ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူအများစု နှစ်သက်စွာသောက်သုံးကြတဲ့ သောက်စရာတစ်မျိုးဆိုတာကို အငြင်းပွားဖွယ် မရှိပါဘူး။

ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူအများစု နှစ်သက်စွာသောက်သုံးကြတဲ့ သောက်စရာတစ်မျိုးဆိုတာကို အငြင်းပွားဖွယ် မရှိပါဘူး။ ဒါပေမဲ့ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ လူတိုင်းနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဥပမာ နှလုံးရောဂါသည်တွေအတွက်တော့ ကော်ဖီခါးခါး သောက်သုံးရန် မသင့်တော်ပါဘူး။



 

ကော်ဖီကို ကျန်းမာရေးနဲ့ ပိုမိုညီညွတ်အောင် နည်းလမ်းရှာဖွေနေတယ်ဆိုရင်တော့ ထောပတ်တစ်ကော်လောက်သာ ထည့်ဖျော်ကြည့်လိုက်ပါ။ ဒီနည်းလမ်းလေးက ကျန်းမာရေးအတွက် ကောင်းမွန်သလို ခါးဆိုဒ်ကိုလည်း လက်ရှိနံပါတ်ကနေ ကိန်းဂဏန်း (၂) ခု၊ (၃) ခုလောက် လျော့ကျသွားစေနိုင်ပါတယ်။

ဖျော်စပ်နည်းကတော့ ကော်ဖီစေ့အကောင်းစားကို အမှုန့်ကြိတ်ထားပြီး ပေါင်းခံစက်နဲ့ သေချာပေါင်းခံရာက ရရှိတဲ့ ကော်ဖီပေါင်းခံရည် (၂) ခွက်ရယ်၊ ထောပတ်သန့် (၂) ဇွန်းခန့်ရယ်၊ အုန်းပင်နဲ့ ထန်းပင်ကနေ ထုတ်ယူထားတဲ့ MCT (medium-chain triglycerides) ဆိုတဲ့ အဆီ (၂) ဇွန်းရယ်ကို ရောမွှေပြီး သောက်သုံးပေးရတာပါ။ ဒီကော်ဖီကို အင်တာနက်ပေါ်မှာ လူကြိုက်များနေပြီး စိတ်ဝင်တစား သောက်သုံးနေကြပါတယ်။

 

သုတေသနအရတော့ MCT ဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေကို လျင်မြန်စွာလုပ်ဆောင်ပေးနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချပေးရာမှာ ထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီးတော့ ထောပတ်သန့်ထဲမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး အဲဒီအက်ဆစ်တွေဟာ ရောင်ရမ်းခြင်းကို လျှော့ချနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အူလမ်းကြောင်းလုပ်ဆောင်မှု၊ ဦးနှောက် လုပ်ဆောင်မှုနဲ့ ခန္ဓာကိုယ်စွမ်းအင်တို့ကို တိုးတက်စေနိုင်ပါတယ်။ ရလာတဲ့ပေါင်းစပ်မှုက အရသာရှိပြီး ခရင်မ်များတဲ့ လက်တီးကော်ဖီလေးနဲ့တောင် တူတယ်လို့ ဆိုကြပါတယ်။ ကော်ဖီစိမ့်စိမ့်လေး တစ်ခွက်သောက်ပြီး ဝိတ်ကျမှာကို မလိုချင်တဲ့သူ ဘယ်သူရှိမလဲ။

ဒီကော်ဖီကို အာဟာရဗေဒ ပညာရှင်တွေကလည်း ထောက်ခံထားပါသေးတယ်။ နယူးယောက်မြို့က အာဟာရဗေဒပညာရှင် Amy Shapiro က "ဒီကော်ဖီဟာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်သလို ခွန်အားတိုးစေတဲ့ မနက်စာကော်ဖီတစ်မျိုးဖြစ်ပြီး ဆာလောင်မှုကို ဖြေဖျောက်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆီပိုတွေကို လောင်ကျွမ်းစေနိုင်တဲ့အတွက် ဝိတ်လည်း ကျစေနိုင်ပါတယ်" လို့ Reader's Digest မဂ္ဂဇင်းကို ပြောကြားသွားပါတယ်။

 

ဒါပေမဲ့ သတိပြုရမှာတစ်ခုတော့ ရှိပါသေးတယ်။ ဒီကော်ဖီထဲမှာ ကယ်လိုရီတွေ အများကြီးပါဝင်တဲ့အတွက် ကျန်တဲ့တစ်နေ့တာလုံးကို အဆီများတဲ့ အစားအသောက်တွေ စားသုံးမယ်ဆိုရင်တော့ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်တကယ်ကျချင်တယ်ဆိုရင် ကျန်းမာညီညွတ်တဲ့ နေထိုင်စားသောက်မှုကိုလည်း ဆက်လက်ထိန်းသိမ်းသွားဖို့ လိုအပ်ပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က