ချိုမြိန်ပြီး ရေဓာတ်ကြွယ်ဝတဲ့ အခွံခွာစားရတဲ့အသီးလို့ ပြောလိုက်ရင် လိုင်ချီးသီးကို ပြေးမြင်မိကြမှာပါ။

ချိုမြိန်ပြီး ရေဓာတ်ကြွယ်ဝတဲ့ အခွံခွာစားရတဲ့အသီးလို့ ပြောလိုက်ရင် လိုင်ချီးသီးကို ပြေးမြင်မိကြမှာပါ။ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ လိုင်ချီးသီးဟာ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပြီး လုံးဝန်းတဲ့ ပုံသဏ္ဍာန်ရှိပါတယ်။ အနီရောင် (သို့) ပန်းရောင်အခွံအောက်မှာ အဖြူရောင်အသားရှိပြီး ချိုမြတဲ့ အရသာကြောင့် နာမည်ကြီးပါတယ်။ ဒါပေမဲ့ လိုင်ချီးသီးမှာ အရသာကောင်းမွန်မှုအပြင် ကျန်းမာရေးနဲ့ ဆိုင်တဲ့ တခြားအကျိုးကျေးဇူးတွေလည်း ပါရှိပါသေးတယ်။ အဲဒါတွေကတော့....



၁။ ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ်

Breast-Cancer.jpg 

လိုင်ချီးသီးရဲ့ အရေးအပါဆုံး ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုကတော့ သူ့မှာကင်ဆာ ကာကွယ်နိုင်တဲ့ အကျိုးသက်ရောက်မှု ရှိတာပါပဲ။ လိုင်ချီးသီးကို ဖျော်သောက်တာပဲဖြစ်ဖြစ်၊ ဒီတိုင်းစားပေးတာပဲဖြစ်ဖြစ် နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင် ကင်ဆာရောဂါ အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဘာဖြစ်လို့ အဲဒီလို ကာကွယ်နိုင်တာလဲဆိုတော့ လိုင်ချီးသီးမှာ ရင်သားကင်ဆာလိုမျိုး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ antioxidant နဲ့ Flavonoid ကြွယ်ဝလို့ပါပဲ။

၂။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

သုတေသီတွေရဲ့အဆိုအရ လိုင်ချီးသီးထဲမှာပါဝင်တဲ့ antioxidant တွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ လိုင်ချီးသီးမှာ oligonol ဆိုတဲ့ ဓာတုဒြပ်ပေါင်း တစ်မျိုးပါဝင်ပြီး ၎င်းက နိုက်ထရစ်အောက်ဆိုဒ် ထုတ်လုပ်မှုကို အထောက်အကူပြုနိုင်ပါတယ်။ နိုက်ထရစ်အောက်ဆိုဒ်ဟာ သွေးကြောတွေကို ပိုမိုကျယ်ဝန်းစေတဲ့ အရာတစ်မျိုးဖြစ်တဲ့အတွက် နှလုံးထဲမှာ သွေးစီးဆင်းမှုကြောင့်ဖြစ်တဲ့ ဖိအားတွေကို လျော့နည်းစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၃။ အစာချေစနစ်ကို ကောင်းမွန်စေတယ်

health-benefits-of-litchis.jpg

အစာအိမ် အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ရောဂါဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် လိုင်ချီးသီးကို ပုံမှန်စားပေးသင့်ပါတယ်။ လိုင်ချီးသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ သီးနှံတစ်မျိုး ဖြစ်တာကြောင့် အစာအိမ်အပေါ်မှာ ဖြေသိမ့်ပေးတဲ့သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အစာချေစနစ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမျှင်ဓာတ်ကလည်း လိုင်ချီးသီးထဲမှာ ကြွယ်ဝစွာပါဝင်တာမို့ အစာအိမ်သမားတွေ ဓာတ်စာအဖြစ် မှီဝဲပေးသင့်တာ အသေအချာပါပဲ။

၄။ မျက်စိအတွင်းတိမ်ကို ကာကွယ်ပေးတယ်

မျက်စိအတွင်းတိမ်ရောဂါဆိုတာ မျက်ကြည်လွှာပေါ်မှာ တိမ်လိုမျိုးအရာတွေ စွဲကပ်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ မျက်စိအတွင်းတိမ်ရောဂါဟာ လူသန်းပေါင်းများစွာ (အထူးသဖြင့် သက်ကြီးရွယ်အိုတွေ) ကို သက်ရောက်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့အတွက် သုတေသနမျိုးစုံ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီမှာ လိုင်ချီးသီးမှာပါဝင်တဲ့ phytochemical ဓာတ်ဟာ antioxidant တစ်မျိုးဖြစ်သလို ကျူမာအနာတစ်မျိုးကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ပါရှိပါတယ်။ ဒီတော့ အတွင်းတိမ်ဖြစ်စေနိုင်တဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုတွေကိုလည်း တိုက်ထုတ်နိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

၅။ ဝိတ်ကျစေတယ်

21-Amazing-Benefits-Of-Litchis-Lychees-For-Skin-Hair-And-Health-1.jpg

လိုင်ချီးသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ သစ်သီးတစ်မျိုးဖြစ်တဲ့အတွက် ဝိတ်ကျစေဖို့အတွက်တော့ အရေးပါတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ လိုင်ချီးသီး (၁၀၀) ဂရမ်မှာမှ (၆၆) ကယ်လိုရီပဲ ပါဝင်ပြီး ရေဓာတ်လည်း အထူးကြွယ်ဝတာကြောင့် ကိုယ်အလေးချိန်ကျဆင်းစေနိုင်တာ အမှန်ပါပဲ။

၆။ သွေးအားကောင်းစေတယ်

လိုင်ချီးသီးဟာ ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်မှု ကောင်းမွန်စွာလည်ပတ်နိုင်အောင် ကူညီပေးနိုင်သလို ကိုယ်တွင်းကလီစာ လုပ်ဆောင်မှုတွေမှာလည်း ချောမွေ့ပြေပြစ်စေနိုင်ပါတယ်။ လိုင်ချီးသီးထဲမှာ ပါဝင်တဲ့ မဂ္ဂနီစီယမ်၊ သံဓာတ်၊ ကော့ပါး၊ မန်းဂနိစ်၊ ဖိုလိတ်ထ်၊ ဗိုက်တာမင်စီတို့က လိုင်ချီးသီးကို သွေးလည်ပတ်မှုစနစ်အတွက် အသုံးဝင်စေတာပဲ ဖြစ်ပါတယ်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က