ကမ္ဘာပေါ်မှာ ချက်နည်းပြုတ်နည်း ပေါင်းများစွာရှိပြီး တချို့အစားအစာတွေကိုဆို မိမိရဲ့ဒေသ၊ အရသာနဲ့ ကိုက်ညီအောင် မွမ်းမံပြင်ဆင်ရတာမျိုး ရှိပါတယ်။

ကမ္ဘာပေါ်မှာ ချက်နည်းပြုတ်နည်း ပေါင်းများစွာရှိပြီး တချို့အစားအစာတွေကိုဆို မိမိရဲ့ဒေသ၊ အရသာနဲ့ ကိုက်ညီအောင် မွမ်းမံပြင်ဆင်ရတာမျိုး ရှိပါတယ်။ ဥပမာ အီတလီအစားအစာဖြစ်တဲ့ ပီဇာပေါ်မှာ ကိုရီးယားစာဖြစ်တဲ့ ကင်ချီထည့်သွင်းပြီး စားသုံးကြသလိုပေါ့။ အဲဒီလိုမျိုးပဲ ရုတ်တရက်ကြည့်ရင် ဘယ်လိုမှမအပ်စပ်တဲ့ ပေါင်းစည်းမှုလို့ ထင်ရပေမဲ့ စားလို့ကောင်းတဲ့ အစားအစာပေါင်းစပ်မှုလေးတွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့...



၁။ ပါစတာခေါက်ဆွဲနဲ့ ချိစ်ခရင်မ်

01_Bizarre-Food-Pairings-That-Are-Actually-Really-Delicious_shutterstock-2-760x506.jpg 

ပါစတာခေါက်ဆွဲနဲ့ မရိုးနိစ် တွဲစပ်ထားတာကိုတော့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ခရင်မ်ချိစ်နဲ့ တွဲဖက်စားသုံးဖို့ကိုတော့ စဉ်းစားဖူးမယ်မထင်ပါဘူး။ ခရင်မ်ချိစ်ဟာ ချိစ် (ဒိန်ခဲ) ကို ခရင်မ်ပုံစံဖြစ်အောင် ဖန်တီးထားတာဖြစ်တဲ့အတွက် ပါစတာခေါက်ဆွဲထဲ ရောထည့်ပြီး ရေခဲသေတ္တာထဲမှာ နာရီအနည်းငယ် အအေးခံထားလိုက်မယ်ဆိုရင် ထူးဆန်းတဲ့ macaroni salad တစ်မျိုးကို ရရှိမှာပါ။ စမ်းသပ်စားသုံးကြည့်ပါ။ ထူးခြားကောင်းမွန်တဲ့ အရသာကို တွေ့ရှိရမှာပါ။

၂။ ကိုလာနဲ့ ကြက်သား

02_Bizarre-Food-Pairings-That-Are-Actually-Really-Delicious_shutterstock-2-760x506.jpg

ကြက်ကြော်စားရင်း ကိုကာကိုလာသောက်ဖူးတာတော့ မဆန်းပါဘူး။ ဒါပေမဲ့ ကြက်သားဟင်းထဲကိုကော ကိုလာထည့်ချက်ဖူးလား။ ကိုလာထဲက အက်ဆစ်ဓာတ်ဟာ အသားကို ပိုမိုနူးညံ့စေနိုင်ပြီး အရသာကို ထူးခြားကောင်းမွန်စေပါတယ်။ အရိုးထုတ်ပြီးသား ကြက်သားကို ကိုလာလေးနဲ့ ခနလောက်စိမ်ပြီး ကင်စားကြည့်လိုက်ပါ။ ထူးခြားကောင်းမွန်တဲ့ အရသာကြောင့် နောက်လည်းအမြဲတမ်း စားချင်နေပါလိမ့်မယ်။

၃။ ကြက်ဥနဲ့ မေပယ်လ်သကာရည်

04_Bizarre-Food-Pairings-That-Are-Actually-Really-Delicious_shutterstock-2-760x506.jpg 

