အမေရိကန် သရေစာမုန့်တစ်မျိုးလို့ ဆိုနိုင်တဲ့ ပန်းသီးနှင်းဆီပန်း မုန့်လေးကတော့ ပြုလုပ်ရလွယ်ကူပြီး ကြာမြင့်ချိန် တစ်နာရီဝန်းကျင်သာ ပေးရမဲ့ အစားအစာလေးပါ။

အမေရိကန် သရေစာမုန့်တစ်မျိုးလို့ ဆိုနိုင်တဲ့ ပန်းသီးနှင်းဆီပန်း မုန့်လေးကတော့ ပြုလုပ်ရလွယ်ကူပြီး ကြာမြင့်ချိန် တစ်နာရီဝန်းကျင်သာ ပေးရမဲ့ အစားအစာလေးပါ။ အိမ်က ကလေးတွေရဲ့ မုန့်ဘူးထဲမှာ ထည့်ပေးဖို့သင့်တော်သလို ဧည့်သည်သောင်သည်လာလို့ ဧည့်ခံရင်လည်း မျက်နှာပန်းလှစေမဲ့ မုန့်လေးတစ်မျိုးပါ။

 

ပန်းသီးနှင်းဆီပန်းမုန့်ဆိုပေမဲ့ ပန်းသီးနဲ့ နှင်းဆီပန်းကို ရောနှောပြုလုပ်ထားတာ မဟုတ်ဘဲ ပန်းသီးစိတ်လေးတွေကို မုန့်သားပေါ်တင်ပြီး နှင်းဆီပန်းပုံဖော်ထားတာပါ။ ပြုလုပ်နည်းအဆင့်ဆင့်ကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

How-To-Make-Apple-Roses-8646.jpg 

အရွယ်တော်ပန်းသီးအကြွပ် (၂) လုံး (၃) လုံးခန့်၊ ထောပတ်ရည် လက်ဖက်ရည်ဇွန်း (၃) ဇွန်းခန့်၊ သံပရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့်၊ ဆား (၁/၄) ဇွန်းခန့်၊ မက်မွန်ယို လက်ဖက်ရည်ဇွန်း (၃) ဇွန်းခန့်၊ အုန်းသကြား လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်၊ သစ်ကြံပိုးခေါက်မှုန့် (၁/၂) ဇွန်းခန့်၊ ဇာတိပ္ဖိုလ်သီးမှုန့် အနည်းငယ်နဲ့ Puff pastry လို့ခေါ်တဲ့ မုန့်ဖုတ်ရင်သုံးတဲ့၊ ထောပတ်နဲ့ဂျုံ ရောစပ်ပြုလုပ်ထားတဲ့ မုန့်နှစ်ပြား တစ်ချပ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး မုန့်ဖုတ်မီးဖိုကို (၃၇၅) ဒီဂရီအပူချိန်ထိရောက်အောင် အပူပေးလိုက်ပါ။ ပြီးရင် မုန့်ဖုတ်စက္ကူခင်းထားတဲ့ မုန့်ဖုတ်ဒယ်ပြားတစ်ချပ်ကို အသင့်ပြင်ထားလိုက်ပါ။

ပန်းသီးတွေကို ထက်ခြမ်းခြမ်းပြီး အလည်ကအူတိုင်နဲ့ ရိုးတံတွေကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင် ထိပ်ပိုင်းနေရာလေးတွေကို လှီးထုတ်ပြီး စက်ဝိုင်းခြမ်းပုံစံ ပန်းသီးစိတ်ပါးပါးလေးတွေဖြစ်အောင် ဓားထက်ထက်နဲ့ လှီးပေးလိုက်ပါ။ ဒီနေရာမှာ ပန်းသီးစိတ် ပါးနိုင်လေလေ၊ နှင်းဆီပန်းပုံဖော်ရတာ ပိုလွယ်လေလေပါပဲ။ ပြီးရင်တော့ ပန်းသီးစိတ်ပါးပါးလေးတွေကို ဇလုံတစ်လုံထဲထည့်ပြီး ထောပတ်ရည်၊ သံပရာရည်၊ ဆားအနည်းငယ်တို့နဲ့ရောပြီး နယ်ပေးလိုက်ပါ။

 

ရလာတဲ့ပန်းသီးစိတ်လေးတွေကို မုန့်ဖုတ်စက္ကူပေါ်တင်ပြီးမှ မုန့်ဖို (oven) ထဲမှာ (၁၀) မိနစ်ခန့် ဖုတ်ပေးလိုက်ပါ။ (၁၀) မိနစ်ခန့်ကြာရင်တော့ အပြင်ပြန်ထုတ်ပြီး အအေးခံထားလိုက်ပါ။ ဂျုံမုန့်ချပ်ပေါ်မှာ လက်နဲ့ကိုင်ပြီး တင်နိုင်လောက်သည်အထိ အေးသွားအောင် အအေးခံရမှာပါ။ မုန့်ဖိုကိုတော့ မီးမပိတ်ဘဲ အပူဆက်ပေးထားလိုက်ပါ။

