မျက်စိမကောင်းလို့ ပါဝါမျက်မှန်အထူကြီးတွေ တပ်ရတာ တကယ်တော့ စတိုင်လ်ပဲ့ပါတယ်။

မျက်စိမကောင်းလို့ ပါဝါမျက်မှန်အထူကြီးတွေ တပ်ရတာ တကယ်တော့ စတိုင်လ်ပဲ့ပါတယ်။ ကိုယ့်ရဲ့မျက်လုံး၊ မျက်ခုံးလှလှလေးတွေကိုလည်း လူအများမြင်အောင် မဖော်ပြရဘဲ မျက်မှန်ထူကြီးတွေရဲ့ နောက်မှာပဲ ဖုံးကွယ်ထားရတာပါ။ မျက်မှန်မတပ်ချင်လို့ မျက်ကပ်မှန် တပ်မယ်ဆိုပြန်တော့လည်း ဆေးရည်သေချာစိမ်ပေးရတာနဲ့ ညအိပ်ခါနီးရင် ချွတ်ပေးရတာနဲ့ အလုပ်ရှုပ်ပါတယ်။ ဒီဒုက္ခတွေကို ကင်းဝေးချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါ အသီးအနှံတွေကို စားပေးသင့်ပါတယ်။

၁။ ဟင်းနုနွယ်ရွက်

Spinach4.jpg 

ဟင်းနုနွယ်ရွက်မှာ ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ အီး တို့ ကြွယ်ဝတဲ့အပြင် သံဓာတ်နဲ့ဇင့်လို သတ္ထုဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ လူတိန်းနဲ့ ဇီဇန်သင်းတို့ဟာလည်း မျက်စိကြွက်သားနာကျင်ခြင်းနဲ့ တိမ်စွဲခြင်းတို့လို မျက်စိဆိုင်ရာရောဂါတွေကို ကင်းဝေးစေနိုင်ပြီး မျက်စိကိုကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ပါဝါမျက်မှန် တကားကား တပ်နေရတာကို စိတ်ကုန်နေပြီဆိုရင် ဟင်းနုနွယ်ရွက်ကို ပုံမှန်စားပေးသင့်ပါတယ်။

၂။ မုန်လာဥနီ

carrot-juice.jpg 

မုန်လာဥနီကတော့ အစိမ်းစားလို့လည်းရ၊ ဟင်းချက်စားလို့လည်းရ၊ ဖျော်ရည်ဖျော်သောက်လို့လည်းရတဲ့ အသီးအနှံတစ်မျိုးပါ။ မုန်လာဥနီမှာပါဝင်တဲ့ ဘီတာကယ်ရိုတင်းန် (beta-carotene) ဓာတ်ဟာ ခန္ဓာကိုယ်ထဲရောက်ရင် ဗိုက်တာမင်အေအဖြစ် ပြောင်းလဲသွားနိုင်ပြီး မျက်စိကျန်းမာရေးကို အကျိုးပြုနိုင်ပါတယ်။ မုန်လာဥနီကို ဖျော်ရည်ဖျော်သောက်တာနဲ့ အစိမ်းစားတာကတော့ မုန်လာဥနီထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို အပြည့်အဝ ရရှိစေနိုင်ပါတယ်။

၃။ ပန်းဂေါ်ဖီစိမ်း

461262343.jpg 

ပန်းဂေါ်ဖီစိမ်းကတော့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါရှိတဲ့ super food တစ်မျိုးပါ။ အဲဒီကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှာ မျက်စိအားကောင်းစေတဲ့ အာနိသင်လည်း ပါရှိနေပါသေးတယ်။ ပန်းဂေါ်ဖီစိမ်းမှာတော့ ဗိုက်တာမင်ဘီ၊ လူတိန်းနဲ့ ဇီဇန်သင်းတို့ ကြွယ်ဝစွာပါဝင်ပြီး အဲဒီအာဟာရဓာတ်တွေက မျက်စိကျန်းမာရေးကို အထူးအကျိုးပြုနိုင်ပါတယ်။

တိတိကျကျပြောရရင် ပန်းဂေါ်ဖီစိမ်း စားပေးခြင်းက မျက်စိနာခြင်း၊ အမြင်ဝေဝါးခြင်းနဲ့ မျက်စိညောင်းကိုက်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်းဟာ မျက်စိကြွက်သားတွေနဲ့ ကွန်ပျူတာအချိန် အကြာကြီးကြည့်ခြင်းကြောင့် ဖြစ်တတ်တဲ့ မျက်စိပေါ်က stress တွေကို ဖယ်ရှားပေးခြင်းဖြင့် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၄။ ငါး

15-Surprising-Ways-Salmon-Benefits-Your-Health.jpg 

တူနာတို့၊ ဆယ်လ်မွန်တို့လို အဆီများတဲ့ငါးတွေဟာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝတယ်လို့ နာမည်ကြီးပါတယ်။ သူတို့တွေက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ free radical တွေရဲ့ တိုက်ခိုက်မှုတွေကနေ မျက်စိကို ကာကွယ်ပေးတဲ့ antioxidant တွေလည်း ဖြစ်ကြပါတယ်။

နောက်ပြီးတော့ အိုမီဂါသရီး ဖက်တီးအက်ဆစ်ဟာ မျက်ကပ်မှန်အသုံးပြုခြင်းကြောင့် မျက်စိခြောက်ခြင်းကို ကာကွယ်ပေး နိုင်တယ်လို့လည်း လူသိများပါတယ်။ အဆီများတဲ့ငါးတွေကိုသာ တစ်ပတ်ကို နှစ်ကြိမ်လောက် ပုံမှန်စားပေးကြည့်လိုက်ပါ။ မျက်စိအမြင်အာရုံတွေ အချိန်တိုအတွင်း တိုးတက်ကောင်းမွန်လာတာကို မြင်တွေ့ရမှာပါ။

၅။ ကြက်ဥ

steamed-eggs-590x415.jpg 

ကြက်ဥထဲမှာ ပရိုတိန်းဓာတ်များစွာ ပါဝင်ပါတယ်။ တကယ်တော့ ပရိုတိန်းတွေဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ် တည်ဆောက်ရေး အတွက်တော့ အခြေခံအုတ်မြစ်တွေလိုပါပဲ။ မျက်စိထဲမှာ ဆဲလ်ပြန်လည် ပျံ့ပွားခြင်း ဖြစ်စဉ်တွေကို ညတွင်းချင်း လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ပရိုတိန်းဓာတ် ပြည့်ဝနေဖို့တော့ လိုမှာပါ။ ဒီအချက်ကို ကြက်ဥက ဖြည့်ဆည်းပေးနိုင်မှာပါ။

Source: stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က