အမဲရိုးတွေကို ရေနဲ့နူးအောင် ပြုတ်ထားပြီး အာဟာရလည်းပြည့်ဝ၊ အရသာလည်းရှိအောင် စီမံပြုလုပ်ထားပါတယ်။

ဒီနေ့ဖော်ပြပေးမဲ့ ဟင်းလျာလေးကတော့ ကိုရီးယားမှာ အရက်နာကျပျောက်ဆေး စွပ်ပြုတ်လို့ခေါ်တဲ့ ကိုရီးယား အမဲရိုးစွပ်ပြုတ်လေးပဲ ဖြစ်ပါတယ်။ အမဲရိုးတွေကို ရေနဲ့နူးအောင် ပြုတ်ထားပြီး အာဟာရလည်းပြည့်ဝ၊ အရသာလည်းရှိအောင် စီမံပြုလုပ်ထားပါတယ်။ အရက်နာကျနေပြီဆိုရင် လူတစ်ကိုယ်လုံး ညောင်းကိုက်ပြီး ပင်ပန်းနွမ်းနယ်နေတတ်တဲ့အတွက် ဒီစွပ်ပြုတ်လေး သောက်ပေးလိုက်မယ်ဆိုရင် အရက်နာကျခြင်းကို ပျောက်ကင်းစေနိုင်ပြီး လိုအပ်တဲ့ ခွန်အားကိုလည်း ပြန်ဖြည့်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

bone-soaking-590x332.jpg 

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ တုံးထစ်ပြီးသား အမဲရိုး (၂) ပေါင်ခန့်၊ မုန်ညင်းဖြူ  (၂) ပေါင်၊ ကိုရီးယားပဲငပိအနှစ် (၁/၄) ခွက်ခန့်၊ ကြက်သွန်မြိတ် (၈) ပင်ခန့်၊ ငရုပ်သီးစိမ်း (၂) တောင့်ခန့်၊ ငံပြာရည် (၁) ဇွန်း၊ ကြက်သွန်နီ (၂) လုံး၊ ငရုပ်သီးအကျက်မှုန့်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

bonebroth-strain-590x332.jpg 

အရင်ဆုံး အမဲရိုးတွေကို ရေအေးအေးနဲ့ ရေစင်အောင်ဆေးလိုက်ပါ။ ဒါမှသာ အမဲရိုးမှာ တွယ်ကပ်နေမဲ့ အရိုးစနဲ့ အကျိအချွဲတွေကို ဖယ်ရှားနိုင်မှာပါ။ ပြီးရင် အမဲရိုးပြုတ်ဖို့အတွက် အိုးကြီးတစ်လုံးကို မီးပြင်းပြင်းနဲ့ တည်လိုက်ပါ။ ရေတွေ တဗွက်ဗွက်မြည်သံနဲ့ ဆူပွက်လာပြီဆိုရင် အမဲရိုးတွေကို ရေနွေးအိုးထဲ ထည့်ပြုတ်လိုက်ပါ။

အဖုံးဖုံးထားပြီး လေးနာရီခန့်ကြာအောင် ပြုတ်ထားပေးလိုက်ပါ။ တကယ်လို့ ပြုတ်ရေက ခပ်ပျစ်ပျစ်နဲ့ နို့နှစ်ရောင် သမ်းလာပြီဆိုရင်တော့ မီးပိတ်လိုက်နိုင်ပါပြီ။ ပြီးရင် ဇကာတစ်လုံးထဲကို ထည့်ပြီး အမဲရိုးနဲ့ အမဲရိုးပြုတ်ရည်ကို ခွဲခြားပေးလိုက်ပါ။ အမဲရိုးတွေကို အအေးခံပြီး အရိုးစလေးတွေကို ဖယ်ရှားပေးလိုက်ပါဦး။ ပြီးရင် ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။

 

အမဲပြုတ်ရည်ကိုတော့ ခဲသွားအောင် ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထားပေးဖို့ လိုပါလိမ့်မယ်။ တကယ်လို့ မစောင့်နိုင်ရင်တော့ ရေခဲတုံးတွေ ထည့်ထားတဲ့ ဇလုံတစ်လုံးပေါ်မှာ အမဲပြုတ်ရည်အိုးကို တင်ပေးပြီး အေးအောင် ဖန်တီးလိုက်ပါ။ ရေခဲတုံးတွေ အရည်ပျော်သွားရင် နောက်တစ်ခါ ထပ်ဖြည့်ပေးလိုက်ပါ။ ဒါဆိုရင် စွပ်ပြုတ်ရည်လေး အေးသွားလောက်ပါပြီ။ တကယ်လို့ စွပ်ပြုတ်ရည်ပေါ်မှာ အဆီလေးတွေ ဝေ့လာရင်တော့ ဇွန်းလေးတစ်ချောင်းနဲ့ခပ်ထုတ်ပြီး ဖယ်ရှားပေးလိုက်ပါ။

 

ပြီးရင် မုန်ညင်းဖြူ  (၂) ပေါင်ကို အိုးတစ်လုံးထဲမှာ (၅) မိနစ်ခန့် ထည့်ပြုတ်ထားလိုက်ပါ။  ပြီးရင် ရေအေးနဲ့ပြန်ဆေးပြီး အတုံးသေးသေးလေးတွေဖြစ်အောင် လှီးဖြတ်ပေးလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲမှာ မုန်ညင်းဖြူရယ် ကိုရီးယားပဲငပိရယ် ကြက်သွန်ဖြူရယ် ငရုပ်သီးစိမ်းရယ် ငံပြာရည်ရယ်ကို ရောထည့်ပြီး သစ်သားယောက်မတစ်ချောင်းနဲ့ ရောနယ်ပေးလိုက်ပါ။

 

ပြီးရင် အိုးတစ်လုံးပေါ်မှာ အမဲပြုတ်ရည်နဲ့ မုန်ညင်းဖြူအရောကို ရောနှောပေးလိုက်ပြီး မိနစ် ၂၀ ခန့် ပြုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန်လုံးလေးတွေထဲမှာ ခွဲထည့်ပြီးရင် အရသာကောင်းမွန်တဲ့ ကိုရီးယား အမဲရိုးစွပ်ပြုတ်လေးကို ရရှိပါပြီ။

Source: maangchi

Share

Loading Next Article...
က္က