အပြောင်းအလဲလေးလည်း ဖြစ်သွားအောင် အာရှတိုက်ရဲ့ စွပ်ပြုတ်ချက်နည်းတွေအစား ဒီနေ့မှာတော့ အမေရိကန်စတိုင်လ် စွပ်ပြုတ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရာသီဥတုက အအေးမကုန်သေးတဲ့ အနေအထားပါ။ မနက်ခင်းအချိန်တွေဆိုရင် တချို့နေရာတွေမှာ စိမ့်နေအောင် အေးနေပါသေးတယ်။ အေးမြတဲ့ ဆောင်းရာသီမှာ ရာသီဥတုကို အံတုဖို့ဆိုရင် စွပ်ပြုတ်ကောင်းကောင်းလေး တစ်ခွက်ကို လိုအပ်တာအမှန်ပါပဲ။ အပြောင်းအလဲလေးလည်း ဖြစ်သွားအောင် အာရှတိုက်ရဲ့ စွပ်ပြုတ်ချက်နည်းတွေအစား ဒီနေ့မှာတော့ အမေရိကန်စတိုင်လ် စွပ်ပြုတ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

သွေးအားကောင်းစေတဲ့ အမဲသားရယ်၊ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်ကို ဖြည့်စွမ်းပေးနိုင်တဲ့ ပဲနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်ပြီး ရင်ထဲမှာနွေးထွေးသွားစေနိုင်မယ့် အရသာရှိတဲ့ စွပ်ပြုတ်လေးပါ။ ကိုယ်တိုင်ချက်ပြုတ် မြည်းစမ်းကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေနော်။

ပါဝင်ပစ္စည်းများ

Vegetable-Beef-Soup-1009.jpg 

အမဲသားဟင်း အပိုင်းအတွက် (၁) လက်မအရွယ် အတုံးလေးတွေ တုံးတစ်ထားတဲ့ အမဲသား (၂) ပေါင်ခန့်၊ ဆား တစ်ဇွန်းခွဲခန့်၊ ငရုပ်ကောင်းမှုန့် ဇွန်းဝက်ခန့်၊ သံလွင်ဆီ (၂) ဇွန်းခန့် တို့ကို လိုအပ်ပါတယ်။

စွပ်ပြုတ်အတွက် လိုအပ်တာကတော့ သံလွင်ဆီ (၁) ဇွန်းရယ်၊ အရွယ်တော် ကြက်သွန်နီ (၂) လုံးရယ်၊ အခွံခွာပြီး လက်မဝက်အရွယ် အတုံးလေးတွေ တုံးထားတဲ့ မုန်လာဥနီ (၅) လုံးရယ်၊ တရုတ်နံနံကြီး (၅) ပင်ရယ်၊ ခရမ်းချဉ်သီး အနှစ် (၁) ဘူးစာခန့်ရယ်၊ လက်မဝက်အရွယ် အတုံးလေးတွေ တုံးထားတဲ့ အာလူး (၁) ပေါင်ခန့်ရယ်၊ စမုန်ဖြူ (၃) ပင်ခန့်ရယ်၊ ကရဝေးရွက် အနည်းငယ်ရယ်၊ အိမ်လုပ်ကြက်စွပ်ပြုတ်ရည် (၆) ခွက်ခန့်ရယ်၊ ရေ (၂) ခွက်ရယ်၊ ဆား ဇွန်းဝက်ခန့်ရယ်၊ ငရုပ်ကောင်းမှုန့် ဇွန်းဝက်ခန့်ရယ်၊ ပဲစိမ်းလုံး (၁) ခွက်ခန့်ရယ်၊ ပဲတောင့်ရှည် (၁) ခွက်ခန့်ရယ်၊ နံနံပင် အနည်းငယ်ရယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Vegetable-Beef-Soup-0975.jpg 

အမဲသားဟင်း ချက်တော့မယ်ဆိုရင် အရင်ဆုံး စက္ကူတစ်ရှူးပေါ်မှာ အမဲသားတုံးတွေကို တင်ပြီး ရေစင်အောင်သုတ်ပေးလိုက်ပါ။ ပြီးရင် ပန်းကန်တစ်လုံးထဲမှာ ဆား၊ ငရုပ်ကောင်းမှုန့်တို့နဲ့နယ်ပြီး ဘေးခနဖယ်ထားလိုက်ပါ။

