လူမျိုးတစ်မျိုးရဲ့ သြဇာလွှမ်းမိုးမှုဆိုတာ မိမိတို့ရဲ့ယဉ်ကျေးမှုတွေကို တခြားနိုင်ငံ ဘယ်လောက်များများက လိုက်နာလက်ခံ ကျင့်သုံးကြလဲ ဆိုတာနဲ့လည်း သက်ဆိုင်ပါတယ်။

ကမ္ဘာပေါ်က လူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှုများစွာ ရှိပါတယ်။ အဲဒီထဲမှာ ကိုယ်ပိုင်အစားအသောက် ယဉ်ကျေးမှုတွေလည်း ပါဝင်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ သြဇာလွှမ်းမိုးမှုဆိုတာ မိမိတို့ရဲ့ယဉ်ကျေးမှုတွေကို တခြားနိုင်ငံ ဘယ်လောက်များများက လိုက်နာလက်ခံကျင့်သုံးကြလဲ ဆိုတာနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာကိုလွှမ်းမိုးထားနိုင်တဲ့ နိုင်ငံအသီးသီးရဲ့ အစားအသောက်ဆိုင်ရာ ယဉ်ကျေးမှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အီတလီ

http _cdn.cnn.com_cnnnext_dam_assets_170407162621-naples-pizza.jpg 

အီတလီအစားအစာတွေဟာ ကမ္ဘာတဝှမ်းလုံးက လျှာတွေရဲ့အရသာခံဘုတွေကို နှစ်ရာနဲ့ချီပြီး သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ခရမ်းချဉ်သီးဆော့စ်တွေ၊ ဂျုံမှုန့်တွေနဲ့ ပြုလုပ်တဲ့ သွားရည်စာမုန့်တွေဟာ ကမ္ဘာသူကမ္ဘာသားတွေအတွက်တော့ သဘောကျစရာတွေပါပဲ။

အီတလီလူမျိုးတွေကို ခေါက်ဆွဲနည်းနည်း၊ သံလွင်ဆီနည်းနည်း၊ ကြက်သွန်ဖြူနည်းနည်း၊ ခရမ်းချဉ်သီးတစ်လုံးနဲ့ ဘေကွန်အသားဆားနယ်နည်းနည်း ပေးလိုက်ပါ။ သူတို့က သင့်ပန်းကန်ပြားထဲမှာ နတ်သုဒ္ဓါတစ်မျိုး ဖန်ဆင်းပြပါလိမ့်မယ်။ အီတလီအစားအစာတွေဖြစ်တဲ့ ပီဇာတို့၊ စပါဂတ်တီတို့၊ ဆလာမီတို့ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အစားအစာတွေထဲမှာ ပါဝင်သလို အီတလီကော်ဖီတစ်မျိုးဖြစ်တဲ့ ကဖူချီနို (cappuccino) ဟာလည်း လူသောက်အများဆုံး အဖျော်ယမကာတစ်မျိုးပါပဲ။

၂။ တရုတ်

http _cdn.cnn.com_cnnnext_dam_assets_170228162429-peking-duck.jpg 

တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် စားပြီးပြီလားလို့ နှုတ်ဆက်တတ်ကြတဲ့ လူတွေဟာ ကမ္ဘာပေါ်မှာ အစားအသောက်နဲ့ ပတ်သက်လာရင် အစွဲလမ်းဆုံးပုဂ္ဂိုလ်တွေလည်း ဖြစ်ကြပါတယ်။ အဲဒီလူတွေကတော့ တရုတ်လူမျိုးတွေပါပဲ။ တရုတ်လူမျိုးတွေဟာ သမိုင်းတလျှောက်မှာ အစားအသောက်တွေကို ပုံသဏ္ဍာန်အမျိုးမျိုး၊ ချက်ပုံချက်နည်း အမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ခဲ့ကြသူတွေပါ။

တရုတ်လူမျိုးတွေဟာ အစားအသောက်ကို ချက်ပြုတ်ရောင်းချရုံတင် မကပါဘူး။ အရသာရှိအောင်လည်း ဖန်တီးပြုလုပ်တတ်ပါတယ်။ ဝက်သားချိုချဉ်၊ ပေါက်ဆီ၊ ဒင်းဆမ်း၊ ဝက်ကင်နဲ့ ပီကင်းဘဲကင်၊ ရှောက်လုံပေါင်းတို့ဟာ ကမ္ဘာကပါသိတဲ့ တရုတ်အစားအစာတွေပါပဲ။

၃။ ပြင်သစ်

http _cdn.cnn.com_cnnnext_dam_assets_140425154220-lyon-outshines-paris-baguettes.jpg 

