သရက်သီးဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ ရာသီစာသီးနှံတစ်မျိုးဖြစ်ပြီး အာဟာရဓာတ် စုံလင်ကြွယ်ဝတဲ့ သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။

သရက်သီးဟာ အပူပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့ ရာသီစာသီးနှံတစ်မျိုးဖြစ်ပြီး အာဟာရဓာတ် စုံလင်ကြွယ်ဝတဲ့ သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။ "မချစ်စု၊ စိန်တစ်လုံး၊ သုံးလုံးတစ်တောင်" စတဲ့ နာမည်တွေနဲ့ သရက်သီးမျိုးကွဲများစွာရှိပြီး အစိမ်းစားလို့ရသလို မှည့်မှစားလို့လည်း ရပါတယ်။ အရသာရှိတဲ့ သရက်သီးတွေကို စားပေးရင် ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း များစွာရရှိစေနိုင်ပါတယ်။ အဲဒါတွေကတော့...



၁။ ကျန်းမာရေးကောင်းစေတယ်

mango-stock-today-150710-tease_376e85a2c028918cf59a5af9547a66d8.jpg 

သရက်သီးဟာ ဗိုက်တာမင်ကြွယ်ဝတဲ့ သီးနှံတစ်မျိုးဖြစ်တာကြောင့် ကျန်းမာရေးကောင်းမွန်စေဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ သရက်သီးထဲမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ကြွယ်ဝစွာ ပါဝင်သလို သွေးတိုးခြင်းကို ကုသနိုင်တဲ့ အကောင်းဆုံး အိမ်သုံးဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။

သရက်သီးထဲမှာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဆီလီနီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ ဖော့စ်ဖရတ်စ်ဓာတ်တို့ ပါဝင်သလို ဗိုက်တာမင်ဘီစစ်၊ အေ၊ စီ၊ အီး၊ ကေ အစရှိတဲ့ ဗိုက်တာမင်မျိုးစုံလည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။ ဒီလိုအာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် ဗိုက်တာမင်နဲ့ သတ္ထုဓာတ်အားနည်းရာက ဖြစ်တတ်တဲ့ ရောဂါတွေမှ ကာကွယ်ပေးနိုင်သလို ကိုယ်ခံအားမြင့်တက်စေတာကြောင့် ပြင်ပမှ ကူးစက်ရောဂါပိုးတွေ ခန္ဓာကိုယ်တွင်း ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ ကင်ဆာကာကွယ်ပေးတယ်

Breast-Cancer.jpg 

သရက်သီးထဲမှာ သွေးထဲက ကိုလက်စ်ထရောတွေကို လျော့နည်းစေနိုင်တဲ့ pectin ဆိုတဲ့ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ Pectin ဟာ ဆီးကြိတ်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ထင်ရှားတဲ့ ဓာတုပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ မကြာသေးမီက European Prospective Investigation of Cancer က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ သရက်သီးစားခြင်းဟာ ဆီးလမ်းကြောင်းတလျှောက်မှာ ကင်ဆာအကြိတ်တွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်တယ်လို့ ဖော်ထုတ်သိရှိခဲ့ရပါတယ်။

၃။ အစာကြေလွယ်စေတယ်

47.jpg 

သရက်သီးပေါ်ချိန်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ထမင်းစားပြီးတိုင်း သရက်သီးမှည့်လေးနဲ့ အချိုတည်းကြတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ အမျှင်ဓာတ်ကြွယ်ဝမှုနဲ့ အစာချေမှုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်တဲ့ အင်ဇိုင်းတွေပါဝင်မှုတို့က သရက်သီးကို အစာချေအင်္ဂါအဖွဲ့အစည်းအတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သရက်သီးထဲက esters, terpenes နဲ့ aldehydes တို့လို ပါဝင်ပစ္စည်းတွေက အစားစားချင်စိတ်ကို မြှင့်တင်ပေးနိုင်ပြီး အစာချေအင်္ဂါ စနစ်ရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးပါတယ်။

၄။ သွေးအားနည်းရောဂါကို ကုသပေးတယ်

11a6e09d-c924-4301-90c4-1c1925f58c7a.jpg

သရက်သီးဟာ သံဓာတ်ကြွယ်ဝတဲ့ သီးနှံတစ်မျိုးပါ။ ဒါကြောင့် သွေးအားနည်းရောဂါ (anemia) ဝေဒနာရှင်တွေအတွက်တော့ သံဓာတ်ပြည့်ဝစေဖို့အတွက် သရက်သီးက အရေးအကြီးဆုံးပါပဲ။ သရက်သီးကို ပုံမှန်လေးစားပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ် ပမာဏကို တိုးတက်စေနိုင်တဲ့အတွက် သွေးအားနည်းရောဂါသည်တွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။

၅။ ကိုယ်ဝန်သည်တွေအတွက် အကျိုးရှိတယ်

f62231151860373c4a39501ea91d6ba4.png 

ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်နေချိန်မှာ သရက်သီးစားပေးရင် အကျိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သရက်သီးစားခြင်းဟာ ကိုယ်ဝန်လွယ်ထားရချိန် သံဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လို့ပါပဲ။ ဆရာဝန်တွေက ကိုယ်ဝန်ဆောင်မိခင်တွေကို သံဓာတ်အားဖြည့်ဆေးတွေ သောက်ဖို့တိုက်တွန်းကြတဲ့အတွက် အဲဒီလိုဆေးတွေ သောက်မယ့်အစား သံဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ သရက်သီးကို ရွေးချယ်စားသုံးသင့်ပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က