အဲဒီရေခဲတုံးဗန်းလေးတွေကို ရေခဲ ခဲဖို့တစ်ခုတည်းအတွက် အသုံးချလို့ရတာ မဟုတ်ပါဘူး။

ရေခဲသေတ္တာထဲမှာ ရေခဲခဲဖို့အတွက် အပူချိန် မိုင်းနပ်စ်ပြသည်အထိ လျှော့ချဖို့အတွက် အအေးခန်းတစ်ခန်း ပါဝင်တတ်ပါတယ်။ ရေခဲတုံးဗန်း (ice cube tray) လေးတွေထဲကို ရေဖြည့်ပြီး အဲဒီအအေးခန်းထဲမှာ ထားလိုက်ရင် အသင့်သုံးရေခဲတုံးလေးတွေကို ရရှိစေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီရေခဲတုံးဗန်းလေးတွေကို ရေခဲ ခဲဖို့တစ်ခုတည်းအတွက် အသုံးချလို့ရတာ မဟုတ်ပါဘူး။ ရေခဲတုံးဗန်းလေးတွေကို အထာကျကျ အသုံးချနည်းကတော့...

၁။ ရေခဲကော်ဖီတုံး

icetraycoffeecubes(1).jpg 

ကော်ဖီအေးကို မကြိုက်တဲ့သူ ဘယ်သူရှိမလဲ။ ကော်ဖီအေးတစ်ခွက်က ပူလောင်တဲ့နေ့တစ်နေ့ကို အကောင်းဆုံးဖြတ်လန်းဖို့အတွက် လန်းဆန်းမှုနဲ့ ကဖင်းဓာတ်ကို ဖြည့်စွမ်းပေးနိုင်ပါတယ်။ ကော်ဖီအေးတစ်ခွက်ကို အထာကျကျ ဖန်တီးချင်ရင်တော့ ကော်ဖီကို မိမိစိတ်ကြိုက်အရင် ဖျော်ပြီးမှ ရေခဲတုံးဗန်းလေးထဲမှာ လောင်းထည့်ပြီး ရေခဲသေတ္တာ အအေးခန်းထဲမှာ အအေးခံထားလိုက်တာပါပဲ။ ကော်ဖီလေးတွေ ရေခဲတုံးဘဝရောက်သွားတော့မှ ခွက်ထဲပြန်ထည့်ပြီး မိမိစိတ်တိုင်းကျ ကော်ဖီအေးကို ဖျော်စပ်သောက်သုံးနိုင်ပါပြီ။

၂။ detox ရေခဲတုံး

icetraydetox(1).jpg 

Detox water ဆိုတာ သစ်သီးဝလံအမျိုးမျိုးကို လှီးသင်ဖြတ်တောက်ပြီး ရေပုလင်းထဲမှာ ရောထည့်ထားတဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ Detox water တွေကို ရေခဲတုံးဗန်းထဲ လောင်းထည့်ပြီး အအေးခံလိုက်တဲ့အခါ လှပပြီး ချစ်စရာ detox ရေခဲတုံးလေးတွေကို ရရှိနိုင်ပြီး detox ကို အထာကျကျ သောက်သုံးနိုင်တဲ့ နည်းလမ်းသစ်တစ်ခုပေါ့။

၃။ Sugar scrub ရေခဲတုံး

icetraysugarscrubcubes(1).jpg 

Sugar scrub ဆိုတာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရာမှာ အသုံးပြုတဲ့ သဘာဝလိမ်းဆေးတစ်မျိုးပါ။ Sugar scrub တွေကို သုံးခါနီးမှ ပြုလုပ်လို့ရသလို ရေခဲတုံးဗန်းထဲထည့် အအေးခံပြီး လိုတော့မှ တစ်တုံးချင်းထုတ်ပြီး အသုံးပြုလို့လည်း ရပါတယ်။ ဒီနည်းလမ်းလေးက အထာကျပြီး ထိရောက်တဲ့ ဆဲလ်သေဖယ်ရှားနည်းလေးပါပဲ။

၄။ Smoothie ရေခဲတုံး

icetraysmoothie(1).jpg 

Smoothie တွေကိုဖျော်ပြီး ပိုနေရင် သွန်ပစ်ရမှာ နှမျောစရာကြီး။ အဲဒီအချိန်မျိုးမှာ ရေခဲတုံးဗန်းထဲလောင်းထည့်ပြီး Smoothie ရေခဲတုံးလေးတွေကို ဖန်တီးထားလို့ရပါတယ်။ နောက်နေ့ကျရင် ဘူးတစ်ဘူးထဲမှာ Smoothie ရေခဲတုံးလေးတွေကို ထည့်သွားရင် ရုံးရောက်ပြီဆိုတာနဲ့ ရေခဲတုံးလေးတွေ အရည်ပျော်ပြီး အသင့်သောက်သုံးနိုင်တဲ့ smoothie တစ်ခွက်ကို ရရှိပြီပေါ့။

၅။ ဘယ်ရီသီး ရေခဲတုံး

icetrayberries(1).jpg 

ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲမှာ ဒီတိုင်းလှောင်ထားရင် ရေခဲလောင်ပြီး အရသာပေါ့သွားတာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုအဖြစ်မျိုးကို ရှောင်ရှားဖို့အတွက် စတော်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးတွေကို အပိုင်းလေးတွေပိုင်းပြီး ရေခဲဗန်းထဲမှာ ရေအနည်းငယ်နဲ့ရောနှောပြီး အအေးခံထားလိုက်ပါ။ သုံးဖို့လိုတဲ့အချိန်မှ ထုတ်ယူလိုက်မယ်ဆိုရင် လတ်ဆတ်တဲ့ ဘယ်ရီသီးလေးတွေကို ရရှိမှာပါ။

Source: Food.ndtv

Share

Loading Next Article...
က္က