မီးဖိုပေါ်မှာတော့ ဇောက်နက်တဲ့ ဒယ်အိုး (စွပ်ပြုတ်အိုး) တစ်လုံးထဲမှာ သံလွင်ဆီ (၁) ဇွန်းခန့်ထည့်ပြီး အပူပေးထားလိုက်ပါ။ ဆီပူလာပြီဆိုရင် ခုနကဖယ်ထားတဲ့ အမဲသားတုံးလေးတွေထဲက တစ်ဝက်ကိုထည့်ပြီး (၃) မိနစ် တစ်ခါ ထက်အောက်လှန်ပေးခြင်းဖြင့် (၆) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ (၆) မိနစ်ပြည့်ရင်တေ့ အသားတုံးတွေကို ပန်းကန်ပြားတစ်ချပ်ထဲ လှယ်ထည့်ထားလိုက်ပါ။ ပြီးရင် ကျန်တဲ့သံလွင်ဆီနဲ့ အမဲသားတုံး တစ်ဝက်ကိုလည်း အထက်ပါလုပ်ဆောင်မှုအတိုင်း လုပ်ဆောင်ပေးလိုက်ပါ။ ဒုတိယအသုတ်ကိုလည်း ခုနက ပန်းကန်ပြားထဲပဲ ထည့်ပြီး အပေါ်ကနေ အလူမီနီယမ် စက္ကူနဲ့ အုပ်ထားပေးလိုက်ပါ။

 

စွပ်ပြုတ်စချက်ဖို့ အချိန်ကျပါပြီ။ စွပ်ပြုတ်ချက်ဖို့အတွက် ခုနက စွပ်ပြုတ်အိုးထဲမှာ သံလွင်ဆီကို အပူပေးလိုက်ပါ။ ဆီပူပြီဆိုရင် ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံကြီးတို့ကို ထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ပြီးရင် သစ်သားယောက်မတစ်ချောင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ပေးလိုက်ပါ။ (၈) မိနစ်လောက် ကြော်ပေးရင် ရပါပြီ။

(၈) မိနစ်ပြည့်ရင် ခရမ်းချဉ်သီးအနှစ်၊ အာလူး၊ စမုန်ဖြူ ၊ ကရဝေးရွက်တို့ကိုလည်း ထည့်ပြီး မွှေပေးလိုက်ပါ။ ခုနက ကြော်ထားတဲ့ အမဲသားတုံးလေးတွေကို အိုးထဲလှယ်ထည့်ပြီး ကြက်စွပ်ပြုတ်နဲ့ ရေကိုပါ လောင်းထည့်ပေးလိုက်ပါ။ (၂) မိနစ်ခန့်မွှေပြီးရင် ဆားနဲ့ ငရုပ်ကောင်းမှုန့်နည်းနည်းဖြူးပြီး ဆက်မွှေပေးလိုက်ပါ။ အပူချိန်ကို medium ထိ လျှော့ချလိုက်ပြီး အဖုံးပိတ်ပြီး (၁၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါဦး။

(၁၅) မိနစ်ပြည့်ရင် ပဲတောင့်ရှည်နဲ့ ပဲစိမ်းလုံးကိုပါ စွပ်ပြုတ်အိုုးထဲထည့်ပြီး (၁၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ကရဝေးရွက်ကိုတော့ အနံ့အတွက်ပဲ ထည့်ထားတာဖြစ်တဲ့အတွက် ဖယ်ထုတ်ပေးနိုင်ပါပြီ။ ပြီးရင်တော့ မိမိနှစ်သက်ရာ ပန်းကန်လုံးကြီးတစ်လုံးထဲ လှယ်ထည့်ပြီး အပေါ်က နံနံပင်လေးအုပ်ပေးလိုက်ရင် အရသာရှိပြီး မွှေးပျံ့နေတဲ့ အမေရိကန်စတိုင်လ် အမဲသား ဟင်းသီးဟင်းရွက် စွပ်ပြုတ်လေးကို ရရှိပါပြီနော်။ 

Source: Foolproofliving

Share

Loading Next Article...
က္က