ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ ပန့်ချ်လေး သောက်ကြမယ်

ဆောင်းတွင်းအေးအေးလေးမှာ ရာသီစာလေးလည်းဖြစ်၊ ပန့်ချ်ကိုမှ နှစ်သက်သူတွေအတွက် ရာသီဥတုနဲ့ကိုက်ညီတဲ့ ပန်းသီးနဲ့လိမ္မော်သီးပန့်ချ် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ နွေးနွေးလေးဖြစ်နေတဲ့ ပန့်ချ်ကြောင့် နွေးထွေးမှုကို ခံစားရမှလည်းဖြစ်သလို အရသာကလည်း အံ့သြဖို့ကောင်းလောက်အောင်ကို ကောင်းမွန်တာကိုလည်း ခံစားရမှာ သေချာပါတယ်။ ပန့်ချ်ပြုလုပ်နည်းလေးကို ကြည့်ကြည့်ပါဦး။

 

သစ်သီးဖျော်ရည်တွေနဲ့ ဆက်စပ်ပစ္စည်းအနည်းငယ်ပဲ လိုအပ်တာကြောင့် ကရိကထများခြင်းမရှိပဲ ပြုလုပ်ရ လွယ်ကူသက်သာတာကြောင့် အိမ်မှာ ကိုယ်တိုင်ပြုလုပ်ပြီးတော့ သောက်သုံးသင့်တဲ့ ပန့်ချ်လေးပဲ ဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းများ

လေးညှင်းပွင့် (၈) ခု

ပန်းသီးဖျော်ရည် (၆) ခွက်

 သစ်ကြံပိုးခေါက် (၁)ချောင်း

ဇာတိပ္ဖိုလ်သီး (၁/၄ ဇွန်း)

ပျားရည် (၁/၄ ဇွန်း)

လိမ္မော်ရည် (၃)ဇွန်း

နာနတ်သီးဖျော်ရည် (၁ ၁/၄ ခွက်) တို့ လိုအပ်ပါတယ်။

 

ပြုလုပ်နည်း

ပထမဦးဆုံးအနေနဲ့ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက် အပူချိန်မှာ ထားပြီးတော့ လိမ္မော်ရည် နဲ့ လေးညှင်းပွင့်တို့ကို ရောစပ်ပြီး မိနစ် (၃၀) ခန့် ထားပေးရပါမယ်။ မိနစ်(၃၀)ခန့် ထားပေးနေတဲ့အချိန်မှာတော့ အနည်းငယ်ကျယ်တဲ့ ဒယ်အိုးတစ်လုံးထဲမှာ ပန်းသီးဖျော်ရည် နဲ့ သစ်ကြံပိုးခေါက်တို့ကို ပေါင်းစပ်ပြီးတော့ ဆူပွက်လာသည်အထိ ကျိုပေးပါ။ မီးအားကို အလယ်အလတ်လောက်မှာပဲထားပေးဖို့ မမေ့ပါနဲ့။

 

ဆူပွက်သွားတဲ့အခါမှာတော့ အပူချိန်ကို လျှော့ချပစ်လိုက်ပြီး ဇာတိပ္ဖိုလ်သီး၊ ပျားရည်၊ လိမ္မော်ရည်၊ နာနာရည်တို့ကို ထည့်ပြီးတော့ အားလုံးကို သမသွားအောင် ရောမွှေ ပေးပါ။

 

 ပြီးရင်တော့ အပူချိန်အနည်းငယ်နဲ့ ကျိုပေးပြီး လေးညှင့်ပွင့်လေးတွေ အပေါ်ကို တက်လာပြီဆိုရင်တော့ ပန်းသီးဖျော်ရည်နွေးနွေးလေးနဲ့ Winter Punch လေးကိုရပါပြီ။

Source : food.ndtv

Share

Loading Next Article...
က္က