ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္ထုဓာတ်တွေကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးပါတယ်။

ဖော်ပြပါ အစားအစာတွေဟာ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ပြီးတော့ ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့နေရတာတွေလည်း ဖြစ်ပါတယ်။ အသားငါး နဲ့ ဟင်းသီးဟင်းရွက်များ ချက်ပြုတ်တဲ့အခါမှာ အနည်းငယ်မျှလောက် ထည့်သွင်းချက်ပြုတ်ခြင်းဖြင့် ကျန်းမာရေးကို အကျိုးပြုစေတဲ့အပြင် စားသောက်တဲ့အခါမှာလည်း ပိုမိုပြီးတော့အရသာပေါ်လွင် စေပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္ထုဓာတ်တွေကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးပြီး ရောဂါဘယတို့ရဲ့ ဘေးရန်မှလည်း ကာကွယ်ပေးနိုင်စွမ်းရှိတာမို့ မရှိမဖြစ်၊ မသိမဖြစ် သိထားသင့်တဲ့ အစားအသောက်တွေလည်း ဖြစ်ပါတယ်။



၁။ ဆိတ်နို့ဒိန်ခဲ

 

ဆိတ်နို့ဒိန်ခဲမှာဆိုရင် ပရိုတင်းဓာတ်၊ ကယ်လ်ဆီယမ် နဲ့ နေ့စဉ်လိုအပ်တဲ့ Iron ဓာတ် ၃% ထိ ပါဝ်ပါတယ်။ တချို့သော သုတေသနတွေအရဆိုရင် နွားနို့၊ ဆိတ်နို့တို့ထက် ပိုမိုတဲ့ Iron ဓာတ် များပြားပြီး အရိုးကျန်းမာရေးအတွက် ပိုပြီး အထောက်အကူပြုတယ် လို့လည်း ဆိုကြပါတယ်။ ဒါကြောင့်မို့လို့ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်ကို စားခါနီးတိုင်းမှာ ဆိတ်နို့ဒိန်ခဲလေး ထည့်ပြီး ချက်ပြုတ်ဖို့ မမေ့ပါနဲ့။

၂။ Popcorn

 

Popcorn မှာတော့ ဖိုင်ဘာဓာတ်တွေ အလျှံပယ်ပါဝင်ပြီး နေ့စဉ်စားနေကျ မုန့်တွေရဲ့ ထိပ်ဆုံးမှာထားပြီးတော့ စားသင့်တဲ့ အစားအစာလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရုံထဲမှာ စကားမပြောပဲ Popcorn စားရခြင်းရဲ့ အကြောင်းရင်းဟာ သူ့ရဲ့ အရသာထဲ စိတ်က ပျော်ဝင်နေပြီးတော့ ရုပ်ရှင်ကြည့်ရင်း Popcorn စားရတဲ့ အရသာကို စွဲလမ်းနှစ်ခြိုက်မှု ကြောင့်ဖြစ်ကြောင်း ဆေးသုတေသီတွေက ဆိုပါတယ်။ Popcorn က အာလူးကြော်ထက်ပိုပြီးတော့ စိတ်ကျေနပ်မှုကို ပေးစွမ်းနေပြီး ပုံမှန်မဟုတ်တဲ့ စားသောက်မှု အသံကြောင့် ပိုပြီးတော့ စွဲလမ်းစရာဖြစ်နေပါတယ်။

၃။ အုန်းသီး

 

အုန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။ ပိုတက်စီယမ်ဓာတ် လုံလောက်စွာ ပါဝင်ပြီးတော့ အုန်းရေအနည်းငယ်ထည့်ပြီးတော့ ထမင်းချက်ပြုတ်တဲ့အခါမှာ ကယ်လိုရီကိုတောင် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ အုန်းရေဆိုရင်လည်းပဲ ရေအစားထိုး သောက်သုံးစရာအရည်တစ်မျိုးဖြစ်ပြီးတော့ ဆေးဘက်ဆိုင်ရာပတ်ဝန်းကျင်မှာလည်း အသုံးဝင်ပါသေးတယ်။

၄။ ချင်းတက်

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက ချင်းတက်ကို နေမကောင်းဖြစ်မှု၊ နာမကျန်းဖြစ်မှုတို့မှာ ဆေးဝါးအဖြစ် သုံးစွဲခဲ့ကြပါတယ်။ Beta-carotene နဲ့ Capsaicin တို့ ပါဝင်ပြီးတော့ ခန္ဓာကိုယ်အတွက် အနွေးဓာတ်နဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ ချင်းတက်က အံ့သြဖွယ်ရာ အစွမ်းထက်မြက်ပါတယ်။ ချင်းတက်ကို Freezer ထဲမှာ သိမ်းဆည်းထားသင့်ပြီးတော့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ပြုတ်တဲ့အခါမှာ တစ်စိတ်တစ်ပိုင်းလောက် ထည့်ပြီးတော့ ချက်ပြုတ်စားသောက်သင့်ပါတယ်။

၅။ ပင်စိမ်း

 

Pesto Sauce ဖျော်စပ်တဲ့အခါမှာ ပင်စိမ်းက မပါမဖြစ်ပါပဲ။ ပင်စိမ်းမှာ antioxidant ပါဝင်တာကြောင့် ရောင်ရမ်းမှုတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပြီးတော့ ပင်စိမ်းကို ဟင်းချက်တဲ့အခါမှာ များစွာအသုံးပြုကြပါတယ်။ ပင်စိမ်းထည့်ချက်ခြင်းအားဖြင့် အစားအစာစားသုံးတဲ့အခါမှာ ပိုမိုပြီး မြိန်ယှက်စွာ စားသုံးချင်စိတ် ပေါ်စေနိုင်ပြီးတော့ အစာအာဟာရကို ပြည့်တင်းစေနိုင်ပါတယ်။

၆။ နေကြာစေ့

 

ဗီတာမင် E မြင့်မားစွာ ပါဝင်မှုရှိပြီးတော့ antioxidant လည်း ပါဝင်တာကြောင့် နေကြာစေ့ကလည်း ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ နေကြာစေ့အခြောက် တစ်အောင်စမှာ ဗီတာမင် E ၇.၄ မီလီဂရမ် ပါဝင်ပြီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင် E ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ နေကြာစေ့ကိုတော့ များသောအားဖြင့် မုန့်ပဲသရေစာအဖြစ် စားသုံးကြပြီး နေကြာစေ့မှနေပြီးတော့လည်း အဆီထုတ်ယူပြီး ကျန်းမာရေးနှင့် ညီညွှတ်တဲ့ ဟင်းချက်ဆီအဖြစ်လည်း အသုံးပြုကြပါတယ်။

ှSource : Time

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က