ဒီဟင်းပွဲလေးကို ကိုရီးယား ပြည်တွင်းစစ်ကာလတုန်းက အမေရိကန်စစ်သားတွေနဲ့ ကိုရီးယားစစ်သားတွေ စစ်စခန်းအတူတူ ချနေစဉ်တုန်းက အမေရိကန်စစ်သားတွေဆီကရတဲ့ စည်သွပ်ဘူးတို့၊ ဝက်ပေါင်ခြောက်တို့၊ ချိစ်တို့လို ပါဝင်ပစ္စည်းတွေကို ကိုရီးယား Recipe ထဲ ပေါင်းထည့်ပြီး တီထွင်ချက်ပ

ဒီနေ့မှာတော့ ဆောင်းရာသီ ရာသီဥတု ချမ်းအေးနေချိန်မှာ စားလို့ကောင်းတဲ့ အစားအစာလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ကိုရီးယားစစ်တပ်စတိုင် ဝက်စတူးဟင်းပါပဲ။ ဒီဟင်းပွဲလေးကို ကိုရီးယား ပြည်တွင်းစစ်ကာလတုန်းက အမေရိကန်စစ်သားတွေနဲ့ ကိုရီးယားစစ်သားတွေ စစ်စခန်းအတူတူ ချနေစဉ်တုန်းက အမေရိကန်စစ်သားတွေဆီကရတဲ့ စည်သွပ်ဘူးတို့၊ ဝက်ပေါင်ခြောက်တို့၊ ချိစ်တို့လို ပါဝင်ပစ္စည်းတွေကို ကိုရီးယား Recipe ထဲ ပေါင်းထည့်ပြီး တီထွင်ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ အရသာရှိပြီး ပူစပ်ပူလောင် အရသာလေးနဲ့ ဒီဟင်းလျာလေးကို ခံတွင်းတွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

army-stew-paste-590x396.jpg

ပြုတ်ရည်ပြုလုပ်ဖို့အတွက် မှိုခြောက် (၂) ပွင့်ရယ်၊ ငါးပါးနီခြောက် (၈) ကောင်ခန့်၊ ရေညှိခြောက်တစ်ချပ်ခန့်၊ ရေ (၈) ခွက်ခန့်နဲ့ ဆားတစ်ဇွန်းတို့ လိုအပ်ပါတယ်။ ဟင်းနှစ်ပြုလုပ်ဖို့ အတွက်ကတော့ ကြက်သွန်ဖြူ (၆) တောင့်ခန့်၊ ငရုပ်သီးအနှစ် (၁) ဇွန်းခန့်၊ ငရုပ်သီးမှုန့် (၁) ဇွန်းခန့်၊ ပဲငံပြာရည်အကြည် (၁) ဇွန်း၊ သကြား (၁) ဇွန်း၊ ရေ (၂) ဇွန်း လိုအပ်ပါတယ်။

စတူးပြုလုပ်ဖို့အတွက် ဝက် ဝမ်းပျဉ်းသား (၁/၂) ပေါင်ခန့်၊ ကန်စွန်းဥခြောက် ခေါက်ဆွဲ (၂) အောင်စခန့်၊ ဂေါ်ဖီထုပ် (၁) ခွက်စာခန့်၊ အရွယ်တော် ကြက်သွန်နီတစ်လုံး၊ ကြက်သွန်မြိတ် (၂) တောင့်၊ ကင်မ်ချီ (၁/၂) ခွက်ခန့်၊ ပိုလန်ဝက်အူချောင်း (၄) အောင်စခန့်၊ စည်သွတ် ဝက်ပေါင်ခြောက်စဉ်းကော (၄) အောင်စခန့်၊ ကိုရီးယားခေါက်ဆွဲခြောက်ထုပ် တစ်ဝက်ခန့်၊ ပဲပင်ပေါက် (၁) ခွက်ခန့်၊ တို့ဟူး (၁/၂) ခွက်ခန့်၊ စည်သွပ်ပဲစေ့ (၁/၄) ဘူးခန့်၊ ပါးပါးလှီးထားတဲ့ ဆန်ကိတ် (၁၆) ခုခန့်၊ အမေရိကန်ချိစ် အနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

