ဂျင်းတက်ရဲ့ ရောဂါကုသနိုင်တဲ့ အရည်အသွေးတွေကို သိရှိခဲ့ကြတာ နှစ်ပေါင်းရာချီ ကြာမြင့်ပြီဖြစ်ပြီး လူမျိုးပေါင်းစုံရဲ့ တိုင်းရင်းဆေးတွေမှာလည်း ထည့်သွင်းအသုံးချခဲ့ကြပါတယ်။

ဂျင်းတက်ဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး တိုင်းရင်းဆေးအဖြစ်လည်း အသုံးပြုကြပါတယ်။ ဂျင်းတက်ရဲ့ ရောဂါကုသနိုင်တဲ့ အရည်အသွေးတွေကို သိရှိခဲ့ကြတာ နှစ်ပေါင်းရာချီ ကြာမြင့်ပြီဖြစ်ပြီး လူမျိုးပေါင်းစုံရဲ့ တိုင်းရင်းဆေးတွေမှာလည်း ထည့်သွင်းအသုံးချခဲ့ကြပါတယ်။ ဂျင်းတက်ထဲမှာ မန်းဂနိစ်၊ ကော့ပါး၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် အစရှိတဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်သလို ဗိုက်တာမင် အီး၊ စီ နဲ့ အေ တို့လည်း ကြွယ်ဝပါတယ်။

 

ဂျင်းတက်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေသလို ကိုယ်ခံအားစနစ်ကိုလည်း အတိုင်းအတာ တစ်ခုအထိ တိုးတက်စေနိုင်ပါတယ်။ ဂျင်းတက်ကို အစိမ်းစားလို့ ရသလို ရေနွေးလေးနဲ့ စိမ်သောက်လို့လည်း ရပါတယ်။ အထူးသဖြင့် ဂျင်းပြုတ်ရည်မှာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အာနိသင်တွေ ပါရှိပါတယ်။

၁။ သွေးတွင်းအချိုဓာတ် ထိန်းညှိပေးတယ်

diabetes test.jpg 

လေ့လာမှုတွေအရ ဂျင်းပြုတ်ရည် သောက်ပေးခြင်းဟာ Type 2 ဆီးချိုရောဂါရှိသူတွေအတွက် သွေးတွင်းအချိုဓာတ်ကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး။ ဂျင်းပြုတ်ရည်ထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ငြိမ်သက်စေနိုင်ပြီး အစာချေနှုန်းကိုလည်း ကူညီထိန်းကျောင်းပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။

၂။ ဝိတ်ကျစေတယ်

9.-Aid-In-Weight-Management.jpg 

ခါးဆိုဒ်ပိုကြီးလာလို့ ဘောင်းဘီတွေ မတော်တော့ဘူးလား။ ဘာမှစိတ်မပူပါနဲ့။ ဂျင်းပြုတ်ရည်ကိုသာ သောက်ပေးလိုက်ပါ။ ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်ပေးခြင်းဟာ ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ မနက်မိုးလင်းပြီဆိုတာနဲ့ အစာမစားခင် ဂျင်းပြုတ်ရည်တစ်ခွက် သောက်ပေးမယ်ဆိုရငသ် သွေးတွင်းအချိုဓာတ်ကို ညီမျှအောင် ထိန်းညှိပေးနိုင်ပြီး မိမိကိုယ်ကို အလွန်အကျွံ စားသောက်မိခြင်းမှ ထိန်းချုပ်နိုင်ပါတယ်။

နောက်ပြီးတော့ ခန္ဓာကိုယ်ထဲက ကိုလက်စ်ထရောလယ်ဗယ်ကို ထိန်းညှိပေးခြင်းဖြင့်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။

၃။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေတယ်

Why-Is-Drinking-Cold-Water-Bad-For-You1.jpg 

ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ကို ရေဓာတ် (၇၀) ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့အတွက် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကိုလုံလောက်စွာ သောက်သုံးဖို့လိုအပ်ပါတယ်။ မနက်ခင်းတိုင်းမှာ ဂျင်းပြုတ်ရည် တစ်ခွက်ကို သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အချိန်အတော်ကြာသည်အထိ ရေဓာတ်ပြည့်ဝနေအောင် ကူညီပေးနိုင်ပါတယ်။

ဂျင်းပြုတ်ရည် ပြုလုပ်နည်း

ginger-water_620x350_41516105342 (1).jpg 

ဂျင်းပြုတ်ရည် ပြုလုပ်ဖို့ဆိုရင် ဂျင်းတက်လတ်လတ်ဆတ်ဆတ်ကိုသုံးတာ အကောင်းဆုံးပါပဲ။ ရယ်ဒီမိတ် ဂျင်းမှုန့်တွေကို သုံးလို့လည်း ရတယ်ဆိုပေမဲ့ ဂျင်းတက် လတ်လတ်ဆတ်ဆတ်မှာ အာနိသင်အများဆုံး ပါဝင်ပါတယ်။

ဂျင်းပြုတ်ရည်ပြုလုပ်ဖို့အတွက် အရင်ဆုံး ဂျင်းတက်တစ်ခုကို ရေအေးနဲ့ဆေးလိုက်ပါ။ ပြီးရင် ဂျင်းတက်ကို အမှုန့်ကြိတ်လိုက်ပါ။ ရလာတဲ့ဂျင်းမှုန့်က လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာခန့်ပဲ ရှိရမှာပါ။ ပြီးရင် ရေနွေးပွက်ပွက်ဆူ တစ်ခွက်ထဲမှာ ဂျင်းမှုန့်ကို ဖြူးပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သီးနွေး အပူချိန်လောက် ရောက်သည်အထိ အအေးခံလိုက်ပြီး သောက်သုံးနိုင်ပါပြီ။ အရသာ ပိုမိုကောင်းမွန်ချင်ရင်တော့ သံပရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကိုလည်း ထည့်သွင်းနိုင်ပါတယ်။

Source: Food.ndtv

Share

Loading Next Article...
က္က