တကယ်လို့ သင်ဟာ အစားစားရတာကို အလွန်ချစ်မြတ်နိုးပြီး အစားအစာမျိုးစုံကို မြည်းစမ်းဖူးကြည့်ချင်တဲ့ foodie တစ်ယောက်ဆိုရင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို အလည်သွားပါ။ ပြင်သစ်စားဖိုမှူးတွေဟာ ကမ္ဘာကျော်စားဖိုမှူးတွေ ဖြစ်ကြသလို ပြင်သစ်လူမျိုးတွေဟာလည်း အစားအသောက်ကောင်းရဲ့ တန်ဖိုးကို သိနားလည်ကြပါတယ်။

ပြင်သစ်မှာ အစားအစာ (၃) မျိုး ပါဝင်တဲ့ နေ့လည်စာတစ်နပ်ကို de rigeur လို့ ခေါ်ပါတယ်။ ပြင်သစ်ခရုဟင်း (Escargot) ၊ ပြင်သစ်ရောင်စုံကိတ် (Macarons) ၊ ပြင်သစ်ပေါင်မုန့်ရှည် (Baguette) တို့ဟာ နာမည်ကြီးပြီး Foie gras (ဘဲအသည်း) ကတော့ ပြင်သစ်နိုင်ငံရဲ့ ဈေးအကြီးဆုံး အစားအစာတစ်မျိုးထဲမှာ ပါပါတယ်။

၄။ စပိန်

http _cdn.cnn.com_cnnnext_dam_assets_140110124859-euro-street-food-churros.jpg 

စပိန်နိုင်ငံဟာ သမိုင်းဝင်အစားအသောက် ယဉ်ကျေးမှုတွေနဲ့ ပြည့်လျှမ်းနေပြီး တစ်ကမ္ဘာလုံးက လိုက်နာကျင့်သုံးကြတဲ့ ယဉ်ကျေးမှုတွေလည်း ပါဝင်ပါတယ်။ စပိန်နိုင်ငံက ဆင်းသက်လာတဲ့ ဘားယဉ်ကျေးမှုရယ်၊ Tapas လို့ခေါ်တဲ့ အချိုပွဲယဉ်ကျေးမှုရယ်၊ စပိန်ဝိုင်ယဉ်ကျေးမှုရယ်က နာမည်ထင်ရှားပါတယ်။ စပိန်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုက အစားအသောက်နဲ့ ယှက်နွယ်နေပါတယ်။ Jamón ibérico လို့ခေါ်တဲ့ စပိန်ဝက်ပေါင်ခြောက်နဲ့ Churros လို့ခေါ်တဲ့ အီကြာကွေးပုံစံ ဆီကြော်မုန့်ဟာ စပိန်နိုင်ငံရဲ့ ထင်ရှားတဲ့ အစားအစာယဉ်ကျေးမှုတွေပါ။

၅။ ဂျပန်

http _cdn.cnn.com_cnnnext_dam_assets_170410104920-sushi-mizutani.jpg 

အစားအစာနဲ့ ပတ်သက်လာရင် ဂျပန်ကို ဘေးဖယ်ထားလို့ မရပါဘူး။ ဂျပန်လူမျိုးတွေဟာ အင်ဂျင်နီယာပညာရပ်မှာ အနုစိတ်ကျသလိုပဲ အစားအစာ ချက်ပြုတ်ပြင်ဆင်မှု ပိုင်းမှာလည်း တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ လိုက်နာကြ ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတဝှမ်းက ဆူရှီစားဖိုမှူးတွေနဲ့ ရာမင်ခေါက်ဆွဲ ကျွမ်းကျင်သူတွေကို သူတို့ရောက်ရာနိုင်ငံတွေက အစားအစာချစ်မြတ်နိုးသူတွေကို သြဇာလွှမ်းမိုးထားနိုင်တာပါ။

ဂျပန်နိုင်ငံမှာ အစားအသောက် ယဉ်ကျေးမှုပေါင်းများစွာရှိပြီး ဆူရှီ၊ ရာမင်ခေါက်ဆွဲ၊ ထမင်းလုံး၊ ရေဘဝဲလုံးကြော်နဲ့ လက်ဖက်စိမ်း ရေနွေးကြမ်းတို့ဟာ အထင်ရှားဆုံးပါပဲ။ ရေညှိဟင်းချို (miso soup) နဲ့ sashimi (ငါးအသားစိမ်း) တို့ဟာလည်း ဂျပန်အစားအစာ အကြောင်းပြောရင် ဖယ်ချန်ထားလို့ မရပါဘူး။

ဆက်လက်ဖော်ပြပါမည်။

Source: CNN

Share

Loading Next Article...
က္က