မက်ဖင်ကိတ်မုန့်ဖုတ်ရင် သုံးတဲ့ဒယ်အိုးပြား (မုန့်လင်မယားကြော်တဲ့ ဗန်းအကြီးစားပုံစံ) ကို ထောပတ်ဆီ နည်းနည်းသုတ်ပြီး ခဏဖယ်ထားလိုက်ပါ။ ပန်းကန်လုံးတစ်လုံးထဲမှာတော့ အုန်းသကြားမှုန့်ရယ်၊ သစ်ကြံပိုးခေါက်မှုန့်ရယ်၊ ဇာတိပ္ဖိုလ်သီးမှုန့်ရယ်ကို ရောစပ်ထားလိုက်ပါ။ Puff pastry လို့ခေါ်တဲ့ မုန့်ဖုတ်ရင်သုံးတဲ့၊ ထောပတ်နဲ့ဂျုံ ရောစပ်ပြုလုပ်ထားတဲ့ မုန့်နှစ်ပြားကိုတော့ သစ်သားဘုတ်ပြားပေါ်မှာ ဂျုံလှိမ့်တဲ့ ဒလိမ့်တုံုးနဲ့လှိမ့်လိုက်ပါ။

မုန့်နှစ်ပြားက အရှည် (၁၂) လက်မ၊ အကျယ် (၁၀) လက်မ အရွယ်အစားရှိတဲ့ ထောင့်မှန်စတုဂံပုံ ဖြစ်ရမှာပါ။ ပြီးရင် မုန့်နှစ်ပြားပေါ်မှာ မက်မွန်ယိုကို ဘရပ်ချ်တစ်ခုနဲ့ နှံ့စပ်အောင် သုတ်လိမ်းပေးလိုက်ပါ။ ခုနက ဖယ်ထားတဲ့ အုန်းသကြားမှုန့်၊ သစ်ကြံပိုးခေါက်မှုန့်နဲ့ ဇာတိပ္ဖိုလ်သီးမှုန့် အရောကိုတော့ အပေါ်ကနေ ဖြူးပေးလိုက်ပါဦး။ ပြီးရင် ဓားထက်ထက်တစ်လက်နဲ့ အရှည် (၂) လက်မ၊ အကျယ် (၁၀) လက်မ အရွယ်အစားရှိတဲ့ မုန့်နှစ်ချပ်လေး (၆) ချပ်ရအောင် လှီးထုတ်ပေးလိုက်ပါ။

 

ပြီးရင်တော့ မုန့်ချပ်ငယ်တစ်ချပ်ချင်းစီပေါ်မှာ ပန်းသီးချပ်လေးတွေကို တစ်ချပ်အနားပေါ်တစ်ချပ် ထပ်နေတဲ့ ပုံစံနဲ့ တင်ပေးလိုက်ပါ။ (မရှင်းရင် ပူးတွဲပါ ဗီဒီယိုကို ကြည့်ပြီးလုပ်ပါ။) ပန်းသီးချပ် (၁၂) ချပ်ခန့် တင်ပြီးရင်တော့ မုန့်ချပ်ပေါ်မှာ ပန်းသီးဖတ်လေးတွေက တစ်ဝက်လောက်ထွက်နေတဲ့ ပုံစံဖြစ်နေရမှာပါ။ ပြီးရင် မုန့်ချပ်ရဲ့အောက်အနားမှာ ထောပတ်ဆီနည်းနည်း သုတ်လိမ်းပြီး မုန့်ချပ်လေးတွေကို လိပ်ပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ မုန့်လေးကို မက်ဖင်ကိတ်မုန့်ဖုတ်တဲ့ မုန့်ဗန်းထဲထည့်ပေးလိုက်ပါ။ ကျန်နေသေးတဲ့ မုန့်ချပ်တွေကိုလည်း အလားတူပုံစံအတိုင်း လုပ်ပေးလိုက်ပါ။

 

မက်ဖင်မုန့်ဗန်းထဲမှာ မုန့်လေးတွေပြည့်သွားပြီဆိုရင်တော့ (၄၅) မိနစ်ခန့် မုန့်ဖိုထဲထည့်ဖုတ်ပေးလိုက်ပါ။ မုန့်တွေအားလုံး ရွှေညိုရောင်သမ်းသွားပြီဆိုရင်တော့ မုန့်ဖိုထဲကထုတ်ပြီး (၁၀) မိနစ်ခန့် အအေးခံပေးလို့ရပါပြီ။ ပြီးရင်တော့ မိမိနှစ်သက်ရာ ကော်ဖီ၊ လက်ဖက်ရည် တစ်ခုခုနဲ့ တွဲဖက်သုံးဆောင်နိုင်သလို ချစ်သူ၊ ခင်သူတွေကို တည်ခင်းဧည့်ခံလို့လည်း ရပါပြီနော်။

Source: Foolproofliving

Share

Loading Next Article...
က္က