ပြုတ်ရည်ပြုလုပ်ဖို့အတွက်

cheese-590x376.jpg 

ဒယ်အိုးအကြီးတစ်လုံးထဲမှာ ရေရယ်၊ ငါးပါးနီခြောက်ရယ်၊ မှိုရယ်၊ ရေညှိရယ်ကို ရောထည့်ပြီး medium high အပူချိန်လောက်နဲ့ (၂၅) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ ပြီးရင် အိုးထဲကို ဝက်သားကိုပါထည့်ပြီး နောက်ထပ် (၁၀) မိနစ်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ (၁၀) မိနစ်ပြည့်ရင် မီးပိတ်ပြီး ငါးခြောက်၊ ရေညှိနဲ့ မှိုတို့ကို အိုးထဲက ဆယ်ထုတ်ပေးလိုက်ပါ။ မှိုပွင့်လေးတွေကိုတော့ တစ်ကိုက်စာ အရွယ် အတုံးလေးတွေ တုံးပေးလိုက်ပါ။

ပြီးရင် ပြုတ်ရည်နဲ့ ဝက်သားအရောကို ပန်းကန်လုံးအကြီးတစ်လုံုးထဲမှာ ရောထည့်ပေးလိုက်ပါ။ ပြီးမှ ဝက်သားဖတ်တွေကို တခြားပန်းကန်တစ်လုံးထဲကို ပြောင်းထည့်ပြီး ဖယ်ထားပေးလိုက်ပါ။

ဟင်းနှစ် ပြုလုပ်ဖို့အတွက်

armystew_arranged-590x402.jpg 

ကြက်သွန်ဖြူ၊ ငရုပ်သီးအနှစ်၊ ငရုပ်သီးမှုန့်၊ ပဲငံပြာရည်၊ သကြားနဲ့ ရေတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီးရောမွှေပေးလိုက်ပါ။ ပြီးရင် ခနဖယ်ထားလိုက်ပါ။ အိုးတစ်လုံးထဲမှာတော့ ဂေါ်ဖီထုပ်ရယ်၊ ကြက်သွန်နီရယ်၊ ကြက်သွန်မြိတ်ရယ်၊ ဝက်သားဖတ်တွေရယ်၊ မှိုတွေရယ်ကို ထည့်ထားပေးလိုက်ပါ။ ပြီးရင် ကင်မ်ချီကိုပါရောထည့်ပြီး အပေါ်ကနေ ဟင်းနှစ်ဆမ်းပေးလိုက်ပါ။

 

ပြီးရင် စည်သွပ်ဝက်ပေါင်ခြောက်ရယ်၊ ဝက်အူချောင်းကို အတုံးတုံးထားတာရယ်၊ ဆန်ကိတ်တုံးလေးတွေရယ်၊ တို့ဟူးတုံးလေးတွေရယ်၊ စည်သွပ်ဘူးထဲက ပဲစေ့ရယ်၊ အမေရိကန်ချိစ်ရယ်ကို အပေါ်ကနေ အုပ်ပေးလိုက်ပါ။ ပြီးရင် ခေါက်ဆွဲခြောက်နဲ့ ကန်စွန်းဥခေါက်ဆွဲခြောက်ကိုလည်း ထည့်ပေးလိုက်ပါ။ အဲဒီအပေါ်ကမှ ပဲပင်ပေါက် နည်းနည်းအုပ်ပေးပြီးရင်တော့ ခုနကဖယ်ထားတဲ့ ပြုတ်ရည် (၃) ခွက်စာခန့် လောင်းထည့်ပေးလိုက်ပါ။

 

ပြင်ဆင်မှုတွေ ပြီးပြီဆိုရင်တော့ စတင်ချက်ပြုတ်ရပါတော့မယ်။ ခုနက ပါဝင်ပစ္စည်းတွေ ထည့်ထားတဲ့အိုးကို medium high အပူချိန်ရှိတဲ့ မီးဖိုပေါ်မှာ ချက်ပြုတ်ပေးလိုက်ပါ။ (၁၀) မိနစ်ခန့် ကြာလို့ ဆူပွက်လာပြီဆိုရင်တော့ ပါဝင်ပစ္စည်းတွေ သမသွားအောင် ထက်အောက်လှန်ပေးပြီး စတင်စားသုံးနိုင်ပါပြီ။ ဆောင်းတွင်းအေးအေးလေးမှာ မိသားစုနဲ့အတူ၊ သူငယ်ချင်းတွေနဲ့အတူ တစ်ခွက်တစ်ဖလား မော့ရင်း စားလို့ကောင်းတဲ့ ဟင်းလျာလေးတစ်မျိုးပါ။

Source: Maangchi

Share

Loading Next Article...
က္က