့ကြော်စားမယ် ဆိုရင်တော့ acrylamide ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထွက်လာစေပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက တစ်နေ့ကို အာလူး (၂) လုံး (ဗိုက်တာမင်စီ (၅၀) မီလီဂရမ်) စားပေးခြင်းက အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို (၈) ရာခိုင်နှုန်းထိ လျှော့ချပေးတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။

၄။ အရိုးတွေကို သန်မာစေတယ်

image-4-5 (1).jpg 

မေရီလန်း ဆေးကုသရေးဋ္ဌာနရဲ့ လေ့လာမှုတစ်ခုအရတော့ အာလူးထဲမှာပါဝင်တဲ့ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဟာ အရိုးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး အရိုးပွရောဂါ အန္တရာယ်ကို တားဆီးပေးနိုင်ပါတယ်။ ဒီသတ္ထုဓာတ်နှစ်မျိုးဟာ အမျိုးသားတွေမှာကော၊ အမျိုးသမီးတွေမှာပါ အရိုးသန်မာကြံ့ခိုင်မှု အားနည်းခြင်းကို ကုစားပေးနိုင်ပါတယ်။

၅။ ကိုယ်ခံအားကောင်းစေတယ်

7.-Excellent-Source-Of-Protein.jpg 

ကိုယ်ခံအားစနစ်ဆိုတာ ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုပါ။ ကိုယ်ခံအားကောင်းနေမှ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အမြဲရှိနေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ ကူးစက်ခြင်း အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သုတေသနတွေအရတော့ အာလူးစားပေးခြင်းဟာ လူတစ်ယောက်ဖျားနာနေချိန်မှာ ရောင်ရမ်းခြင်းကြောင့် ထွက်ပေါ်လာတဲ့ leucocyte ဆိုတဲ့ ဓာတုပစ္စည်း တစ်မျိုးကို တိုက်ဖျက်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

ှSource: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က