ဘရောင်နီကိတ်ဆိုတာ ချောကလက်ကိတ် အမျိုးအစားတစ်မျိုးဖြစ်ပြီး အရသာရှိတဲ့ ကိတ်အမျိုးအစားတစ်မျိုးပါ။

ဘရောင်နီကိတ်ဆိုတာ ချောကလက်ကိတ် အမျိုးအစားတစ်မျိုးဖြစ်ပြီး အရသာရှိတဲ့ ကိတ်အမျိုးအစားတစ်မျိုးပါ။ အနောက်နိုင်ငံတွေက ကော်ဖီဆိုင်တွေမှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ ကော်ဖီတို့၊ ချောကလက် ဖျော်ရည်တို့နဲ့ တွဲဖက်ရင် အထူးလိုက်ဖက်ပါတယ်။ ဒီနေ့ဖော်ပြပေးမှာကတော့ အချိုဓာတ်နည်းပါးမှုကြောင့် ဆီးချိုရောဂါသည်တွေပါ စားသုံးလို့ရတဲ့ ကန်စွန်းဥ ဘရောင်နီကိတ် လုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

Sweet-Potato-Brownies-1.jpg 

ဘရောင်ကိတ်အတွက် ပါဝင်ပစ္စည်းတွေကတော့ ရွှေဖရုံသီးအနှစ် (၁) ခွက် (၂၄၀ ဂရမ်ခန့်)၊ ထောပတ်သီးအမှည့် အနှစ် (၁/၂) ခွက်ခန့်၊ သကြားမပါတဲ့ ပန်းသီးဆော့စ် (၁/၂) ခွက်၊ စွန်ပလွံယို၊ ဗင်နီလာအနှစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ကြက်ဥ (၂) လုံး၊ ဂျုံမှုန့် (၁/၂) ခွက်၊ ကိုကိုးမှုန့်ာ (၁/၂) ခွက်၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆား (၁/၂) ဇွန်းတို့ပဲ ဖြစ်ပါတယ်။ အပေါ်က အုပ်မဲ့ ခရင်မ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ဗလင်နီအရသာ ပရိုတိန်းမှုန့် (၃) ဇွန်း၊ စွန်ပလွံယို (၁/၄) ခွက်၊ ဟေဇယ်စေ့ထောပတ် (၁/၄) ခွက်၊ သကာထုတ်ပြီးသား ဒိန်ချဉ် (၁/၂) ခွက်၊ အော်ဂဲနစ် ကိုကိုးမှုန့် (၁/၄) ခွက်၊ စားအုန်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်းတို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Sweet-Potato-Brownies-4.jpg 

အရင်ဆုံး မုန့်ဖုတ်မီးဖို (oven) ကို ၁၉၀ ဒီဂရီစင်တီဂရိတ်ခန့် အပူပေးပါ။ ၉ လက်မပတ်လည်ခန့်ရှိတဲ့ မုန့်ဖုတ်ပုံစံခွက်ကိုတော့ ဆီနည်းနည်းသုတ်ပြီး အထဲမှာ မုန့်ဖုတ်စက္ကူ (parchment paper) နည်းနည်း ခင်းထားပေးလိုက်ပါ။

မီးဖိုချောင်သုံးမွှေစက် (food processor) ထဲမှာတော့ ထောပတ်သီးအနှစ်ရယ်၊ ကန်စွန်းဥအနှစ်ရယ်၊ သကြားမပါတဲ့ ပန်းသီးဆော့စ်ရယ်၊ စွန်ပလွံယိုရယ်၊ ဗနီလာအနှစ်ရယ်၊ ကြက်ဥရယ်ကို ရောထည့်ပြီး မုန့်နှစ်လေးဖြစ်သွားသည်အထိ သမအောင် မွှေပေးလိုက်ပါ။ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာတော့ ဂျုံမှုန့်ရယ်၊ ကိုကိုးမှုန့်ရယ်၊ ဆားရယ်၊ မုန့်ဖုတ်ဆိုဒါမှုန့်ရယ်ကို ရောပြီး ကြက်ဥခေါက်တံတစ်ချောင်းနဲ့ သမအောင် ခလောက်ပေးလိုက်ပါ။ ပြီးရင် ရလာတဲ့ပါဝင်ပစ္စည်းတွေကို မီးဖိုချောင်သုံး မွှေစက်ထဲကို ထည့်ပြီး ရောမွှေပေးလိုက်ပါဦး။

 

ရလာမယ့် မုန့်နှစ်ထဲမှာ သစ်ကြားစေ့နည်းနည်းပါရောပြီးရင်တော့ မုန့်နှစ်ကို အသင့်ပြင်ထားတဲ့ မုန့်ဖုတ်ပုံစံခွက်ထဲကို ပြောင်းထည့်ပေးလိုက်ပါ။ မုန့်နှစ်လေးတွေကို မုန့်ဖုတ်ပုံစံခွက်ထဲမှာ ညီညာအောင် သစ်သားယောက်မတစ်ချောင်းနဲ့ အညီအမျှ လိုက်ညှိပေးပြီးရင် (၂၅) မိနစ်ခန့်ကြာအောင် ဖုတ်ပေးလိုက်ပါ။ ပြီးရင်တော့ မုန့်ဗန်း (ပုံစံခွက်) ကို (၁၅) မိနစ်ခန့်ကြာအောင် အအေးခံပေးလိုက်ပါ။

 

ဘရောင်နီကိတ်ကို အအေးခံထားတုန်း အပေါ်ကလောင်းထည့်မဲ့ အနှစ်အတွက် ပြင်ဆင်ရမှာပါ။ ဗလင်နီအရသာ ပရိုတိန်းမှုန့် (၃) ဇွန်း၊ စွန်ပလွံယို (၁/၄) ခွက်၊ ဟေဇယ်စေ့ထောပတ် (၁/၄) ခွက်၊ သကာထုတ်ပြီးသား ဒိန်ချဉ် (၁/၂) ခွက်၊ အော်ဂဲနစ် ကိုကိုးမှုန့် (၁/၄) ခွက်၊ စားအုန်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း အစရှိတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို မီးဖိုချောင်သုံးမွှေစက်ထဲထည့်ပြီး ခရင်မ်ပုံစံပေါက်လာသည်အထိ မွှေပေးလိုက်ပါ။

 

ပြီးရင် ဘရောင်နီကိတ်မုန့်ပေါ် လောင်းပေးလိုက်ပြီး သစ်သားယောက်မတစ်ချောင်းနဲ့  ညီအောင်လိုက်ညှိပေးလိုက်ပါ။ (၁၅) မိနစ်ခန့် အအေးခံပြီးရင်တော့ ဘရောင်နီကိတ်လေးတွေကို အတုံးလေးတွေလှီးပြီး ကော်ဖီတို့၊ ချောကလက်ဖျော်ရည်တို့နဲ့ တွဲဖက်စားသုံး နိုင်ပါပြီ။

Source: thehealthyfoodie

Share

Loading Next Article...
က္က