မေပယ်လ်ပင်ကထုတ်တဲ့ သကာရည်ကို ကိတ်မုန့်ထဲထည့်ဖုတ်တာတို့၊ အရွက်သုပ်ထဲမှာ dressing အဖြစ် ထည့်တာတို့မှာ သုံးတတ်ကြပေမဲ့ ကြက်ဥနဲ့ ရောနှောစာသုံးးဖို့တော့ တွေးဖူးကြမှာ မဟုတ်ပါဘူး။ ကြက်ဥအနှစ်နဲ့ ပေါင်းစပ်လိုက်ချိန်မှာ မေပယ်လ်သကာရည်ဟာ ထူပျစ်ပြီး အရသာရှိတဲ့ ဆော့စ်တစ်မျိုးဖြစ်သွားပါတယ်။ အဲဒီဆော့စ်ကို ပန်ကိတ်နဲ့ တွဲစားရင် (ဒါမှမဟုတ်) ပန်ကိတ်ကြော်ရာမှာ ထည့်သုံးရင် အကောင်းဆုံးပါပဲ။ ဒါမှမဟုတ် ကြက်ဥမွှေကြော် ကြော်ရင် မေပယ်လ်သကာရည်လေး ထည့်ကြော်ကြည့်လိုက်ပါ။

၄။ မြေပဲထောပတ်နဲ့ ဘာဂါ

05_Bizarre-Food-Pairings-That-Are-Actually-Really-Delicious_shutterstock-2-760x506.jpg 

ပေါင်မုန့်ကို ကြွပ်ကြွပ်လေးဖြစ်အောင် မီးကင်ပြီးမှ သစ်သီးယိုရယ်၊ မြေပဲထောပတ်ရယ်နဲ့ သုတ်စားရတဲ့ PB&J ဆိုတဲ့ ဥရောပစတိုင်လ် မနက်စာလေးကိုတော့ စားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ မြေပဲထောပတ်ကို ဘာဂါထဲမှာထည့်တဲ့ အသားပေါ်မှာ သုတ်လိမ်းပြီးတော့ စားချင်မှ စားဖူးကြမှာပါ။ မြေပဲရဲ့ဆိမ့်တဲ့အရသာလေးက အသားထဲမှာ စိမ့်ဝင်သွားပြီး ထူးခြားတဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ ကယ်လိုရီနည်းနည်း တက်နိုင်တယ်ဆိုပေမဲ့ ခံစားရတဲ့အရသာကတော့ တန်ပါတယ်။

၅။ ဘလူးဘယ်ရီသီးနဲ့ အသားကင်

06_Bizarre-Food-Pairings-That-Are-Actually-Really-Delicious_shutterstock-2-760x506.jpg 

အသားကင် (steak) ဆိုတာ အာလူးထောင်း (mashed potato) ရယ်၊ ဆော့စ်လေးရယ်၊ ဝိုင်နီလေးတစ်ခွက်ရယ်နဲ့ တွဲဖက်ရင် အလိုက်ဖက်ဆုံးပါပဲ။ ဒါပေမဲ့ ဘလူးဘယ်ရီသီးနဲ့ တွဲဖက်ဖို့တော့ စဉ်းစားမိကြမယ် မထင်ပါဘူး။ ဒါပေမဲ့ နောက်တစ်ခါ Beef Steak မှာစားရင် ဘလူးဘယ်ရီသီးတွေ ထည့်ပေးဖို့ တောင်းဆိုကြည့်ပါ။ အသားကင်ရဲ့ ချိုမြိန်မှုဟာ ဘလူးဘယ်ရီသီးရဲ့ ချိုချိုချဉ်ချဉ် အရသာလေးနဲ့ ဘယ်လောက်တောင် လိုက်ဖက်တယ်ဆိုတာကို တွေ့ရှိရမှာပါ။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က